ပွါကညော – ဖ္လုံတို့ နှင့်အတူ

0
1225
၁၇၉၅ ခုနှစ် မိုက်ကယ်ဆိုင်း ဦးဆောင်သော ဗြိတိသျှသံအဖွဲ့ အင်းဝနေပြည်တော်ခရီးစဉ်၌ မြင် တွေ့ခဲ့သော ပြည်မြို့ အနောက် ဘက်ကမ်းရှိ ကရင်ဇနီးမောင်နှံ ပုံတူပန်းချီ

ပြာသိုလဆန်း ၁ ရက်ဖြစ်တဲ့ ၂၀၁၆ခုနှစ် ဇန်နဝါရီ ၁၀ရက်နေ့ဟာ ကရင်နှစ်သစ်ကူးနေ့ ဖြစ်တယ်။ ကရင် ပြက္ခဒိန်အရ ၂၇၅၄ နှစ်ပြည့် ဖြစ်တယ်။ ကရင်တိုင်းရင်းသားပညာရှင်တို့ အဆို အရ ဒီ ၂၇၅၄ ခု ဆိုတာ ကရင်တိုင်းရင်း သားတွေ မြန်မာပြည်ထဲကို စတင်ဝင် ရောက်တဲ့နှစ်ကို အခြေခံပြီးရေတွက် ထားတာလို့ ဆိုတယ်။

ဗမာတွေက ကရင်လို့ခေါ်ပေမယ့် သူတို့ကိုယ်သူတို့ လူလို့ အဓိပ္ပာယ်ရတဲ့ ပွါကညော၊ ဖ္လုံဆိုပြီး ခေါ်တယ်။ ကရင် မျိုးရင်းမှာ စကောနဲ့ ပိုးဆိုပြီး နှစ်မျိုးကို အဓိက တွေ့ရတယ်။ စကောကတော့ ပွါကညာလို့ ပြောပြီး ပိုးကတော့ ဖ္လုံလို့ ပြောတယ်။ မြန်မာနိုင်ငံအတွင်း ဒုတိယ လူဦးရေ အများဆုံး တိုင်းရင်းသားမျိုးနွယ် စုဖြစ်ပြီး မြောက်ပိုင်းနဲ့ အနောက် မြောက်ပိုင်းလောက်မှာပဲ မတွေ့ရတာ။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း ကျိုင်းတုံဒေသကနေ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တောင်ပိုင်း တနင်္သာ ရီ အထိ၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ ကယား(ကရင်နီ)ဒေသတွေမှာ အများစုနေထိုင်ကြတယ်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာမျိုးနွယ်စုတွေပြီးရင် ဒုတိယ လူဦး ရေအများဆုံး တိုင်းရင်းသားမျိုးနွယ်စု ဖြစ်တယ်။ တနင်္သာရီရိုးမအတိုင်း စီးဆင်း တဲ့ တနင်္သာရီမြစ်တစ်လျှောက်မှာ အများ ဆုံး တွေ့ရတယ်။ စကောကရင်တွေကို အများဆုံးတွေ့ရပြီး ပိုးကရင်လည်း ရှိတယ်။ စိတ်ဝင်စားစရာ ကောင်းတာက အရိုင်းကရင် (ကရင်နားတောင်းကြီး)တွေရှိသလို ပင်လယ်ပိုင်းနေတဲ့ ကရင် ကိုလည်း ပင်လယ်ကရင်တွေအဖြစ် တွေ့ရတယ်။

၁၇၉၅ ခုနှစ် မိုက်ကယ်ဆိုင်း ဦးဆောင်သော ဗြိတိသျှသံအဖွဲ့ အင်းဝနေပြည်တော်ခရီးစဉ်၌ မြင် တွေ့ခဲ့သော ပြည်မြို့ အနောက် ဘက်ကမ်းရှိ ကရင်ဇနီးမောင်နှံ  ပုံတူပန်းချီ
၁၇၉၅ ခုနှစ် မိုက်ကယ်ဆိုင်း ဦးဆောင်သော ဗြိတိသျှသံအဖွဲ့ အင်းဝနေပြည်တော်ခရီးစဉ်၌ မြင် တွေ့ခဲ့သော ပြည်မြို့ အနောက် ဘက်ကမ်းရှိ ကရင်ဇနီးမောင်နှံ ပုံတူပန်းချီ

ဘားအံတက္ကသိုလ် သမိုင်းဌာနက ဆရာဒေါက်တာနန်းလှိုင်က သူကိုယ်တိုင် သုတေသနလုပ်ထားတဲ့ စာတမ်းရယ်၊ နိုင်ငံခြားသား ပညာရှင်တွေရဲ့စာတမ်း တွေကို ဘာသာပြန်ပြီး ကရင်ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့တယ်။ ကရင်တွေနဲ့ ပတ်သက်ရင် အင်မတန် အရေးပါတဲ့ အချက်တွေ တွေ့ရတယ်။
ဆရာကြီး ဂျီ၊ အိပ်(ခ်ျ) လု(စ်)ရဲ့ ကရင်ဘာသာစကား လေ့လာချက် ပဏာ မနိဒါန်းအရဆိုရင် အေဒီ ၉ ရာစု လောက် ကတည်းက ကရင်တွေ မြန်မာ မြေပြန့်မှာ အခြေချနေပြီ။ တရုတ်နိုင်ငံ အနောက် တောင်ဘက်မှာ အရင်ဆုံးနေပြီး တောင်ငူ -ရွှေကျင်ကနေ ဧရာဝတီ၊ ဖာပွန် – သံလွင် ကနေ တနင်္သာရီဆိုပြီး လမ်း ၂ လမ်း အနေနဲ့ ဝင်ရောက်ခဲ့တယ်။ ထိုင်းနဲ့ မြန်မာအရှေ့တောင်ဒေသအမှာ အခြေချ နေထိုင်တယ်။
ဘာသာစကားလေ့လာချက်အရ တိဗက်တိုဘားမင်းအုပ်စုဝင် ဖြစ်တယ်။ အစ္စရေးအနွယ်ဝင် ဟီးဘရူး မဟုတ်ဘူး။ ကရင်စကားလုံးပေါင်း ၃၀၀ ကျော် မြန်မာနဲ့ တူတယ်။ တစ်ချိန်က ကရင်-ဗမာအတူ ဆုံစည်းခဲ့ပြီး ကရင်-ဗမာ ဆွေမျိုးမဝေးလှဘူး။ အေဒီ ၁၂၃၈ခုနှစ်မှာ ရေးထိုးထားတဲ့ မြန်မာကျောက်စာမှာ ကရင်ဆိုပြီး စတင်တွေ့ရှိရတယ်။ အေဒီ ၁၂၊ ၁၃ ရာစုမှာ ရေထိုးတဲ့ ကျောက်စာတွေ မှာ စကြဝ်နဲ့ တောင်သူဆိုတဲ့ လူမျိုးတွေကို မကြာခဏတွေ့ရတယ်လို့ ဆရာကြီးက ဆိုတယ်။

အခုချိန် ကရင်တိုင်းရင်းသားတွေ အဓိကသုံးနေတဲ့ စာပေကို နိုင်ငံခြား ပညာရှင်တွေက တီထွင်ပေးခဲ့ပေမယ့် အင်မတန်ရှေးကျတဲ့ စာပေ အရေးအသား ရှိခဲ့တယ်။ ဒီစာပေတွေကို ခလိဘိုး၊ လိပ် ဆန်ဝှေ့ ဒါမှမဟုတ် ကြက်ယက်စာလို့ ဆိုတယ်။ ဒီစာပေ အရေးအသားတွေကို ဖော်ထုတ်နိုင်ခဲ့ရင် ကရင်သမိုင်းသာမက မြန်မာ့သမိုင်းအတွက်ပါ အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၈၂၃ခုနှစ်အထိ ကရင်တွေမှာ စာပေ အရေးအသားမရှိဘူးလို့ အနောက်တိုင်း သားတွေက ဆိုခဲ့တယ်။

ဆရာဒေါက်တာနန်းလှိုင်ရဲ့ ကရင်-ဗမာဆက်ဆံရေး (ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ) သုတေသန စာတမ်းကလည်း ဖတ်ရှုလေ့လာသင့်တဲ့ စာတမ်းတစ်စောင် ဖြစ်တယ်။ ပါမောက္ခ ရောဘတ်ရှမာက ရာဇကုမာရ်ကျောက် စာပါ ပျူစာမျက်နှာကို လေ့လာပြီး ပျူနဲ့ ပိုးကရင်တွေဟာ ဘာသာဗေဒအရ အနီး စပ်ဆုံး ဆွေမျိုးဖြစ်ကြောင်း ဆိုတယ်။ (ဒီအဆိုကို မြန်မာနိုင်ငံသားဖြစ်ပြီး ထိုင်း နိုင်ငံမှာနေထိုင်တဲ့ ဆရာမီကီဟတ်က လည်း ပြောတယ်။)
ဆရာ ဒေါက်တာနန်းလှိုင် အဆိုအရ မြန်မာနိုင်ငံရှိကရင်တို့ရဲ့မူလအစ အခြေ ချရာ နေရာဟာ ကယား-ဇင်းမယ် ဖြစ် တယ်။ ဒီလိုပြောရတာက ပထဝီအနေ အထား၊ စာပေစီးကြောင်း၊ သမိုင်းဖြစ် စဉ်၊ ဒေသန္တရအမည်တွင်ပုံတွေကို အခြေ ခံတယ်။ ကရင်မျိုးနွယ်စု အချို့ အနေနဲ့ အဖကို သုဓနုမင်းသား၊ အမိကို ဒွေးမယ် နော်တို့က ဆင်းသက်လာကြောင်း ယုံကြည်ကြတယ်။ ကယား( ကရင်နီ)တွေဆိုရင် ဒွေးမယ်နော်တို့က ငွေတောင် ပြည်မှာနေတယ်လို့ ယုံကြည်တယ်။

ဒီ..ဒွေးမယ်နော်ဇာတ်ကို အင်ဒိုနီးရှား ရှိ အေဒီ ၈^၉ရာစုထက် နောက်မကျဘဲ တည်ထားကိုးကွယ်ခဲ့တဲ့ ဗောရော ဗုဒ္ဓါ စေတီတော်ကြီးမှာ တွေ့ရတယ်။ ဒီနိပါတ် တော်ကိုပဲ ဇင်းမယ်ပဏ္ဏသ ကျမ်းမှာဖော်ပြ ထားတယ်။ ဇင်းမယ်ဘုရင် စောသုဝဏ္ဏ ခမ်မုန်ရဲ့ တပ်တွေဟာ ဖာပွန်အထိ စစ် သားစုဆောင်းဖူးတယ်လို့ ဆိုတယ်။ နိုင်ငံတကာ အသိအမှတ်ပြု ပညာရှင်များ ကတော့ ကရင်တွေရဲ့မူလ အစက တရုတ် နိုင်ငံ အနောက်ပိုင်းရှိ တိဗက်တောင်ပိုင်း ဒေသလို့ ဖော်ပြကြတယ်။

ပျုခေတ် သရေခေတ္တရာကို ငါစက္ကော စစ်သည်တွေလာလို့ ထိတ်လန့်ပြီး ပျက် တယ်လို့ ဖော်ပြထားတယ်။ ဆရာကြီး လုစ်နဲ့ ဆရာကြီး ဗိုလ်မှူးဘရှင်တို့က စကောကရင်တွေများလားလို့ တွေးခဲ့ ဖူးတယ်။ ပုဂံမင်းဆက်တွေ ထဲမှာ တောင် သူကြီးမင်းလို့ ဖော်ပြထားလို့ တောင်သူ လူမျိုး(ကရင်လူမျိုး)များလားလို့ တွေးကြ တယ်။ စကောကရင်တွေလည်း စစ်သည် တွေအဖြစ် ပုဂံမင်းလက်ထက်တွေမှာ တာဝန်ယူဖူးကြောင်း ဆရာဒေါက်တာ နန်းလှိုင်က ဆိုတယ်။

၁၁ရက် စက်တင်ဘာ ၁၆၃၉ ခု ရက်စွဲ ပါ အမိန့်တော်အရ ပုဂံခေတ် နရပတိစည်သူ လက်ထက် ၁၁၇၄-၁၂၁၁ မှာ တောင်ငူ ဒေသရှိ ကရင်လူမျိုးများက ငွေခွန်များ ဆက်သခဲ့ကြောင်း ဆိုတယ်။ အင်းဝခေတ် မြန်မာ စာပေတွေမှာ စကော၊ တောင်သူ တွေကို ဖော်ပြထားသည့်အပြင်လယ်ယာ လုပ်ငန်းဖြင့်အသက်မွေးပြီး တောတောင် ထူထပ်တဲ့ အရပ်ဒေသတွေမှာ အခြေချ နေထိုင်ကြောင်း ဖော်ပြထားတယ်။
အင်းဝပျက်ပြီး တောင်ငူ မင်းဆက် ဖြစ်တဲ့ တပင်ရွှေထီး၊ ဘုရင့်နောင်တို့ခေတ် ဖြစ်တယ်။ ဒီခေတ်ဟာ အင်မတန် ကြီး ကျယ်တယ်။ တောင်ငူဒေသဟာ ကရင် တွေအဓိကနေထိုင်ရာဖြစ်လို့ ကရင်တို့ရဲ့ အား အများကြီးပါမယ်လို့ တွက်တယ်။ တောင်ငူမင်းဆက်မှာ ကရင်ဘ( ၁၂၇၉ခု)က ထီးနန်းစံကြောင်း၊ နောက်ထပ် ကရင်ဘ ( ၁၃၂၅-၆၇ခု)တစ်ဦး ထီးနန်း စိုးစံကြောင်း တွေ့ရတယ်။
ဘုရင့်နောင်မင်းတရားကြီး လက်ထက် တိုင်းပြည်ရေးနဲ့ စစ်ရေးကိစ္စရှိတိုင်း ကရင်တိုင်းရင်းသားတို့ရဲ့ ကြက်ရိုးထိုး ဗေဒင်ကို ယုံကြည်စွာ လုပ်ဆောင်လေ့ရှိ ကြောင်း ဖော်ပြထားတယ်။ ဆရာကြီး ဒေါက်တာတိုးလှက ဘုရင့်နောင် မင်း တရားကြီး သီရိလင်္ကာ ဓမ္မပါလ မင်းကို စစ်ကူပေးပို့တဲ့အခါ ကရင်လူမျိုး ၅၅၀ ခန့်ပါပြီး သံလွင်မြစ် အနောက်ဘက် စောလုံဒေသခံတွေဖြစ်နိုင်တယ်လို့ ဆိုတယ်။ တောင်ငူခေတ်မှာ ကရင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးပါခဲ့တယ်။

၂ဧပြီ ၁၆၄၇ရက်စွဲပါ သာလွန်မင်း အမိန့်တော်၊ ၂၆ မတ် ၁၇၈၈ ရက်စွဲပါ ဘိုးတော်ဘုရား အမိန့်တော်တွေအရ ကရင်တွေဟာ အောက်မြန်မာနိုင်ငံသာမ က အထက်အညာဒေသ ကချင်မိုးကောင်း အထိ ပျန့်နှံ့နေထိုင်ကြောင်း သိရတယ်။ ညောင်ရမ်းခေတ် စမ္ဗူဒီပ ဦးဆောင်း ကျမ်းအရ ပုသိမ်ဒေသမှာ ကရင်တွေဟာ မွန်၊ရှမ်းတွေနဲ့အတူ နေထိုင်တယ်။ ၂၄မေ ၁၆၂၄ရက်စွဲပါ အမိန့်တော်အရ ကရင် တိုင်းရင်းသားတွေ အင်းဝနေပြည်တော် မှာ အမှုထမ်းကြောင်းတွေ့ရတယ်လို့ ဒေါက်တာနန်းလှိုင်က ဆိုတယ်။

တနင်္ဂနွေမင်း ၁၇၁၄-၁၇၄၄ လက်ထက် အခွန်တော်စာရင်း ၁၇၂၄ ခု အရ ကရင်မှူး ၁၁၂ ဦးရှိပြီး တောင်ငူမြို့ ဝန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တယ်။ ဒါကြောင့် နိုင်ငံခြားသားအချို့ရေးသား ထားတဲ့ ကရင်တွေဟာ မြန်မာမင်းရဲ့နိုင်ငံ ရေးအဖွဲ့အစည်းမှာ ဘယ်တုန်းကမှ မပါခဲ့ဖူးဆိုတာကိုလိုနီလေသံပါ လှတယ် လို့ ဆရာဒေါက်တာနန်းလှိုင်က ဆိုတယ်။

ကုန်းဘောင်ခေတ် ၁၉ ဇန်နဝါရီ ၁၈၀၇ ခု ရက်စွဲပါ ဘိုးတော်ဘုရား အမိန့် တော်တွင် ကရင်စော်ဘွားခန့် အပ်ကြောင်း တွေ့ရတယ်။ မြန်မာအဘိဓာန်အရ ကရင် အကြီးအကဲကို စော်ကဲခေါ်ကြောင်း တွေ့ရတယ်။ ဘိုးတော် ဘုရားလက်ထက် ၁၈၁၇ ခုမှာ ကရင်တိုင်းရင်းသားတို့ နေထိုင်ရာ ဒေသကိုကိရာဋတိုင်းလို့ သတ်မှတ်တယ်။ အဓိပ္ပာယ် ကတော့ တော၊ တောင် နေတိုင်းရင်းသားတို့ နေထိုင်ရာ ဒေသလို့ ဆိုတယ်။

ကရင်အကြောင်းကို ဦးဆုံးမှတ်တမ်း တင်ခဲ့တာက မိုက်ကယ်ဆိုင်းဆိုတဲ့ ဥရောပသားဖြစ်တယ်။ ဘိုးတော်ဘုရား လက်ထက်(၁၇၈၂-၁၈၁၉)မှာ သံမှူး အဖြစ် အင်းဝရောက်တယ်။ ၁၇၉၅ခုမှာ ကရင်ဇနီးမောင်နှံအကြောင်း မှတ်တမ်း တင်တယ်။ ကရင်အမျိုးသမီး မျက်နှာမှာ ဆေးမင်ကြောင်ထိုးထားတာ အထူးဆန်း ဆုံးလို့မှတ်တမ်းတင် ဖော်ပြထားတယ်။ ပန်းချီပုံတူ ရေးဆွဲခဲ့တယ်။ နတ်ယုံကြည် သူတွေဖြစ်တယ်။ ဆင်တွေနဲ့သစ်ခုတ်တဲ့ အလုပ်လုပ်တယ်။ သေသူကိုမီးသဂြိုလ်ပြီး အရိုးကောက်တဲ့ ဓလေ့ရှိတယ်လို့ မိုက်ကယ် ဆိုင်းက မှတ်တမ်းတင်တယ်။
မင်းတုန်းမင်းလက်ထက်( ၁၈၅၂-၁၈၇၈) လက်ထက်နန်းတက်စတွင် ယိုးဒယားနဲ့စစ်ဖြစ်တယ်။ ဒီမှာ ကရင် အကြီးအကဲ ပဗ္ဗတ သီဟရာဇာအကြောင်း ဦးပုညရဲ့ ယိုးဒယားနိုင်မော်ကွန်းမှာရေး ဖွဲ့ထားတယ်။ ကရင်နီနယ် အရေးနဲ့ ပတ်သက်ပြီး မင်းတုန်းမင်း မှတ်တမ်း တွေ၊ ဒေသခံကရင်တိုင်းရင်းသားတွေရဲ့ အင်္ဂလိပ်တော်လှန်ရေး အကြောင်းမှတ် တမ်းတွေတွေ့ရတယ်။

ကရင်ရာဇဝင်၊ မွန်ရာဇဝင်တွေမှာ ထားဝယ်ဒေသကို မြတ်စွာဘုရားဒေဿ စာရီကြွလာတုန်းက ကရင်လူမျိုး တစ်ဦး က ပြည့်စင် ပန်း ၇ပွင့်နဲ့ ကပ်လှူကြောင်း၊ ဒီကောင်းမှုကြောင့် ထားဝယ်ဒေသမှာ မင်း၇ ကြိမ်ဖြစ်ဖူးတယ်လို့ ဖော်ပြထား တယ်။
အင်းဝခေတ် သံဝရပျို့မှာ တစ်မျိုး သားချင်းနောင်တော်ရင်းသို့လို့ဖော်ပြထား သလို ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးဂုဏ်ဇာတိ ဂုဏ်မြင့်မားရေးဆိုတာတွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့လိုပါတယ်။ ဘာသာစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ အတ္တစွဲ ကင်းကင်းနဲ့သမိုင်းအမှန်တွေကို ဖော် ထုတ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် ရေးကို ဖော်ဆောင်ကြပါစို့လို့ တိုက်တွန်း လိုက်ပါတယ်။