မြန်မာအမျိုးသမီး အလုပ်သမားအား ပါးရိုက်သည့် ထိုင်းနိုင်ငံသားအား အလုပ်မှ ယာယီရပ်ဆိုင်း

0
372

မြိတ်မြို့နယ် အင်းလေးမြိုင် စက်မှုဇုန်ရှိ အဆောင်ကောင်းကုမ္ပဏီတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ လကုန်ခန့်က မြန်မာအမျိုးသမီးအလုပ်သမားတစ်ဦးကို
ပါးရိုက်ခဲ့သည့် ထိုင်းနိုင်ငံသားကြီးကြပ်ရေးမှူးအား အလုပ်မှ ယာယီရပ်ဆိုင်းခဲ့ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧည့်သည်တစ်ဦးနှင့် ခေတ္တစကားပြောနေသည်ကို ထိုင်းနိုင်ငံသားကြီး ကြပ်ရေးမှူးကဓာတ်ပုံရိုက်ခဲ့သည့်အတွက် မည့်သည် အတွက်ကြောင့်
ဓာတ်ပုံရိုက်ခဲ့သည်ကို ပြန်လည်မေးမြန်ရာမှ လူအများရှေ့တွင် ပါးရိုက်ခဲ့ခြင်းဖြစ်ကြောင်းပါးရိုက်ခံခဲ့ရသူ မချိုမာသန်းက ပြောပြသည်။
“အမေတောင် တစ်ခါမှမရိုက်ဖူးဘူးရှက်လည်းရှက်မိတယ်”ဟု မချိုမာသန်းက ပြောသည်။ပါးရိုက်ခြင်းခံရသူ ကာယကံရှင် မချိုမာသန်းသည် ယင်းကုမ္ပဏီ၏ ငါးခြောက်ဌာနတွင် ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရသူ (QC) တစ်ဦးဖြစ်ပြီးထိုင်းနိုင်ငံသားက ငါးခြောက်ဌာန၏
ကြီးကြပ်ရေးမှူးဖြစ်ကြောင်း ကုမ္ပဏီမှသိရသည်။

“ထိုင်းနိုင်ငံသားကတော့ နေရပ်ကိုပြန်သွားပါပြီ မန်နေဂျာအစည်း အဝေးရဲ့ဆုံးဖြတ်ချက်အရ အလုပ်ထုတ်လိုက်တယ် လို့ မဟုတ်ပါဘူး ဒီလမှာရမယ့် နှစ်တိုး
ဘော့နပ်ကြေးနဲ့ အလုပ်မှယာယီ ရပ်ဆိုင်းခဲ့တာတို့ကို အရေးယူဆောင်ရွက်ခဲ့ပါတယ်”ဟု အထက်ပါ တာဝန်ရှိသူမှပြောသည်။အဆိုပါ ကုမ္ပဏီတွင် အအေးခန်းစက်ရုံများ၊ ငါးမုန့်ကြိတ်စက်ရုံများ၊ ငါးပုစွန်အဝယ်ဒိုင်၊ပုစွန်ခြောက်၊ ငါးခြောက်လုပ်ငန်း၊ ကဏန်းလုပ်ငန်း၊ ကင်းမွန်ပြုတ်ခြောက်လုပ်ငန်းနှင့် တခြားရေထွက်ကုန်လုပ်ငန်းများ လုပ်ကိုင်နေကာ ထိုင်းနိုင်ငံသားများအပြင်နိုင်ငံခြားသား အများအပြား လုပ်ကိုင်လျက်ရှိပြီး မြန်မာအလုပ်သမား ၂၀၀၀ ကျော်ခန့်လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

မချိုမာသန်းသည် ယင်းကုမ္ပဏီတွင်လခစားဝန်ထမ်းအဖြစ် ၂၀၀၆ ခုနှစ်မှစတင်ဝင်ရောက်လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း မချိုမာသန်းက
ပြောသည်။