မြိတ်အခြေစိုက် ဇာတ်သဘင်တစ်ခု နာမည်ကျော်အနုပညာရှင် များဖြင့် ပရိသတ်စိတ်ဝင်စားမှုရရန် ကြိုးပမ်းလာ

0
444

အဓိကအားထားရသည့် နယ်ပရိသတ်ပင် စိတ်ဝင်စားမှု နည်းလာသည့် အတွက် မြိတ်အခြေစိုက် ဇာတ်သဘင်တစ်ခုက နာမည်ကျော် အနုပညာရှင်များကို ငှားရမ်းပြီး ပရိသတ် စိတ်ဝင်စားမှု ရအောင်ကြိုးပမ်းလာသည်။

ယခင်က လောင်းကစားဝိုင်းများကို အားပြုကာ ဇာတ်သဘင်များခေတ်ကောင်းခဲ့သော်လည်း လောင်းကစားဝိုင်းများကိုခွင့်ပြုချက် မပေးတော့သည့် နောက်ပိုင်းတွင် ဇာတ်သဘင်ကို စိတ်ဝင်တစားကြည့်ရှု့သူပရိသတ်တဖြည်းဖြည်း နည်းပါးလာကြောင်း ရွှေပိုးဇာတ်သဘင်အဖွဲ့မှ ဦးပေါက်ကျော်က ပြောသည်။

myeik_play
“ဒီအတိုင်း ဆက်ပြီးဖျော်ဖြေ ကပြနေရင်တော့ ပရိတ်သတ်အားပေးမှုတွေက ပိုပြီးလျော့နည်းဖို့ပဲရှိတော့တယ်၊ နောက်
ပြီး ခေတ်စနစ်အရ လက်ရှိကာလမှာ ဇာတ်ပွဲတွေကို အရင်တုန်းကလိုမျိုး အားပေးမှုတွေက မရှိတော့တာကြောင့်
မြို့ပေါ်ထက် နယ်ဘက်ကိုပဲ အားကိုးပြီး နိုင်ငံကျော် အဆိုတော်များနှင့် ဗွီဒီယို သရုပ်ဆောင်များကို ထည့်သွင်း ငှားရမ်း
အသုံးပြုလာ ရတာ”ဟု အောင်ပွဲသဘင်မှ မန်နေဂျာ ဦးနိုင်က ပြောသည်။
ကနဦးအနေဖြင့် ဘုရားပွဲတစ်ပွဲမှာ နိုင်ငံကျော် အဆိုတော် ပိုင်သက်ကျော်ကို အစမ်းသဘောနဲ့ငှားရမ်းပြီး ဖျော်ဖြေခဲ့ရာ ပရိတ်သတ်စိတ်ဝင်စားမှုတွေ ပြန်ရလာ သဖြင့်နယ်ပွဲများတွင်နာမည်ရ အဆိုတော်
နှင့် ဗွီဒီယို သရုပ်ဆောင်များကို ငှားရမ်း ပြီး ဆက်လက် ကပြသွားရန် ပြင်ဆင်နေသည်ဟု ဦးနိုင်က ပြောသည်။
မြိတ်မြို့တွင် ဇာတ်သဘင်အဖွဲ့ ၅ဖွဲ့ရှိသည်။