ကောက်လှိုင်းစည်း ၆၀၀ မီးလောင်ကျွမ်းမှု ဖြစ်ပွား

0
400

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာတွင် ဇန်နဝါရီလ ၇ ရက်၊ နံနက် ၁၂ နာရီခန့်က လယ်ကွက် အတွင်းရှိ ကောက်လှိုင်းစည်း ၆၀၀ မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြိတ် ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၉ သိန်း ခန့်ရှိပြီး လယ်ကွက်အနီးဖြတ်သွားဖြတ် လာသူတစ်ဦး၏ ပေါ့ဆမှုကြောင့် ကောက် လှိုင်းများ မီးလောင်ကျွမ်းခဲ့ရသဖြင့် မီးလောင်မှုအား အမှုဖွင့် အရေးယူဆောင် ရွက်ထားခြင်းမရှိကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကို ကျွဲကူးနယ်မြေမီးသတ်စခန်းမှ မီးငြိမ်း သတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၆ ဦးတို့ဖြင့် ၁၂နာရီခွဲအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။