NLD ပါတီ၏ သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင် ကာကွယ်ရန်ကိစ္စ မြို့နယ်သို့ တရားဝင်စာ မရောက်သေးဟုဆို

0
450

သဘာဝ ဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရန်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ထားဝယ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့သို့ တရားဝင်စာ မရောက်သေးကြောင်း မြို့နယ်အလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးက ပြောကြားသည်။


ဖြစ်ပေါ် လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားရန် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့အားလုံးသို့ လိပ်မူသည့်
အကြောင်းကြားစာ တစ်စောင်ကိုဇန်နဝါရီလ ၁၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီမှထုတ်ပြန်ထားပြီး လေးရက်ကြာသည်အထိ တရားဝင်စာ မရောက်သေးခြင်းဖြစ်သည်။

” မြို့နယ်ဥက္ကဋ္ဌ၊ တိုင်းဥက္ကဋ္ဌ တွေလည်းမရှိသေးဘူး။ ကိုယ်စားလှယ်တွေရော အကုန်လုံးစုံညီဆွေးနွေးမယ်။ တရားဝင်စာလည်းမရောက်သေးဘူး” ဟု မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးက ပြောသည်။ဗဟို သဘာဝပတ်ဝန်းကျင်       ထိန်းသိမ်းရေးကော်မတီမှ ထုတ်ပြန်သည့် စာတွင် ပညာရှင်များ၏ တွက်ချက်မှုအရ၂၀၁၆ ခုနှစ်သည် အဆိုးဝါးဆုံး အယ်လ်နီညိုရာသီဥတုနှစ်ဖြစ်ပြီး မုတ်သုန်မိုးဝင်ရောက်မှု နောက်ကျခြင်း၊ ထွက်ခွာမှုစောခြင်း၊ မိုးရွာသွန်းမှု နည်းခြင်း၊ ပူပြင်းခြောက်သွေ့မှုများ လွန်ကဲခြင်း တို့ကြောင့်သောက်သုံးရေရှားပါး ပြတ်လပ်မှုများဖြစ်ပေါ်လာနိုင်သည်ဟု ဖော်ပြပါရှိသည်။
ထိုကြောင့် မိမိတို့မြို့နယ်အတွင်း၌ပြည်သူများအား သောက်သုံးရေများအချိန်နှင့်တပြေးညီ ကူညီပံ့ပိုး    နိုင်ရန်အတွက်ကြိုတင်ပြင်ဆင်ပြုမှုများ     ပြုလုပ်ထားနိုင်ပါရန် အကြောင်းကြား အပ်ပါသည်ဟု အထက်ပါ စာတွင် ပါရှိသည်။

ရေရှားပါးမှုကို မတ်လတွင် စတင်ကြုံတွေ့ရလေ့ရှိသည်။တိုင်းဒေသကြီးအစိုးရကလည်းပြီးခဲ့သည့် ဒီဇင်ဘာလ ကုန်ပိုင်းက
အယ်နီညိုကြောင့် ရေရှားနိုင်သည့် အတွက်စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှု မရှိစေရန် ပြင်ဆင်ထားသင့်ကြောင်း သတိ
ပေးစာတစ်စောင် ထုတ်ပြန်ထားသည်။