အကြွေးတောင်းသည့် ကိစ္စဖြင့် သေနတ်ပစ်ခတ်မှု အခင်းဖြစ်ချိန်တွင် အကြွေးရှင်မရှိဟုဆို

0
493

ထားဝယ်ခရိုင် တောင်သုံးလုံး ကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်က ဖြစ်ပွားသည့် အကြွေးတောင်းယူသည့် ကိစ္စဖြင့် သေနတ်ပစ်ခတ်မှု အခင်းဖြစ်ချိန် တွင် အကြွေးရှင်မရှိဟု အကြွေးရှင်ဖြစ်သူ ဒေါ်အေးအေးသိန်းက ပြောသည်။

တနင်္သာရီ အပတ်စဉ်အတွဲ ၃ အမှတ် ၂၇ ပါ “တောင်သုံးလုံး ကျေးရွာ တွင် အကြွေးတောင်းသည့် ကိစ္စဖြင့် သေနတ် ပစ်ခတ်မှု ဖြစ်ပွား” သတင်းပါ အကြွေး တောင်းရာမှ သေနတ်ပစ်မှု ဖြစ်ပွားသည့် အခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြွေး တောင်းခံရသူ မဝင်းသိန်း၏ ပြောကြား ချက်တွင် ” KNU ဝတ်စုံဝတ်ထားသည့် အကြွေးရှင် အမျိုးသမီးက ကျန်ခဲ့သည့် သမီးလေးကို ပစ်သတ်ဟု အမိန့်ပေးနေ သည်ကို တွေ့ရသည်” ဟူသည့် အချက် နှင့် ပတ်သက်ပြီး အကြွေးရှင်ဖြစ်သူ ဒေါ်အေးအေးသိန်းက ယင်းသို့ တုန့်ပြန် ပြောခြင်း ဖြစ်သည်။

“အဲဒီနေ့က ကျွန်မ ကျောက်မဲတောင် ကို အလှူလုပ်ဖို့ ရောက်နေတာပါ၊ သက် သေတွေ အများကြီးရှိပါတယ်”ဟု ဒေါ်အေး အေးသိန်းက ဆိုသည်။
အဆိုပါ အခင်းဖြစ်စဉ်နှင့် ပတ် သက်ပြီး မျက်မြင်၏ ပြောကြား ချက်နှင့် မဝင်းသိန်း၏ ပြောကြားချက်မှာ ကွဲလွဲ လျက်ရှိသည်။