လူမှန် နေရာမှန် ဖြစ်စေချင်

0
423

တိုင်းပြည်ရဲ့ ၇၅ ရာခိုင်နှုန်း လောက်ရှိတဲ့ ပြည်သူတွေကတော့ မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ရင်ခုန်နေကြတယ်။ ရွေးကောက်ပွဲ မဲပေး ပြီးကတည်းက ပြောကြ၊ ဆိုကြ၊ ရေးကြ၊ ဟောကြနဲ့ အင်တိုက်အားတိုက် ရွှေ့နေကြ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ် စားလှယ်လောင်းတွေကို ပြောကြားချက်၊ ဆိုက္ကားဆရာတွေကို ပြောကြားချက်၊ ဘဘဦးတင်ဦးရဲ့ ပြောကြားချက်တွေ ကြောင့် ပြည်သူတွေကြား ဝမ်းမြောက် ကြည်နူးကြတာတွေ တွေ့ရတယ်။

အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးစတဲ့ မဏ္ဍိုင်ကြီး ၃ရပ်ကို ဘယ်တော့လွဲပြောင်းမလဲ။ ဘယ်လို လွှဲ မှာလဲဆိုတာကလည်း ရင်ခုန်စရာပါ။ ပြီး တော့ဒီလိုလွှဲခဲ့ရင်ဘယ်သူတွေနဲ့ လက်ခံ မလဲဆိုတာကလည်း နောက်ဆက်တွဲ စဉ်းစားစရာ။ လူထုခေါင်းဆောင်ဖြစ်တဲ့ အမေစုအနေနဲ့အကောင်းဆုံး ရွေးချယ် မယ်ဆိုတာ အားလုံးလည်းသိထားကြ တယ်။
ကျွန်တော်တို့ ရွှေပြည်ကြီးမှာက အားလုံး သိတော်မူတဲ့အတိုင်း ပြဿနာက မရေနိုင်အောင် ရှိနေတာပါ။ ဥုံဖွ… ပျောက်ဆိုပြီး လုပ်လို့မရတာ သေချာ တယ်။ အနည်းဆုံးနှစ်ပေါင်း ၂၀လောက် ကျုံးရုန်းလုပ်နိုင်မှ တော်ကာကျမှာပါ။
right_people_right_position
ပြည်သူတစ်ယောက်အနေနဲ့ အုပ် ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး တွေမှာ ဝင်ရောက်ပြောဖို့ကလည်း အတော် ခက်တယ်။ အင်မတန်မှ အရေးပါတဲ့ တရားသူကြီးချုပ်တို့ ၊ ရှေ့နေချုပ်တို့၊ စာရင်းစစ်ချုပ်တို့ဆိုတာ ကိုယ်က လက် လှမ်း မမီပြန်ဘူး။
သူငယ်ချင်းတစ်ဦးက ပြောတယ်။ မဲပေးတုန်းက တာဝန်ကျေခဲ့တယ်။ အခု ကိုယ်စားလှယ်တွေ လုပ်ရမယ့် အလှည့် ပဲတဲ့။ ကျွန်တော်စဉ်းစားကြည့်တယ်။ တိုင်းပြည်ဖွံ့ဖြိုးရေးကို ကိုယ်စားလှယ်တွေ ချည်းလုပ်လို့ရလား။ မဖြစ်နိုင်ဘူး။ ရွေး ကောက်ပွဲကာလမဲပညာပေး လုပ်ငန်းတွေ၊ စောင့်ကြည့်ရေး လုပ်ငန်းတွေလုပ်ခဲ့တဲ့ အစ်ကိုတွေကို မေးကြည့်တော့ အလုပ် မရှိဘူး၊ အေးဆေးပဲတဲ့။

ကျွန်တော်တို့ ပြည်သူတွေ ပါလို့ ရတဲ့နေရာတွေ မရှိတော့ဘူးလား။ ဘာတွေလုပ်စရာရှိလဲ။ တက်ကုန်ရွက် လွှင့်ခဲ့လို့မောပြီးနားနေ ကြတာလား။ တက်လာတဲ့ အစိုးရကို ဘယ်လို ဝိုင်းကူ ကြမလဲ။ ဘာတွေပေါင်းလုပ်မလဲ။ ဘယ် လိုတွေ စောင့်ကြည့်မလဲ။ လူထုရဲ့အားကို ဘယ်လိုပြမလဲ။ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို ဘယ်လိုရယူမလဲ။ အများ ကြီး တွေးမိတယ်။

မြန်မာတစ်ပြည်လုံး ဖွတ်ဖွတ်ညက် ညက်ကြေနေတာ လူတိုင်းသိတယ်။ တနင်္သာရီတိုင်းကြီးမှာလည်း ဆီအုန်း၊ ရာဘာ၊ ရေနက်ဆိပ်ကမ်း၊ မြို့ပြတိုးချဲ့ဖို့၊ ခရီးသွားလုပ်ငန်းလို ဖွံHUဖြိုးရေးခေါင်းစဉ် တွေနဲ့ မြေတွေကိုစစ်တပ်၊ အစိုးရ ကုမ္ပဏီ တွေက သိမ်းထားတယ်။ ပင်လယ်ပြင်က ရေလုပ်ငန်းက ပျက်လုလုဖြစ်နေပြီး ကုန်း ပေါ်မှာ သတ္ထုတူးလို့၊ သစ်ခုတ်လို့ ကြုံနေ ရတဲ့ ပြဿနာတွေ၊ ပညာရေးက နိမ့်ကျ၊ ကျန်းမာရေးက အခက်တွေ့၊ လျှပ်စစ်မီး ကမိုးပေါ်က ဈေးနဲ့ ပေးနေရတယ်။ ပြော လို့ကုန်မှာ မဟုတ်ဘူး။

ဒါကြောင့် ကျွန်တော်တို့ ပြည်သူ တွေ ဝင်ပါသင့်ပြီး ဝင်ပါလို့ရတဲ့ နေရာ တွေကို စဉ်းစားမိတယ်။
ပထမဆုံးစဉ်းစား မိတာက ကော်မ ရှင်တွေပါ။ ရွေးကောက်ပွဲ ကော်မရှင်။ နောက် ၅နှစ်အတွက် အရေးကြီးဆုံး ဒိုင်လူကြီးပါ။ ဦးတင်အေး( ဥက္ကဋ္ဌ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်)ကလည်း မလုပ်တော့ဘူး၊ နားမယ်လို့ ဆိုတယ်။ ဒါဆိုတစ်နွယ်ငင်တစ်စင်ပါ။ တိုင်းကော်မရှင်၊ ခရိုင်ကော်မရှင်၊ မြို့နယ်၊ ရပ်^ကျေးတွေ ပြောင်းမယ်။ အဆင့်ဆင့်ပြန်လည် ဖွဲ့စည်းတဲ့အခါ ပြည်သူ ယုံကြည်အားကိုးရတဲ့မြို့မိမြို့ဖ၊ ရပ်မိရပ်ဖအစစ်တွေ ပါစေချင်တယ်။ အားလုံးဝိုင်းဝန်း တိုက်တွန်းကြပါ။

ထိုင်းလူ့အခွင့်အရေး ကော်မရှင် ဆိုရင် အတော်ကို လေးစားဖို့ ကောင်း တယ်။ ကော်မရှင်မှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်ကြီးများကလည်း ထိုင်းတစ်နိုင်ငံ လုံးလေးစားအားထားတဲ့ လူတွေ။ ထားဝယ်က သွားတိုင်တာတောင် အရေး တယူ လက်ခံပေး၊ နားထောင်ပေးပြီး အုပ်ချုပ်နေတဲ့အစိုးရကို ဆင့်ခေါ်ပြီး မေး လေရဲ့။ ဒီလိုလူ့အခွင့် အရေးကော်မရှင် မျိုး မြန်မာပြည်မှာ ရှိသင့်နေပြီ။ မြန်မာ့ လူ့အခွင့်အရေး ကော်မရှင်ရုံးကို အခု နေပြည်တော်သာမက ရန်ကုန်၊ မန္တလေး မှာ ထပ်ချဲ့ဖွင့်မယ်။ မကြာမီ တနင်္သာရီ တိုင်းဒေသကြီးရောက်မှာပဲ။ သင့်တော် သူတွေ စဉ်းစားထားသင့်တယ်။ အခု လည်း လူ့အခွင့်အရေးလုပ်နေတဲ့ ဒေသခံ တွေ ရှိတယ်။

ပြီးတော့ ကော်မတီတွေ အမျိုးမျိုး ရှိတယ်။ စာရွက်ပေါ်မှာ ရှိနေရုံ မဖြစ်ပါ။ တရားဥပဒေ စိုးမိုးရေးကော်မတီ၊ အကျင့် ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မတီ၊ မြေယာအငြင်းပွားမှု စုံစမ်းစစ်ဆေးရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ကော်မတီဆိုပြီး အစုံရှိ တယ်။ ဒီကော်မတီတွေကို အသက်သွင်းဖို့ လိုတယ်။ ရေးရာတွေ မနည်းပါဘူး။ စစ် အစိုးရခေတ်လို ဗိုလ်ချုပ်ကြီးက စစ်တိုင်း မှူး၊ ဇနီးကရေးရာဥက္ကဋ္ဌ၊ သားသမီး တွေက ကုမ္ပဏီပိုင်ရှင်တွေ ဆိုတာမျိုး မဖြစ်စေချင်တော့ဘူး။ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ မလုပ်စေချင်တော့ပါ။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ရောက်တဲ့အခါ စာပေနှင့်ယဉ်ကျေးမှု ကော်မတီတွေ ရှိတယ်။ အင်မတန်မှ တိုင်းရင်းသားအရေးကို ဖော်ဆောင် ကြတယ်။ အထူးသဖြင့် မွန်ပြည်နယ် မှာပါ။ ပြည်နယ်အစိုးရက ဦးဆောင်ပြီး မော်လမြိုင်တက္ကသိုလ်က ကြီးကြပ်တယ်။ ပညာရှင်တွေ၊ သုတေသီတွေနဲ့ တိုင်းရင်း သားပညာရှင်တွေ ဖိတ်ပြီး စာတမ်းဖတ် ပွဲတွေ၊ လေ့လာရေးတွေ လုပ်ကြတယ်။ စာအုပ်တွေထုတ်နဲ့ အင်မတန် အားကျဖို့ ကောင်းတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာတော့ ထားဝယ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်တွေရှိလို့ ဝမ်းသာပါတယ်။ ဟိုလူက ဂုဏ်ပြုစာရေးလိုက်၊ ဒီလူက ချီးမွမ်းစာရေးလိုက်နဲ့ပါ။ မကြာမီမှာ တက္ကသိုလ်တွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမယ်လို့ကြားရတယ်။ တက္ကသိုလ် အဓိပတိဆိုတဲ့ အသံကို ပြန်ကြားရမယ် ထင်တယ်။ ထားဝယ်တက္ကသိုလ်ရဲ့ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဆိုတာ ရှိခဲ့ဖူးတယ်။

ဝိဇ္ဇာ၊သိပ္ပံထူးချွန်ကျောင်းသားတွေကို ရွှေတစ်မတ်သား တန်ဖိုးရှိတဲ့ ငွေသားကို ဆုပေးခဲ့ဖူးတယ်။ အခုချိန်မှာ အသံမကြားရပါ။ ဒီတက္ကသိုလ်တွေမှာ ဒေသခံဆရာ^မ တွေ ဘယ်လောက် တာဝန် ယူ နေသလဲဆိုတာ လေ့လာကြည့်ပါ။ ဒီတက္ကသိုလ်တွေကဘွဲ့ရခဲ့တဲ့ လူငယ်တွေ ဘယ်ရောက်သွားလဲ သိသင့်ပါပြီ။

ထားဝယ်မြို့တော်ဝန်၊ မြိတ်မြို့ တော်ဝန်၊ ကော့သောင်းမြို့တော်ဝန်တွေကို အိပ်မက်မက်ပေမယ့် အလှမ်းဝေးနေ သေးတယ်။ အနီးစပ်ဆုံး စည်ပင်အထောက် အကူပြုအဖွဲ့တွေမှာ ပြည်သူ့အရေး ဆောင်ရွက်လိုသူများ ဝင်ပါဖို့ လိုအပ် တယ်။ ကျေးလက် ဖွံ့ဖြိုးရေးဌာနရှိပေ မယ့် မြို့ပြဖွံဖြိုးရေးဌာနလို့ မတွေ့ ရဘူး။ (ရှိနေပြီး ကျွန်တော် မသိတာလည်း ဖြစ်နိုင်တယ်။) စည်ပင်ကတာဝန် ယူ ထားလို့လား မသိပါ။ လူပြက်တွေ ပြောသလို ဆေးဖက်မဝင်တဲ့ အပင် ရှိတယ်။ အဲဒါစည်ပင်ဆိုတဲ့ ပြက်လုံး ကို ပြည်သူတွေဝင်ပါပြီး ချေဖျက်ချင်တယ်။

နောက်ထပ်ပြောချင်တာက အတိုက် အခံပါ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ သမိုင်းအရ အတိုက်အခံဆိုရင် အင်မတန် မှ ဆင်းရဲပင်ပန်းပြီး စိုးရိမ် ကြောက်ရွံ့ဖွယ် အနေအထား ဖြစ်တယ်။ NLD ပါတီကြီး အနေနဲ့ အတိုက်အခံဆိုတဲ့ ခါးသီးလှတဲ့ သမိုင်းကို နှစ်ပေါင်း ၂၅ကျော် ဖြတ်သန်း ခဲ့တာပါ။ ဒါကြောင့် အတိုက်အခံ လုပ်ရတဲ့ရည်ရွယ်ချက်၊ အတွေ့အကြုံကို အခြား လူတွေထက် ပိုသိတယ်။

စစ်အစိုးရကို အတိုက်အခံလုပ်ခဲ့တဲ့ NLDအနေနဲ့ နောင်အစိုးရဖြစ်တဲ့အခါ စစ်မှန်တဲ့ အတိုက်အခံကောင်းတွေ ပေါ် ပေါက်အောင် ကူညီပေးစေချင်တယ်။ အတိုက်အခံဆိုတာ မိတ်ဆွေကောင်းဆိုတဲ့ အယူအဆ၊ အစဉ်အလာကို ဖော်ဆောင် ပေးစေချင်တယ်။ ပြည်သူကလည်း ကိုယ် ရွေးချယ်ထားတဲ့ အစိုးရကို အတိုက်အခံ ပြန်လုပ်ရဲဖို့ လိုတယ်။ ဒါဟာ နိုင်ငံရေး ရင့်ကျက်မှုပါ။ နိုင်ငံခြား သား မိတ်ဆွေ တစ်ယောက်က မေးတယ်။ NLD ကို ဘယ်သူ အတိုက်အခံလုပ်မှာလဲတဲ့။ ပြန် မဖြေနိုင်ခဲ့ပါဘူး။

နောက်ထပ်ဆွေးနွေးချင်တာက စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာပါ။ Wအေခိ့သါ ဆိုလားပဲ။ စောင့်ကြည့် ရေးကို ပြည်သူတွေလည်း လုပ်စေချင် တယ်။ အာဏာရှင်တွေ အုပ်ချုပ်နေသမျှ ကျွန်တော်တို့ ပြည်သူတွေ တစ်ချိန်လုံး စောင့်ကြည့်တာ ခံခဲ့ရတယ်။ အစိုးရနဲ့ ပတ်သက်ဆက်နွယ်တာတွေကို ကျွန်တော် တို့ကလည်း အပြန်အလှန် စောင့်ကြည့် ချိန်ရောက်ပါပြီ။ ဆက်သွယ်ရေးက လည်း အတော်ကောင်းနေပါပြီ။
နောက်ဆုံးပြောချင်တာက ဖက်ဒရယ် မူပါ။ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေး စကားဝိုင်းမှာ ဖက်ဒရယ်ကို ဆွေးနွေးတော့မှာပါ။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအရ တိုင်းဒေသကြီး ၇ တိုင်းနဲ့ ပြည်နယ် ၇ ခု ဆိုပြီးရှိတယ်။ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ဖက်ဒရယ်မူတွေအရ အများဆုံး တွေ့ရတာက ၈ ပြည်နယ်စနစ် ဖြစ်တယ်။ ယခုလက်ရှိ ပြည်နယ် ၇ ခု နဲ့ ဗမာပြည်ဆိုပြီးတော့ပါ။

တိုင်းဒေသကြီး ၇ ခု ပေါင်းပြီး ဗမာပြည်ဖွဲ့ခဲ့ရင် တနင်္သာရီတိုင်း ဒေသကြီးကလွဲလို့ ကျန်တိုင်းဒေသကြီး ၆ ခုက မြန်မာပြည် အလယ် ပိုင်းမှာရှိတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးက ပထဝီအနေအထား အရ မြန်မာပြည် တောင်ဘက်စွန်းမှာ ရှိတယ်။ ဒီဖက်ဒရယ်အရေးက ကျွန်တော်တိုင်းဒေသကြီးအတွက် အရေးပါတဲ့အချက်ပါ။ ဒါကို တနင်္သာရီတိုင်းသားတိုင်း ဆွေးနွေးထားသင့်တယ်။

ဗိုလ်ချုပ်ပြောခဲ့သလို သူများ ခြေတစ်လှမ်း… လှမ်းရင် ၊ ကိုယ် က လေး..ငါး..ဆယ်လှမ်း..လှမ်းမှ တန်ရုံကျမယ်ဆိုတဲ့ စကားကို သတိရတယ်။ ကျွန်တော်တို့ ပြည်သူတွေ လုပ်ရမယ့် တာဝန်ယူရမယ့် အလုပ်တွေများစွာ ရှိတယ်။ လူဖြစ်စဉ်မှာ ဂုဏ်သိက္ခာရှိရှိ အသက် ရှင်နေနိုင်သွားဖို့ အစိုးရကလည်း အစိုးရအလုပ်လုပ်၊ ပြည်သူကလည်း ပြည်သူအလုပ်လုပ်ရင်း လူမှန်နေရာမှန်များဖြစ်အောင် ပြည်သူ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြပါလို့ တိုက်တွန်း နှိုးဆော်လိုက် ပါတယ်။