ကျွန်းစု ကျားပါးစပ် အလုပ်သမားများကိစ္စ ရဲစခန်းတွင် ပြေလည်

0
413

မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ကံမော် ကျေးရွာအုပ်စု၊ ကော်မယ်ကျေးရွာရှိ ရေလုပ်သားများအပေါ် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ် သက်သည့် တိုင်ကြားမှုအား ဇန်နဝါရီ ၅ ရက်က မြိတ်မြို့နယ်ရဲစခန်းတွင် ညှိနှိုင်းပေးရာ ပြေလည်မှုရခဲ့ကြောင်း အလုပ်သမားများနှင့် မြို့နယ်ရဲစခန်းမှ သိရသည်။

အလုပ်သမား ဆယ်ဦးကျော်က ယင်းကိစ္စအား ကနဦးတွင် မြိတ်မြို့နယ် အလုပ်သမားရုံးတွင် တိုင်ကြားခဲ့ကြောင်း အလုပ်သမား များက ပြောသည်။
မြိတ်မြို့နယ်အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေ ရေးရုံးတွင်အလုပ်ရှင်နှင့် အလုပ်သမား ကြား ဇန်နဝါရီလ ၅ ရက်က ဖြေရှင်း ညှိနှိုင်းပေးသော်လည်း မပြေလည်၍ မြိတ်မြို့နယ် ရဲစခန်းတွင် သွားရောက် ဖြေရှင်းပေးခဲ့ရကြောင်း မြိတ်မြို့ခံ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူ ဦးကျော်နိုင်က ပြောသည်။

“ထောင်ကယ်(သူဌေး)က ကျွန် တော်တို့ အလုပ်သမားတွေကို အမြဲတမ်း ဆဲရေး တိုင်းထွာတယ်၊ အလုပ်တွေ ကိုလည်းမတရား ခိုင်းစေပါတယ်၊ နေ မကောင်းလို့ အလုပ်နားချင်တယ်၊ ဆေး ကုသခွင့်တောင်းတာတောင် မပေးဘူး” ဟု လုပ်သက် ၆ နှစ်နီးပါးရှိသူ ဦးသိန်း ထိုက်ဦးက ပြောသည်။
အဆိုပါအလုပ်ရှင် ဦးကောင်းကောင်း တွင် ကျားပါးစပ်လှေ ၁၁ စီး၊ စုစုပေါင်း အလုပ်သမား ၃၆ ဦးရှိပြီး အလုပ်သမား များ၏ မိသားစုများကိုလည်း အလုပ်ခိုင်း စေမှုရှိသည့်အတွက် ယင်းသို့ တိုင်ကြား ရခြင်းဖြစ်ကြောင်း လာတိုင်သည့် အလုပ် သမားများအနက် တစ်ဦးဖြစ်သည့် ဦးဇော်မင်းက ပြောသည်။
“သူတို့ပြောသလိုမျိုးတော့ မဖြစ် နိုင်ဘူး၊ အလုပ်ရှင်ဖြစ်တဲ့ ကျွန်မတို့က ပြဿနာရှာရင် သူတို့လည်း ပြဿနာရှာ မှာပဲလေ၊ သူတို့ မှာလဲ လက်တွေ၊ ခြေတွေရှိတာပဲ၊ ပြန်လုပ်လို့ရတယ်လေ၊ အဲဒါ သူတို့ တမင်သက်သက်လုပ်ပြီး ပြောတာပါ” ဟု မြိတ်မြို့တွင် နေထိုင် သည့်အလုပ်ရှင်ဖြစ်သူ ဦးကောင်းကောင်း ၏ သမီးဖြစ်သူ မတင်ဇာဦးက တုံ့ပြန် သည်။

မတင်ဇာဦးသည် ညှိနှိုင်းမှုအတွက် အလုပ်ရှင်၏ ကိုယ်စားတက်ရောက်ခဲ့ သည်။
“ကျွန်းစု ပင်လယ်ပိုင်း တော်တော် များများမှာ အလုပ်သမား ဥပဒေနဲ့ လွဲနေ တဲ့ကိစ္စတော်တော်များများ ဖြစ်တယ်။ ကျားပါးစပ်လောကမှာ အလုပ်သမား တွေကို လက်ဆင့်ကမ်း လွှဲတာတွေမျိုး လည်း ရှိတယ်။ အခုညှိနိုင်းမှု အဆင်ပြေ သွားတယ်ဆိုပေမယ့် ဟိုရောက်ရင် ထပ် ရိုက်တာမျိုးတွေဖြစ်မှာစိုးတယ်။ ဖြစ်လာ ရင် အချိန်မရွေး တိုင်ပါလို့တော့            အလုပ်သမားတွေကို မှာလိုက်တယ်”ဟု ဦးကျော်နိုင် က ဆိုသည်။
ရဲစခန်းတွင် ညှိနှိုင်း ဖြေရှင်းမှုအရ အလုပ်သမားဖက်မှ တောင်းဆိုသည့် သာမန်ကျန်းမာရေး အခြေအနေအတွက် ဆေးကုသ ခွင့်ပေးရန်၊ အလုပ်သမား ၁ ဦးမှ လွဲ၍ ကျန်သည့် မိသားစုဝင်များကို မခိုင်းစေရန်၊  အလုပ်သမားများကို ရိုက် နှက်ခြင်း၊ ဆဲရေးတိုင်းတွာခြင်း မပြုရန် နှင့်  အလုပ်ရှင်မှ အလုပ်သမားများအား ဥပဒေအရ ပြဋ္ဌာန်းထားသည့် အနည်းဆုံး လုပ်အားခကိုပေးရန်စသည်တို့ကို အလုပ်ရှင်၏ ကိုယ်စားလာရောက်သည့် အလုပ်ရှင်၏ သမီးဖြစ်သူမတင်ဇာဦးနှင့် အလုပ်သမားများအကြား သဘောတူညီမှု ရခဲ့သည်ဟု မြိတ်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြော သည်။