တားမြစ် စားသောက်ကုန်ကိစ္စ ထိထိရောက်ရောက် ပညာပေးသင့်ဟု ရေးမြို့ခံများ ထောက်ပြ

0
400

တားမြစ် စားသောက်ကုန်များကိစ္စ ထိထိရောက်ရောက် စစ်ဆေးမှု၊ ပညာ ပေးမှုများ လိုအပ်သည်ဟု ရေးမြို့ခံ များက ပြောသည်။

ယခုလ ၂၉ ရက်နှင့် ၃၀ ရက်များ တွင် မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီ ဦးဆောင် ကာ ရေးမြို့နယ် ထွေ^အုပ် ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့အနေဖြင့် ရေးမြို့အတွင်းရှိ ဈေးဆိုင် များတွင် လာရောက်စစ်ဆေးပြီးနောက် ဒေသခံများက ယင်းသို့ ထောက်ပြသည်။
food_not_eat
ဆိုင်ရှင်များအနေဖြင့် ရောင်းချရန် မသင့်တော်သည့် စားသောက်ကုန်များကို သိရှိစေရေးအတွက် ထိရောက်စွာ စီမံ ပေးမှု လိုအပ်နေကြောင်း၊ အပြစ်ပေးခြင်း ထက် ထိရောက်သည့် ပညာပေးမှုများ လိုအပ်နေကြောင်း၊ ထုတ်လုပ်သူများ ကိုလည်း ပစ်မှတ်ထား စစ်ဆေးသင့် ကြောင်း ကုန်စုံဆိုင်ပိုင်ရှင် ဦးကိုရီဋ္ဌေးက သုံးသပ်သည်။

“ရောင်းချတဲ့သူတွေအနေနဲ့လဲ ဘယ်လို ပစ္စည်းတွေက ရောင်းချသင့်လဲ မသင့်သလဲဆိုတာ သိရှိအောင် သေသေ ချာချာ ပညာပေးမှု လိုအပ်ပါတယ်}} အဲ့လို သိမှလည်း ရောင်းချတဲ့သူတွေက ရွေး ချယ်ဝယ်ယူ ရောင်းချနိုင်မှာပေါ့” ဟု ဦးကိုရီဌေးက ပြောသည်။

“အစားအသောက်တွေထဲမှာ ဆိုးဆေးပါတဲ့ဟာတွေ၊ မှတ်ပုံတင်ရှိ / မရှိနဲ့ အန္တရာယ်ရှိမယ့်ဟာတွေကို စစ်ဆေး ပါတယ်။ စစ်ပြီးတော့ နောက်ထပ်မ ရောင်းရအောင်ပေါ့၊ ရည်ရွယ်ချက်က ပညာပေးမယ်၊ သိမ်းဆည်းမယ်ပေါ့၊ အရေးယူတာတော့ မပါသေးပါဘူး။ ထပ်ပြီးတော့လည်း ပြည်သူတွေ သိရှိ အောင် ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အသိပေးသွားမှာ ဖြစ်ပါတယ်”ဟု ရေးမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံ အုပ် ဒေါက်တာ မေစန်းချိုက ပြောသည်။

မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီဦးဆောင် မှုဖြင့် ၂ ရက်တာ သိမ်းဆည်းခဲ့သော အစားအသောက်နှင့် အလှကုန်ပစ္စည်း များတန်ဖိုး စုစုပေါင်း ၂ သိန်းဝန်း ကျင်ခန့်ကို ဒီဇင်ဘာလ ၃၀ ရက်တွင် ရေးမြို့အဘော် လေယာဉ်ကွင်းဟောင်း တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရ သည်။