ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးပွဲများ မူလအတိုင်း ပြုလုပ်မည်

0
396

ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေး မှူးရွေးပွဲများကို အချိန်ကာလ မပြောင်း လဲဘဲ မူလအစီအစဉ်အတိုင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းအောင် က ပြောကြားသည်။

ယခင်က ရပ်^ကျေးအုပ်ချုပ်ရေးမှူး ဥပဒေတွင် အုပ်ချုပ်ရေးမှူးသက်တမ်းကို လွှတ်တော်သက်တမ်းနှင့် အညီ ဖြစ်သည် ဟုပါရှိသည့်အတွက် ယခုဇန်န ဝါရီလ အတွင်း ရွေးချယ်ရန် စီစဉ်ထားသော် လည်း သမ္မတ သက်တမ်းနှင့် အညီဟု ပြန်လည်ပြင်ဆင်အတည်ပြုလိုက်ပြီး နောက် မတ်လမှ ရွေးချယ်တော့မည်ဟု သတင်း များထွက်ပေါ် နေခြင်းနှင့် ပတ်သက်၍ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
kt_select_quarter_leader
“အရင်က စီစဉ်ထားတဲ့အတိုင်း အခုဇန်နဝါရီလထဲမှာပဲရွေးမှာပါ။ အချိန် မပြောင်းပါဘူး” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က ဆိုသည်။
ရပ်ကွက်၊ ကျေးရွာအများစုတွင် ရပ်^ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရာ တွင် ကြီးကြပ်မည့်သူများကို ရွေးပြီး နေပြီဖြစ်ပြီး အချို့ရပ်ကွက်၊ ကျေးရွာ တို့တွင် အုပ်ချုပ်ရေးမှူးကိုပင် ရွေးချယ် ပြီးနေပြီဖြစ်သည်ဟု ဦးသိန်းအောင်က ပြောသည်။

သို့သော်ရွေးပြီးသည့် အုပ်ချုပ် ရေးမှူး အမည်စာရင်းကိုမူ မည်သည့် ရပ်ကွက်၊ ကျေးရွာကမှ တင်ပြလာခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
“နောက်နှစ်လကြာမှ ရွေးမယ့်အုပ် ချုပ်ရေးမှူးကိုပိုလိုချင်တယ်။ ဘာကြောင့် လဲဆိုတော့ အစိုးရကောင်း တစ်ရပ်ရဲ့ လက် အောက်မှာရွေးတဲ့ အုပ်ချုပ်ရေးမှူး ကို လိုချင်လို့”ဟု ရပ်/ ကျေးအုပ်ချုပ် ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်ကိုလေ့ လာ နေသည့် ထားဝယ်မြို့ခံ ဦးသန်းဝင်း က ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုး ရေးပါတီ၏ ပြည်ထောင်စု အစိုးရသည် မတ်လကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ပြည်ထောင်စုအစိုးရသစ် တက်လာ မည်ဖြစ်သည်။

ထားဝယ်ခရိုင်အတွင်းရှိ အချို့ ရပ်ကွက်ကျေးရွာများတွင် အုပ်ချုပ် ရေးမှူးများ ရွေးချယ်ပြီးနေပြီ ဖြစ်သော် လည်း မတ်လကုန်မှ တာဝန်လွှဲ ပြောင်းထမ်းဆောင်ရမည်ဖြစ်သည်။
ရွေးချယ်ထားသည့် ရပ်^ကျေး အုပ်ချုပ်ရေးမှူးများကို ခရိုင်အုပ်ချုပ်ရေး မှူးက အတည်ပြုရမည်ဖြစ်သည်။