ရပ်ကျေးအစိုးရ ရွေးကြတော့မည်

0
427

ပြီးခဲ့သော နိုဝင်ဘာလ (၈)ရက် နေ့က တစ်နိုင်ငံလုံး အတိုင်းအတာ အထွေထွေရွေးကောက်ပွဲကြီးတစ်ခု အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါ သည်။ အရွေးချယ်ခံသူများအနေဖြင့် မည်၍မည်မျှ အပြောင်းအလဲကို သယ် ဆောင်နိုင်မည်ဟု တပ်အပ်သေချာ မပြော ဆိုနိုင်သော်လည်း ပြည်သူလူထု၏ သဘောဆန္ဒအမှန်ကိုကား တိတိကျကျ ပြည့်ပြည့်၀၀ ထုတ်ဖော်ပြသနိုင်ခဲ့ပေပြီ။

ယခုအခါ ကျေးရွာ^ရပ်ကွက် အုပ် ချုပ်ရေးမှူးများကို ဇန်နဝါရီလ အတွင်း အပြီး ပြန်လည်ရွေးချယ် တော့မည်ဖြစ် ကြောင်း သတင်း မီဒီယာများမှတဆင့် ကြားသိလာကြရာ လူထုအတွင်း ကျယ် ကျယ်ပြန့်ပြန့် စိတ်ဝင်စားမှု မြင့်တက် လာခဲ့ကြပြန်ပြီ ဖြစ်ပါသည်။
အမှန်တကယ်ပြောင်းလဲဖို့ ပွင့်လင်း မြင်သာဖို့ တရားဥပဒေ စိုးမိုးဖို့ စသည့် ပြည်သူ့နှလုံးပီတိဖုံးစေသည့်စကားများ လှိုင်လှိုင် ပြောဆိုနေကြသည့် ခေတ်ကြီး အတွင်း အဆိုပါ ရပ်ကွက်^ကျေးရွာအုပ် ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေး ချယ်မည့် အစီအစဉ်ကို ပြည်သူလူထု စိတ်ဝင်စားမှုမြင့်မားနေသည်မှာ သဘာဝ ကျပါသည်။
is_going_to_selet
မြန်မာ့လူမှုအဖွဲ့အစည်းတွင် ရပ်^ ကျေးအုပ်ချုပ်ရေး၏ အခန်းကဏ္ဍမှာ အစဉ်အလာအရ ကြီးမားလှသည်မှာ လူတိုင်းကြားသိ ရင်ဆိုင်ခဲ့ကြရသည့် ကိစ္စ ဖြစ်ပါသည်။ ဥပမာပြရလျှင် အိမ် ထောင်စုစာရင်းမှအစ ကျေးရွာပိုင်စား ကျက်မြေအထိ ဖြစ်ပါသည်။ အစ ပထမ တွင် မိမိရပ်ရွာလူထု၏ ဆန္ဒမဲများဖြင့် အရွေးချယ်ခံခဲ့ကြရခြင်း ဖြစ်သော်လည်း နောင်တွင် မြို့နယ်ခရိုင်စသဖြင့် အထက် လူကြီးများ၏ ဆန္ဒအလျောက်သာ လုပ် ကိုင်ဆောင်ရွက်လာခဲ့ကြခြင်း တို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ရပ်ရွာနှင့် ကင်းကွာပြီး စိတ်မချမ်းမြေ့ဖွယ် ကြုံတွေ့ ကြရသည်မှာ ရပ်ရွာတိုင်း လိုလိုပင် ဖြစ်ပါသည်။
ရပ်^ကျေးအုပ်ချုပ်ရေးမှူးများကို တစ်ပြေးညီ စနစ်တကျ ရွေးချယ်နိုင်ရန် သက်ဆိုင်ရာမှ ဥပဒေများ ထုတ်ပြန် ပေး ထားပြီး ဖြစ်သော်လည်း ပြီးခဲ့သော ကာလများတွင် စီမံခွင့်ရှိသူများက လိုသ လို လုပ်ကြံဖန်တီးကြခြင်း၊ ပြည်သူလူထု ကလည်း အမှုမဲ့အမှတ်မဲ့ ထားခဲ့ကြ ခြင်းတို့ကြောင့် ထင်သလောက်ခရီး မပေါက်ခဲ့ကြပါ။ ယခုထပ်မံ အသုံးလို သောအခါ ယောင်ဝါးဝါး ထင်မိထင်ရာ ပြောဆိုကြခြင်းဖြင့် မလိုလားအပ်သော စိတ်သောကများ ရောက်ရှိလာကြပါ တော့သည်။

ပုဒ်ထီးပုဒ်မများဖြင့် ရှည်လျားသော ဥပဒေစကားများ မပါဘဲ လူတိုင်း နားလည်လွယ်မည့် လက်တွေ့ ရွေးချယ် နည်း အဆင့်ဆင့်ကို လက်လှမ်းမီသမျှ အကျဉ်းချုပ် တင်ပြလိုပါသည်။

ပထမဆုံးအဆင့်အနေဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးမှ ရပ်^ကျေးအုပ်ချုပ်ရေး မှူး ရွေးချယ်ခြင်းကို ကြီးကြပ်နိုင်ရန် မိမိတို့ရပ်ရွာအတွင်း မှ အများကြည်ညို လေးစားပြီး ဩဇာ တိက္ကမရှိသူ ၅ဦးကို ရွေးချယ်ပါမည်။ အထူးသတိပြုရန်မှာ အုပ်ချုပ်ရေးမှူး အဖြစ် ဆောင်ရွက်မည့် သူများကို ထိုအဖွဲ့တွင် မပါဝင်စေရန် ဖြစ်ပါသည်။
ထိုကြီးကြပ်ရေးအဖွဲ့သည် ကျေးရွာ အုပ်စုအတွင်းရှိ အိမ်ခြေစာရင်းအရ တစ် ဆက်တစ်စပ် တည်းရှိသော အိမ်ထောင်စု များကို ဆယ်အိမ်စု အစုအဖွဲ့များ ဖွဲ့စည်း ရပါမည်။ ရပ်ရွာ၏ အိမ်ထောင်စု အ လိုက် ဆယ်အိမ်စု ကိုယ်စားလှယ်များ ရရှိပါမည်။ ဥပမာ အိမ်ခြေ ၃၅၀ ရှိသော ရပ်ရွာအုပ်စုတွင် ဆယ်အိမ်စု ကိုယ်စား လှယ် ၃၅ဦး ရရှိမည်ဖြစ်ပြီး အကယ်၍ အိမ်ခြေ ၃၅၄ ရှိပါက ဆယ်အိမ်စုကိုယ် စားလှယ် ၃၆ဦး ရရှိပါမည်။ အစွန်းထွက် သည်လည်း ကိုယ်စားလှယ်တစ်ဦး ရရှိပါ မည်။

အိမ်ထောင်စုအသီးသီးမှ အိမ် ထောင်ဦးစီး(သို့) အသက် ၁၈နှစ်ပြည့် ပြီးသူ အိမ်ထောင်စုကိုယ်စား လှယ် တစ် ဦးစီကိုရွေးချယ်ရပါမည်။ အိမ်ထောင်စု ကိုယ်စားလှယ်ဆယ်ဦးမှ သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသူပုဂ္ဂိုလ် တစ်ဦးကို ဆယ်အိမ်စုကိုယ်စားလှယ်အဖြစ် လျှို့ဝှက် မဲပေး ရွေးချယ်ရပါမည်။ အရွေး ချယ်ခံရသူများ၏ အမည်နှင့် ကိုယ်ရေး အချက်အလက်များကိုလည်း ပြုစုထား ရပါမည်။

သတိပြုရမည်မှာ ဆယ်အိမ်စုကိုယ် စားလှယ်များသည် အုပ်ချုပ်ရေးမှူး အ တွက် သတ်မှတ်ထားသော အရည် အချင်းနှင့်ပြည့်စုံရမည်။ တစ်နည်းဆိုသော် အုပ်ချုပ်ရေးမှူးလောင်းသည် ဆယ်အိမ်စု ကိုယ်စားလှယ် ဖြစ်နေရပါမည်။
အုပ်ချုပ်ရေးမှူး အရည်အချင်း များမှာ –
(က) နိုင်ငံသား မိဘနှစ်ပါးမှ မွေး ဖွားသော နိုင်ငံသား ဖြစ်ရမည်။
(ခ) အသက် ၂၅ နှစ် ပြည့်ပြီး သူဖြစ်ရမည်။
(ဂ) သင့်တင့်သော ပညာအရည် အချင်းရှိသူ ဖြစ်ရမည်။
(ဃ) စားဝတ်နေရေး ဖူလုံသူဖြစ် ရမည်။
(င) သက်ဆိုင်ရာ ရပ်ရွာအတွင်း တစ်ဆက်တည်း အနည်းဆုံး ဆယ်နှစ် နေထိုင်လျက်ရှိသူဖြစ်ပြီး တာဝန် ထမ်း ဆောင်ချိန်တွင်လည်း ရပ်ရွာတွင် အမှန် တကယ်နေထိုင်သူ ဖြစ်ရမည်။
(စ) ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူ ဖြစ်ရမည်။
(ဆ) ကျန်းမာရေး ကောင်းမွန်ပြီး ပေးအပ်သည့် တာဝန်ကို ထမ်းဆောင် နိုင်စွမ်း ရှိသူဖြစ်ရမည်။
(ဇ) နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏ အကျိုးကို စေတနာ ထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူ ဖြစ်ရ မည်။
(ဈ) အတူနေ မိသားစုဝင်များသည် လည်း အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုး သား ဖြောင့်မတ်သူ ဖြစ်ရမည်။
(ည) တာဝန်ထမ်းဆောင်ဆဲ အစိုးရ ဝန်ထမ်း မဖြစ်စေရ။
(ဋ) လက်နက်ကိုင်အဖွဲ့အစည်း မတရားအသင်းတို့တွင် ပါဝင်သူ ၊ ဆက် သွယ်သူ မဖြစ်စေရ။
စသည်တို့ ဖြစ် ပါသည်။

ပြုစုထားသော စာရင်းပါ ဆယ်အိမ် စု ကိုယ်စားလှယ်တစ်ဦးချင်းကဖြစ်စေ၊ တစ်ဦးထက်ပိုသူများက ဖြစ်စေ မိမိ တို့အနက်မှ အုပ်ချုပ်ရေးမှူးအဖြစ် ခန့် အပ် တာဝန်ပေးလိုသူကို အမည်စာရင်း တင်သွင်းစေပြီး ပြုစုရပါမည်။ စာရင်းပါ ပုဂ္ဂိုလ်များအနက်မှ အုပ်ချုပ်ရေးမှူး အဖြစ်တစ်ဦးကို ဆယ်အိမ်စု ကိုယ်စား လှယ် အားလုံးက လျှို့ဝှက်မဲပေး ရွေး ချယ်စေ ရပါမည်။

အကယ်၍ ဆန္ဒမဲတူညီနေခြင်း၊ အငြင်းပွားခြင်းတို့ ဖြစ်ပေါ်ပါက ညှိနှိုင်း ဖြေရှင်းခြင်း မလုပ်ဘဲ ဆန္ဒမဲပေးခြင်း ကိုသာ ထပ်မံပြုလုပ် ရွေးချယ်ရပါမည်။ မဲများ အရေအတွက်ကို ဦးစားပေးအလိုက် စာရင်းပြုစုကြေညာပြီး မြို့နယ်အုပ်ချုပ် ရေးမှူးထံ တင်ပြကာ ၎င်းမှတဆင့် ခရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြု ခန့်အပ် တာဝန်ပေးရပါမည်။ (ဒုတိယ ဦးစားပေး အဆင့်ရရှိသူသည်အကြောင်း အမျိုးမျိုး ကြောင့် လစ်လပ်သွားသော အုပ်ချုပ်ရေး မှူး တာဝန်ကို ယာယီထမ်း ဆောင်မည့်သူ ဖြစ်ပါသည်။) လက်တွေ့တွင် ပိုမို အသေးစိတ် ရှုပ်ထွေးနိုင်ပါသော်လည်း ယေဘူယျ လုပ်ငန်းစဉ်များမှာ ဖော်ပြပါ နည်းအတိုင်း ဖြစ်ပါသည်။

စာရေးသူ အကြံပြု တင်ပြလိုသည် မှာ ရပ်ရွာအုပ်ချုပ်ရေးမှူးသည် ပြည်သူ နှင့် အနီးစပ်ဆုံး အစိုးရ ဖြစ်ပါသည်။ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးမှသည် မိမိတို့ ၏ နိစ္စဓူဝလုပ်ငန်းများအတွက် တွေ့ကြုံ ရင်ဆိုင်ရမည့်သူ ဖြစ်ပါသည်။ ဒီမိုကရေစီ သဘောတရားအရ အများစု၏ ဆုံးဖြတ် ချက်ကို အနည်းစုက မကျေနပ်သည့်တိုင် လေးစားလက်ခံ ကြရမည် ဖြစ်ပါသည်။ မိမိတို့ လိုအပ်ချက် ပြည်စုံစေရန် တရား သဖြင့် ကြိုတင်ပြင်ဆင် စည်းရုံးကြရ မည်။
မိမိတို့ လိုဘကို အခြေခံသော လို ချင် မျက်စိရှိသူများက ဥပဒေကို လက် တစ်လုံးခြား လှည့်ဖြားမခံ ကြရအောင် သတိချပ် သင့်ပါသည်။ အိမ်ထောင်စု ကိုယ်စားလှယ်များ ဆယ်အိမ်စုကိုယ်စား လှယ်များ စတင် ရွေးချယ်စုဖွဲ့စဉ်က ပွင့်လင်းမြင်သာပြီး အများစု လက်ခံ နိုင်အောင် စီမံသင့်ပါသည်။ လူဦးရေပြည့် မီအောင် တိုးတိုးတိတ်တိတ် လက်ဝါးရိုက် လုပ်ဆောင်ကြောင်း (သို့မဟုတ်) စီမံခွင့် ရှိသူများက မရိုးမသား လုပ်ကိုင်ဆောင် ရွက်ကြောင်း ထင်ရှားပါက တိတိကျကျ ထောက်ပြ ကန့်ကွက်သင့် ပါသည်။

လုပ်ငန်းစဉ် အဆင့်ဆင့်ကို မသိ၍ ဖြစ်စေ မိမိကိုယ်တိုင် စိတ်မဝင်စား ၍ဖြစ် စေ အရေးမပါသော ကိစ္စတစ်ခု သဖွယ် သဘောမထားဘဲ မိမိတို့၏အခြေခံ ရပိုင် ခွင့်ကို အသုံးချခြင်းအားဖြင့် အနည်းဆုံး စောင့်ကြည့် အကဲဖြတ်ခြင်းများ ပြုလုပ် သင့်ကြသည်ဟု ယူဆမိပါသည်။
သို့မှသာ အခြေခံကျသော လုပ်ငန်း စဉ်မှသည် မြင့်မားသော ပြုပြင် ပြောင်းလဲ ရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ကိုင် ဆောင်ရွက်ကြရမည့် ကျွန်ုပ်တို့နိုင်ငံ တော်ကြီးအတွက် နိုင်ငံသားတိုင်းကောင်း မွန်သော အလေ့အကျင့်များ ရရှိပြီး စိတ် ချမ်းမြေ့ ပျော်ရွှင်ဖွယ် အနာဂတ်လူမှု အဖွဲ့အစည်းကြီးကို ဖန်တီးနိုင်ကြမည် ဖြစ်ပါသည်။