ရာဘာဈေးကျသောကြောင့် ခြံလုပ်သားများ အခက်တွေ့

0
420

ရာဘာဈေးများ ဆက်တိုက်ကျ နေမူကြောင့် ရာဘာခြံ အလုပ်သမား အများစု၏ မိသားစုများမှာ စားဝတ် နေရေး အခက်အခဲရှိလာသည် ဟု ရာဘာခြံ အလုပ်သမားအချို့ထံမှ သိရသည်။

rubber_kt
ရာဘာဈေးမှာ ယခုအချိန်တွင် တစ်ကီလို ၂၈ ဘတ်သာ ရှိသောကြောင့် အငှားခြစ်ရာဘာခြံအလုပ်သမား တစ်ဦး ၏တစ်နေ့ဝင်ငွေငါးထောင်သာ ရှိသဖြင့် စားဝတ်နေရေး မလောက်ငှတော့ကြောင်း ဘန်းကချွန်ကျေးရွာတွင် နေထိုင်သည့် ရာဘာခြံလုပ်သား ဦးရွှေဂဲက ဆိုသည်။
ညလုံးပေါက် ရာဘာခြစ်တာ ၁၀ ပြားရရင် အလုပ်ရှင်မှ ၆ ပြား၊ အလုပ် သမားမှ ၄ ပြား ရရှိပြီး ၃ ရက်ခြစ်ပြီး တစ်ရက် နားရကြောင်း ၎င်းကဆိုသည်။
“နေ့တိုင်းခြစ်လို့ မရဘူး”ဟု ဦးရွှေဂဲ ကဆိုသည်။

ရာဘာဈေးက လွန်ခဲ့တဲ့ ၃ နှစ် လောက်က တစ်ကီလို ဘတ် ၁၀၀ မှ တဖြည်းဖြည်းကျလာတာ ယခုလ အတွင်း ၂၈ ဘတ်သာ ဈေးရှိတော့ကြောင်း မလိဝမ်းကျေးရွာရှိ ရော်ဘာ အဝယ်ဒိုင် တစ်ခုထံမှ သိရသည်။

“ရာဘာကို ထိုင်းဘက်က အဝယ် ရပ်ထားလို့ အစေးဈေးတွေ ကျလာ တာလည်း ပါတယ်” ဟု အဝယ်ဒိုင် တာဝန်ရှိသူ ကဆိုသည်။
ကော့သောင်းဒေသတွင်းထွက် ရာဘာများကို ထိုင်းသို့အဓိက တင်ပို့ ရောင်းချသည်။