မြိတ်လူသတ် အလောင်းဖျောက်မှုတွင် ပါဝင်သူ ၂ ဦးအနက် တစ်ဦး လွတ်မြောက်နေ

0
480

မြိတ်မြို့တွင် ပြီးခဲ့သည့် အပတ်က ဖြစ်ပွားခဲ့သည့် လူသတ် အလောင်း ဖျောက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံထား ရသူ ၂ ဦးအနက် တစ်ဦးလွတ်မြောက် နေဆဲဖြစ်ကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။

မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု၊ မြို့ပတ် (၂) လမ်း၊ ကြက်မွေး မြူရေးခြံ တွင် ဖြစ်ပွားသည့် လူသတ်အလောင်း ဖျောက်မှုဖြစ်စဉ်တွင် ပါဝင်သည်ဟု စွပ်စွဲ ခံထားရသည့် ဇင်ကိုထိုက်နှင့် ရဲမင်းထွေး တို့ ၂ဦး အနက် ရဲမင်းထွေးမှာ ထွက်ပြေး လွတ်မြောက်နေသည်ဟု အထက်ပါ ရဲစခန်းမှ စခန်းမှူး ဦးဝင်းဇော်ဦးက ပြော သည်။
myeik_crime
အလုပ်ရှင်နှင့် အလုပ်သမားအကြား ရန်ငြိုးဖြင့် အလုပ်ရှင်ဖြစ်သူ ဦးအောင်မိုး ဆွေကို သတ်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း လက် ရှိ ဖမ်းဆီးထားသည့် ဇင်ကိုထိုက်၏ ထွက် ဆိုချက်ကို ကိုးကားပြီး စခန်းမှူးက ရှင်း ပြသည်။

သေဆုံးသူကြက်ခြံပိုင်ရှင် ဦးအောင်မိုး ဆွေသည်၊ ပျောက်ဆုံးနေသည်မှာ တစ်လ ခန့်ရှိနေပြီး ၎င်း၏ ခင်မင်ရင်းနှီးသူများနှင့် စီးပွားရေး လုပ်ကိုင်သူများက ဆက်သွယ် မေးမြန်းကြသော်လည်း ခြံအတွင်းမှ အလုပ် သမားများက ထားဝယ်ကို ခရီးထွက်သွား သည်ဟုသာ ဖြေကြားခဲ့ကြောင်း သိရသည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမှ ဦးအောင်မိုးဆွေ၏ မိသားစု ဝင်များကလည်း ဆက်သွယ်၍ မရသည့် အတွက် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် အစ်ကိုဖြစ်သူနှင့် မရီးတို့ ၂ဦးသည် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကာ ခြံဝင်းအတွင်း တစ်ညအိပ်ခဲ့ပြီး၊ ဇန်နဝါရီ လ ၂ရက်တွင် မြို့မရဲစခန်းမှာ လူပျောက် လာရောက် တိုင်ကြားခဲ့ကြောင်း စခန်း မှူး ဦးဝင်းဇော်ဦးက ယင်းဖြစ်စဉ်များကို ပြန်ပြောသည်။

“လူပျောက်တိုင်ပြီးတာနဲ့ နောက် တစ်နေ့မှာပဲ ခြံအတွင်းမှာ မသင်္ကာစရာ များ ရှိနေလားလို့ ရဲတပ်ဖွဲ့ဝင်များက သွား ရောက် စစ်ဆေးတဲ့အခါမှာ သေဆုံးသူ ဦးအောင်မိုးဆွေရဲ့ အရုပ်အလောင်းကို ကြက်ခြံရဲ့ အနောက်ဘက် ဝဲဘက်မှာရှိတဲ့ ခြံစည်းရိုး ထောင့်တစ်နေရာမှာ မြေမြှုပ် ထားတာကို တွေ့ရတယ်”ဟု စခန်းမှူးက ဆိုသည်။

အသက် ၃၇ နှစ်အရွယ် သေဆုံး သူ၏ အလောင်းကို ဖော်ထုတ်ပြီးနောက် ၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး သံသယ ရှိသူ အလုပ်သမားများကို ခေါ်ယူစစ်ဆေး ခဲ့ကြောင်း သိရသည်။

ယင်းအနက် ၂ ဦးမှာ စစ်ဆေးချက် အရ လူသတ်မှုတွင် မပါဝင်ဟု သိရသဖြင့် ပြန်လွှတ်လိုက်ကြောင်း သိရသည်။
အဓိကတရားခံဟု ယူဆရသူ ဇင်ကို ထိုက်အား စစ်ဆေးရာ ၎င်းနှင့်အတူ ပူးပေါင်းကြံစည်ခဲ့သူ နောက်ထပ် ၁ ဦးရှိ သေးကြောင်း၊ ရန်ငြိုးကြောင့် ၂ယောက် ပေါင်းပြီး သတ်ခဲ့သည် ဟု ဝန်ခံကြောင်း ရဲမှူးက ပြောသည်။

ဦးအောင်မိုးဆွေ သေဆုံးမှုနဲ့ ပတ် သက်ပြီး၊ မြိတ်မြို့မ ရဲစခန်းတွင် (ပ) ၁၂ / ၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ / ၂၀၂ /၁၁၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း၊ လွှတ်မြောက် နေသည့် တရားခံကိုလည်း ဆက်ဖမ်းဆီး နိုင်ရန် ကြိုးပမ်းနေကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။