တက္ကသိုလ်အချို့၏ လိုအပ်ချက်များကို တိုင်းဝန်ကြီးချုပ်ထံ ထားဝယ် တ.က.သ တောင်းဆို

0
361

ထားဝယ်ခရိုင်အတွင်းရှိ တက္ကသိုလ် အချို့၏ လိုအပ်ချက်များကို တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ တွင် ထားဝယ်ခရိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၈ ရက်က တောင်းဆိုခဲ့ကြောင်း ယင်း သမဂ္ဂထံမှ သိရသည်။

dawei_university
နည်းပညာတက္ကသိုလ်(ထားဝယ်) အတွက် ကျောင်းသားကျောင်းသူများအား ဖယ်ရီကား စီစဉ်ပေးရန်ကိစ္စ၊ ရေ၊ မီး မလုံလောက်သည့်ကိစ္စ တို့ကို အဓိကထား တောင်းဆိုခဲ့ပြီး ထားဝယ်တက္ကသိုလ် အတွက်မူ ကျောင်းသား၊ ကျောင်းသူ နား နေဆောင်ထားပေးမည့်ကိစ္စကို တောင်း ဆိုခဲ့သည်ဟု ထားဝယ်ခရိုင် တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမင်း လွင်ဦးက ပြောသည်။

“နည်းပညာက ဆရာ၊ ဆရာမ တွေရော ကျောင်းသားတွေပါ သွားရေး လာရေး အခက်အခဲရှိတယ်။ မိုးရာသီ ဆိုရင် ပိုဆိုးတယ်။ ပြီးတော့ ကျောင်းမှာ ရေအလုံအလောက်မရလို့ အိမ်သာတွေမှာ ရေအလုံအလောက်မရှိဘူး”ဟု ကိုမင်းလွင် ဦးက ပြောသည်။
ဝန်ကြီးချုပ်က ကျောင်းဖယ်ရီ ကိစ္စကို ပို့^ဆက်နှင့် ပုဂ္ဂလိကယာဉ်ပြေး ဆွဲမှုကြီးကြပ်ရေး ကော်မတီတို့နှင့် တိုင် ပင်ကာ စီစဉ်ပေးမည်ဖြစ်ပြီး ရေ၊ မီး ကိစ္စတို့ကိုလည်း နည်းပညာ တက္ကသိုလ် (ထားဝယ်) ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးပေးမည်ဟု ပြောဆိုခဲ့ကြောင်း ကိုမင်းလွင်ဦးက ဆိုသည်။
“ဖယ်ရီမရှိတော့ သွားရလာရတာ တော့ အဆင်မပြေဘူးပေါ့။ မိုးရာသီဆိုရင် ဖယ်ရီ ပိုလိုအပ်တယ်။ ကျောင်းမှာ ရေက တော့ အခုတလော အချိန်မှန်လာတယ်။ မီးကတော့ အချိန်ပိုင်းနဲ့လာတာရှိတယ်” ဟု နည်းပညာတက္ကသိုလ်(ထားဝယ်)မှ လျှပ်စစ်စွမ်းအားအထူးပြုဘာသာ နောက် ဆုံးနှစ်ကျောင်းသူတစ်ဦးက ပြောသည်။

ယခင်ဖယ်ရီကားရှိချိန်က ဈေးနှုန်း ရှစ်ရာကျပ်မှာ ကျောင်းသားတစ်ဦး အတွက် အခက်အခဲဖြစ်စေပြီး ဖယ်ရီကား က ရုံးချိန် ၅ နာရီမှ ရုံးဆင်းသည့် စာရေးမများကို စောင့်ပြီးမှ ပြန်လေ့ ရှိသဖြင့် အတန်းစောစော ပြီးသည့် ကျောင်းသားကျောင်းသူများအတွက် အချိန်ကိုဆုံးရှုံးစေသည်ဟု အထက်ပါ ကျောင်းသူက ဆိုသည်။

၎င်းအပြင် နည်းပညာ တက္ကသိုလ် တွင် လက်တွေ့ချိန်များတွင် ပစ္စည်း လုံလောက်မှုမရှိဟု ၎င်းက ဆိုသည်။
ထားဝယ်တက္ကသိုလ်တွင် ကျောင်း သားနားနေဆောင်ကိစ္စကိုလည်း ရအောင် ကူညီပေးမည်ဟု ဝန်ကြီးချုပ်က ပြောဆို ခဲ့သည်ဟု ကိုမင်းလွင်ဦးကဆိုသည်။
တက္ကသိုလ်ကျောင်းများ၏ လိုအပ် ချက်များကို သက်ဆိုင်ရာကျောင်းအုပ် များသို့ လူတွေ့သော်လည်းကောင်း၊ ဝန်ကြီးချုပ်ထံသို့ စာပို့၍သော်လည်း ကောင်း ယခင်က တောင်းဆိုခဲ့ဖူးသော် လည်း ထူးခြားမှုမရှိသောကြောင့် ဝန်ကြီး ချုပ်ထံ လူကိုယ်တိုင်သွားရောက် တွေ့ ဆုံ၍ တောင်းဆိုရခြင်းဖြစ်သည်ဟု ထား ဝယ်ခရိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဆိုသည်။