လိုင်စင်မဲ့ အရက်ဆိုင်များအား ဖမ်းဆီးမည်

0
562

အသစ်ပြင်ဆင်ထားသည့် ယစ်မျိုး လိုင်စင် ဥပဒေ သစ်အရ ထားဝယ်မြို့ရှိ လိုင်စင်မဲ့ အရက်ဆိုင်များအား ဇန်နဝါရီ လ ၁၄ ရက်မှ စတင်ကာ ဖမ်းဆီး အရေးယူသွားမည်ဟု ထားဝယ်မြို့၊ မြို့မ ရဲစခန်းမှ သိရသည်။

ဇန်နဝါရီလ ၇ ရက်တွင် ကြက်စား ပြင်ရပ်ကွက် ဓမ္မရုံတွင် အရက်ရောင်းချ သူ ၇၀ ဦးခန့်အား တွေ့ဆုံကာ အသစ် ပြင်ဆင်ပြဋ္ဌာန်းထားသည့် ယစ်မျိုးဥပဒေ အား ရှင်းလင်းချပြ အသိပေးခဲ့ကာ ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ များတွင် ဇန်နဝါရီလ ၁၃ ရက် အထိ ဆက်လက် ရှင်းပြသွားမည်ဟု ထားဝယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦး ကဆိုသည်။

“ယစ်မျိုးလိုင်စင်မရှိတဲ့ ဆိုင်တွေ ထိထိရောက်ရောက် အရေးယူသွားတော့ မယ်” ဟု စခန်းမှူးက ပြောသည်။
ယစ်မျိုးလိုင်စင်အသစ် ချထား ပေးခြင်းမရှိဘဲ ဖမ်းဆီးမည်ဟု စီစဉ် ဆောင်ရွက်ခြင်းမှာ မှန်ကန်သည့် အဖြေ တစ်ခုမဟုတ်ဟုထားဝယ်မြို့ခံ ကိုသိုက် က ဆိုသည်။
“ဌာနဆိုင်ရာတွေ ညှိနှိုင်းပြီး လုပ် ပေးသင့်တာတွေ လုပ်ဆောင်ပေး သင့် တယ်” ဟု ကိုသိုက်က ပြောသည်။

လိုင်စင်အသစ်ချထားပေးမည် ဆိုပါက လိုင်စင်လျှောက်သွားမည်ဖြစ်ပြီး ယခုအချိန်တွင် လိုင်စင်မရှိသည့်အတွက် အလုပ်ရပ်နား ရမည်ဖြစ်ကာ လုပ်ငန်း ရပ်နားပါက မိသားစု စားဝတ်နေရေးနှင့် ကလေးများ ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်လာနိုင်သည်ဟု ထား ဝယ်မြို့လမ်းမသစ်တွင် ထန်းရည်ဆိုင် ဖွင့်လှစ်ရောင်းချနေသည့် အသက်၃၀ အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

” ဒီအလုပ်နားပြီး ပန်းရံဖြစ်ဖြစ် ထွက်လုပ်ရင် မိသားစုစားဝတ်နေရေး အတွက် လုံလောက်မှာ မဟုတ်ဘူး ထင် တယ်” ဟုယင်းအမျိုးသမီးက ပြောသည်။
ပြည်ပနိုင်ငံများသို့ထွက်ပြီး အလုပ် မလုပ်ချင်သည့်အတွက် မြန်မာနိုင်ငံ အတွင်း မိသားစုစားဝတ်နေရေး အဆင် ပြေစေရန် ရှာဖွေစားသောက်နေရချိန် တွင် လိုင်စင်မရှိသည့်ဆိုင်များကို ဖမ်းဆီး မည်ဆိုပါက လိုင်စင်အသစ်ချထားပေး ပြီးမှ ဖမ်းဆီးသင့်သည်ဟု အသက် ၄၀ အရွယ် ထန်းတက်သမားတစ်ဦးက ဆို သည်။

” ဘယ်လို လုပ်ရမှန်းတောင် မသိ တော့ဘူး” ဟု အဆိုပါ ထန်းတက်သမား ကပြောသည်။
အသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ယစ်မျိုးဥပဒေအရ လိုင်စင်မဲ့ အရက်ဆိုင် ဖွင့်သူများကို ထောင်ဒဏ် ၆ လမှ ထောင်ဒဏ်၂နှစ်အထိသော် လည်းကောင်း၊ ဒဏ်ငွေ ၁၀သိန်းကျပ်မှ သိန်း ၂၀ ကျပ် အထိ လည်းကောင်း ပြစ်ဒဏ်ချမှတ် နိုင်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ထားဝယ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ယစ်မျိုး လိုင်စင်အသစ်ချထားပေးခြင်း မရှိဘဲ လိုင်စင်သက်တမ်းတိုးပေးခြင်းသာ ဆောင်ရွက်ပေးလျက်ရှိကြောင်း အထက် ပါရုံးမှ စုံစမ်းသိရှိရသည်။