ကလေးခိုး ကောလာဟလကိစ္စကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူထုကို အသိပေးမည

0
385

ကလေးခိုးခံရသည်ဆိုသည့် ကောလာဟလ ကိစ္စနှင့်ပက်သက်၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူလူထုကို အသိပေးသွားမည်ဖြစ် ကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ် ချုပ်ရေးမှူးက ပြောကြားသည်။


အမှန်တကယ် ဖြစ်ပွားနေခြင်း မရှိဘဲ ကောလာဟလ အဖြစ်သာ သတင်း ထွက်နေသည့် ကလေးခိုးကိစ္စမှာ မဟုတ် မှန်ကြောင်းကို နှစ်ပတ်တစ်ကြိမ် ပြုလုပ် သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး တွေ့ဆုံပွဲများတွင် ၎င်းတို့မှတစ်ဆင့် ပြည်သူလူထုကို အသိပေးမည်ဟု ထား ဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က ပြောကြားသည်။
“လက်ဆုပ်လက်ကိုင်ပြနိုင်တာမှ မရှိသေးတာ။ အဲဒါကို ရှင်းပြရမှာပေါ့” ဟု ဦးသိန်းအောင်က ဆိုသည်။
ကလေးခိုးကိစ္စမှာ အင်တာနက် ပေါ် နှင့် လူထုအကြား ကျယ်ပြန့်စွာပျံ့နှံ့နေ ပြီး အမှန်တကယ်ခိုးယူခံရသည့် ကာယ ကံရှင်များကိုမူ ယခုအချိန်ထိ မတွေ့ရ သေးကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ပြောသည်။
ထားဝယ်မြို့သာမက တနင်္သာရီ တိုင်းဒေသကြီးတစ်ခုလုံးအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ကလေးခိုး သည်ဆိုသည့် သတင်း ပျံ့နှံ့လျက်ရှိ သည်။
“တကယ်လို့သာ ကလေးခိုးခံရ ပြီဆိုရင် အနည်းဆုံးတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို တိုင်မှာပဲ။ အခုက ဘယ်အုပ်ချုပ်ရေးမှူးကမှ မသိကြဘူး လေ” ဟု ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး က ဆိုသည်။
ကလေးခိုးသည်ဆိုသည့် ကိစ္စ ကြောင့် အချို့ကျေးရွာများတွင် ညဘက် ကင်းစောင့်ခြင်း၊ မသင်္ကာသူများကို ဖမ်းဆီးကာရဲစခန်းသို့အပ်နှံခြင်း စသည် တို့ကို လုပ်ဆောင်လျက်ရှိကြသည်။
လချီကြာနေပြီဖြစ်သည့် ကလေးခိုး သတင်းများ ပြန့်နှံနေသည့်ကိစ္စအပေါ် သက်ဆိုင်ရာဌာနများက အလေးထား ဆောင်ရွက်မှု အားနည်းသည်ဟု ဝေဖန် သူများလည်း ရှိနေသည်။