အစိုးရဌာနများ၏ လတ်တလော မြေယာသိမ်းဆည်းမှုကို တင်ပြရန် ရပ်/ ကျေးအဆင့်ထိ ညွှန်ကြားထားဟုဆို

0
526

အစိုးရဌာနများ၏ လတ်တလောမြေ ယာသိမ်းဆည်းမှုများကို စာရင်းပြုစု တင်ပြရန် ရပ်/ကျေးအဆင့် ပါတီဝင်များ ကို ညွှန်ကြားထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထားဝယ်မြို့နယ် အလုပ်အမှုဆောင်ဥက္ကဌ ဦးဟိုပင်က ပြောကြားသည်။

အစိုးရဌာနများ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ (အစိုးရ အပြောင်း အလဲ မလုပ်မီ) အချိန်ကာလအတွင်း ဥပဒေနှင့်မညီ၊ တရားမျှတမှုမရှိဘဲ လယ်ယာ မြေသိမ်းဆည်းနေမှုများကို စာရင်းပြုစုတင်ပြရန် NLD ပါတီ၏ ဗဟို တောင်သူလယ်သမားရေးရာကော်မတီမှ ထုတ်ပြန်သည့်စာကို ထားဝယ်မြို့နယ် လပတ်အစည်းအဝေးတွင် ရပ်ကျေးပါတီ ဝင်များအား ဆက်လက်ညွှန်ကြားခဲ့သည် ဟု ဦးဟိုပင်က ပြောသည်။

“လတ်တလော မြေယာသိမ်းဆည်းမှု တွေကို ဆိုတာက အစိုးရ မပြောင်းခင် အခုမှ ထသိမ်းတဲ့မြေတွေကို ဆိုလိုတာ။ အရင်က သိမ်းထားတဲ့မြေတွေနဲ့ ပတ် သက် ပြီးတော့ အစီရင်ခံစာတွေ ရှိပြီးဖြစ် ပါ လိမ့်မယ်”ဟု တိုင်းဒေသကြီး လွှတ်တော် ထားဝယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)တွင် အနိုင်ရသည့် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဟိုပင်က ဆိုသည်။

ရပ်/ကျေးအဆင် ပါတီဝင်များအ နေဖြင့် ယင်းသို့မြေယာသိမ်းဆည်းမှု များကို ရပ်/ကျေး အလုပ်အမှုဆောင်ကော် မတီဝင်များ၏ ထောက်ခံချက်ဖြင့် မြို့ နယ်ကို တင်ပြရမည်ဖြစ်ပြီး လိုအပ်ပါက မြို့နယ်မှ ကွင်းဆင်းစစ်ဆေးကာ ဗဟို တောင်သူလယ်သမားရေးရာ ကော်မတီ သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။