ကော့သောင်းမြို့ ဘုရင့်နောင်ဈေး အပေါ်ထပ် မီးလောင်

0
458

ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ဘုရင့်နောင်ဈေးကြီး ပထမထပ်တွင် ဇန်နဝါရီလ ၄ ရက် နံနက် ၁၀ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့နယ်မီးသတ် ဦးစီးဌာန ထံမှ သိရသည်။

fire_bayitng_market_kt
မီးစတင်လောင်ကျွမ်းသည့် အခန်း ဟုယူဆရသည့် အခန်းတွင် ဆေးရွက်ကြီး အထုပ်များမီးလောင်ကျွမ်းထားပြီး ဘေး ခန်းများတွင် ဗွီဒီယိုအခွေများ၊ သီချင်း ခွေများ သိုလှောင်ထားသည်ကို တွေ့ရ ကြောင်း မီးငြိမ်းသတ်ရာတွင် ပါဝင်သူ ယင်းဈေးမှ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
လောင်ကျွမ်းချိန် ၁၀ မိနစ်ကျော်ခန့် ကြာမြင့်ခဲ့ပြီး မီးသတ်ဌာန၏ တွက်ချက်မှု အရဆုံးရှုံးမှုတန်ဖိုး ကျပ်၂၅၀၀၀ ရှိ ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဖြိုးမင်းဇော်မှ ပြောသည်။

“ဈေးအပေါ်ထပ် အခုလောင်တဲ့ အခန်းတွေက အခန်းလွတ်တွေ ဖြစ်နေ တာ ကြာပြီး၊ ပစ္စည်းတွေ လှေနဲ့လာရင် ဒီလိုပဲ လာထည့် ကြတာပဲ၊ ပိုင်ရှင် မရှိသေးတဲ့နေရာလွတ်တွေ ဖြစ်တယ်” ဟု ဘုရင့်နောင်ဈေးမှ ကုန်ထမ်းတစ်ဦးက ပြောပြသည်။
လက်ရှိတွင် ဆိုင်တာဝန်ခံ မသဇင် မိုးအား ပုဒ်မ ၂၈၅ ဖြင့် တရားစွဲဆို ထား ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။