မြိတ်တန်ဖိုးနည်းအိမ်ရာမြေ စီမံကိန်း အဝင်လမ်းတစ်လျှောက် မြေဈေးမြောက်တက်

0
463

မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ငွေပုလဲရပ်ကွက်တွင် မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင် သော ကုမ္ပဏီ (MFD)မှ အရစ်ကျ စနစ် ဖြင့် ရောင်းချထားသည့် အိမ်ရာမြေ ကွက်များရှိရာ အဝင်လမ်းတစ်လျှောက်ရှိ မြေယာများ ဈေးမြောက် တက်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူတစ်ချို့နှင့် ရာအိမ် မှူး ဦးတင်သန်းဦးတို့ထံမှ သိရသည်။


MFD ကုမ္ပဏီက ပေ ၈၀ ကွန် ကရစ်လမ်းပြီးနောက် လမ်းဘေးဝဲယာ တစ်လျှောက်နှင့် လမ်းသွယ် လမ်းကြားရှိ မြေယာများ ဈေးမြင့်လာခြင်းဖြစ်ကြောင်း ရပ်ကွက် နေထိုင်သူတစ်ချို့က ပြော သည်။
လွန်ခဲ့သည့် ၄ လခန့်က အိမ်ရာမြေ အဝင်လမ်း ဘေးဝဲယာတွင် ပေ ၃၀ ၊ ပေ ၅၀ မြေတစ်ကွက်ပေါက်ဈေး ကျပ် ၁၀ သိန်း ဝန်းကျင်ခန့်သာ ရှိရာမှ လက်ရှိ တွင် သိန်းတစ်ရာကျော်အထိ ဈေးမြောက် တက်နေသည်ဟု ယင်းရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦး က ပြောသည်။
“လမ်းသွယ် လမ်းကြားဆိုရင် ကျပ် ၄၅ သိန်းကနေ သိန်း ၆၀ ကြား ရှိတယ်” ဟု ရာအိမ်မှူး ဦးတင်သန်းဦးက ဆို သည်။
ယင်းလမ်းသွယ် လမ်းကြား မြေ ကွက်များသည် ယခင်က ကျပ် ၆ သိန်းမှ ၈ သိန်း ဝန်းကျင်သာ ပေါက်ဈေး ရှိကာ အရောင်းအဝယ်လည်း ဖြစ်ခဲ့သည်ဟု ဦးတင်သန်းဦးက ပြောသည်။
သို့သော် ပြီးခဲ့သည့် နိုဝင်ဘာလမှ စပြီး မူလပိုင်ရှင်ဆိုသူနှင့် အိမ်ဆောက်နေ ထိုင်သူ တစ်ချို့အကြား မြေယာပိုင်ဆိုင်မှု အငြင်းပွားကာတရားစွဲဆိုမှုများ ဖြစ် ပေါ် လာခဲ့ကြောင်း ဦးတင်သန်းဦးက ရှင်း ပြသည်။
“အဲဒီ ကတည်းကနေပြီး မြေယာ တွေ အရောင်းအဝယ် တန့်သွားခဲ့တာပါ”ဟု ဦးတင်သန်းဦးက ပြောသည်။
မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး နှင့်အများနှင့်သက်ဆိုင်သော ကုမ္ပဏီက မြေယာများကို အရစ်ကျစနစ်ဖြင့် ဒီဇင် ဘာ ၃၀နှင့် ၃၁ ရက်နေ့တို့တွင် အိမ်ယာ နှင့် မြေကွက် စုစုပေါင်း ၁၂၀၀ ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။