ဇမ္ဗူသီရိအဖွဲ့ မြို့တွင်း အလှူခံထွက်မည်

0
610

ငွေကြေး မလုံလောက်မှုများကြောင့် အခက်အခဲအချို့ရှိနေသည့် အပြင်အရေးပေါ်လူနာတင်ယာဉ်တစ်စီး ထပ်မံဝယ်ယူနိုင်ရန်အတွက် ထားဝယ်မြို့
အတွင်း အလှူခံထွက်သွားမည်ဟု ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဦးနိုင်မျိုးသွင်က ပြောကြားသည်။

လုပ်ငန်းလိုအပ်ချက်အရ လူနာနှစ်ဦး တင်ဆောင်နိုင်သည့် သိန်း ၂၂၀ခန့်တန်ဖိုးရှိ လူနာတင်ယာဉ်တစ်စီး ထပ်မံဝယ်ယူနိုင်ရန် ဇန်နဝါရီလ ကုန်ပိုင်း
တွင် ရန်ပုံငွေအတွက် အလှူခံထွက်ရန် စီစဉ်ထားကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ဇန်နဝါရီလ ၂၉၊ ၃၀ နှင့် ၃၁ ရက်နေ့များတွင် ထားဝယ်မြို့အတွင်း နံနက်
ခုနှစ်နာရီမှ ညကိုးနာရီခွဲအထိ အကယာဉ်များဖြင့် အလှူခံထွက်သွားမည်ဖြစ်ကြောင်း ဦးနိုင်မျိုးသွင်က ဆက်ပြောသည်။

ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်အတွင်း ထားဝယ်ဒေသအတွင်း လူနာဦးရေ ၄၁၈ ဦးနှင့် ထားဝယ်မှ
ရန်ကုန်သို့ လူနာဦးရေ ၃၁ ဦး ကူညီသယ်ယူခဲ့ကြောင်း ယင်းအဖွဲ့မှတ်တမ်းများအရ သိရသည်။