ရေနံလုပ်ကွက် လေ့လာရေးဧရိယာတွင် ငါးမဖမ်းကြရန် သတိပေးချက် ထုတ်ပြန်

0
428

မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ရှိ AD-5 နှင့် A-7  ရေနံလုပ်ကွက်များတွင်Woodside Energy(Myanmar) Pte
Ltd.(Woodside) မှ သုံးဖက်မြင် ဆိုက် စမစ် လေ့လာရေး ဆောင်ရွက်ရန်အတွက် လေ့လာရေးလုပ်ရန် သတ်မှတ်ထားသည့်
ဧရိယာအတွင်း ငါးမဖမ်းကြရန် ရေကြောင်းသတိပေးချက် ထုတ်ပြန် ထားကြောင်း ယင်းကုမ္ပဏီမှ ဖြန့်ဝေသည့်လက်ကမ်းစာစောင်အရ သိရသည်။


ယင်းလေ့လာရေးအား ဧရာဝတီ တိုင်း ကမ်းလွန်ဒေသ အနောက်ဘက် အနီးဆုံး ၄၀ ကီလိုမီတာခန့်အကွာရှိ ၁၄၂၀၀ စတုရန်းကီလိုမီတာခန့်ရှိသည့် ဧရိယာအတွင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး လေ့လာရေး အစီအစဉ်အား ၂၀၁၅ နိုဝင်ဘာ လကုန်ခန့်မှ ၂၀၁၆ ဧပြီလကုန်ခန့် အထိ ပြုလုပ်မည်ဖြစ် ကြောင်း ယင်းလက်ကမ်းစာစောင်တွင် ဖော်ပြသည်။
ယင်းဧရိယာအတွင်း၌ ငါးအထိအမိ များသည့်အတွက် နွေရာသီတွင်ထားဝယ်ဒေသမှ လှေအစီးရေ ၁၀၀ခန့်
အထိ သွားရောက် ငါးဖမ်းလေ့ရှိသည်ဟုဒေသခံ ရေလုပ်သားများထံမှ သိရသည်။