ယခုနှစ် ရေရှားနိုင်၊ သက်နု စပါး ပြောင်း စိုက်သင့်ဟုဆို

0
437

ယခုနှစ်တွင် အယ်နီညိုကြောင့် ရေရှားနိုင်သည့်အတွက် လယ်သမား များအနေဖြင့် သက်နုစပါး ပြောင်းစိုက် သင့်ကြောင်း တိုင်းအစိုးရနှင့် တိုင်းဒေသကြီး လယ်ယာ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြော သည်။

မိုးလေ၀သ ခန့်မှန်းချက်များအရ အယ်နီညိုအားကောင်းနိုင်သည့် အတွက် မိုးနည်းကာ မြေပေါ်ရေများ ခမ်းခြောက် နိုင်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရန် ခရိုင်အုပ်ချုပ်ရေး ရုံးများမှတစ်ဆင့်သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ တောင်သူများ သိရှိနိုင်စေရန် သတိပေးစာကို ဒီဇင်ဘာလကုန်ပိုင်းက ထုတ်ပြန်ထားသည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းက ပြောကြားသည်။
“မိုးနည်းမယ်။ ဒါကြောင့် သက် တမ်းရင့် စပါးတွေထက် သက်တမ်းနု စပါးတွေကိုပဲ စိုက်သင့်တယ်။ ဆုံးရှုံးမှု မများအောင်လို့။ ပြီးတော့ ဆည်ရေ ရနည်းမယ်။ အဲဒါတွေကို အသိပေး ထားပါတယ်”ဟု ဦးကျော်စွာထွန်းက ပြောသည်။
water_for_plantation
သောက်သုံးရေအတွက်ကိုမူ လတ် တလောတွင် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေးဟု ၎င်းက ဆိုသည်။
၂၀၁၆ ခုနစ်တွင် ဇွန်လ အထိ အကျိုးသက်ရောက်မှု ရှိနိုင်သည့် အင် အားအကောင်းဆုံး အယ်လ်နီညိုကို ရင်ဆိုင်ရ မည်ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောဆို ထားသည်။

၎င်းအပြင် ရေရှားပါးမှုသည်လည်း အဆိုးဆုံးနှစ်ဖြစ်နိုင်သည်ဟု ဦးထွန်းလွင် က ရီပျေ သတင်းဌာနနှင့် အင်တာဗျူး တွင် ပြောဆိုထားသည်။
“တိုင်းအစိုးရကပို့တဲ့ စာရပါတယ်။ လယ်သမားတွေကို ရေသေချာတဲ့နေရာ ဥပမာ ချောင်းပိတ်မြောင်းပိတ်တွေလို မျိုးကရနိုင်တဲ့ရေနဲ့ ချိန်ပြီးစိုက်ဖို့ ပြော ထားတယ်။ ဧကအများကြီး မစိုက်ဘဲနဲ့ အချိန်အဆနဲ့ စိုက်ဖို့ ပြောထားတာ ရှိ တယ်”ဟု တိုင်းဒေသကြီး လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ စိုက်နေသည့် နွေစပါးကို သက်တမ်းနုစပါး၊ အဓိက အားဖြင့် ရေသုံးရနည်းသည့် စပါးအမျိုးအစားကို စိုက်ပျိုးရန် လယ်သမားများနှင့် တွေ့ဆုံ သည့် နွေစပါး စိုက်ပျိုးရေးပညာပေးပွဲ များတွင် ထည့်သွင်းဟောပြောနေသည် ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုင်းအစိုးရက သတိပေးတဲ့ စာတော့ မသိဘူး။ ရေဒီယိုတွေမှာတော့ အယ်နီညိုနဲ့ ပက်သက်ပြီး ကြားမိတယ်။ ရေရှားမယ်ဆိုပြီးတော့”ဟု မောင်မယ် ရှောင်ရွာက လယ် ၅ ဧက ပိုင်တဲ့ လယ်သမားတစ်ဦးက ပြောသည်။

ယခင်က သက်ကြီးစပါးကို အများ စု စိုက်ပျိုးကြသော်လည်း လက်ရှိတွင် သက်လတ်စပါးကိုသာ အစိုက်များ လာသည်ဟု အထက်ပါ လယ်သမားက ပြောသည်။
“ဒီနှစ်လည်း ရေရှားမယ်ဆိုတော့ သက်ငယ်စပါးတွေ ပြောင်းစိုက်ရမှာပေါ့။ ဒါပေမယ့် ဒေသနဲ့ ကိုက်ညီဖို့လည်း လိုအပ်သေးတယ်”ဟု ၎င်းက ဆိုသည်။
မောင်မယ်ရှောင်နှင့် ဇဟာကျေးရွာ ဒေသခံများသည် ရေရရှိသည့်အပေါ် မူတည်၍ သက်ကြီးစပါးအမျိုးအစား ဖြစ်သည့် ကမာကြည်၊ သက်လတ်စပါး ဖြစ်သည့် ခိုင်ရွှေဝါနှင့် သက်ငယ်အမျိုး အစားဖြစ်သည့် ကျွန်းရွေဝါစပါးများကို စိုက်ပျိုးလေ့ရှိကြကြောင်း သိရသည်။