နှစ်သစ်ကူးညတွင် စကားများ ရန်ဖြစ်ရာမှ လူသေဆုံးမှုဖြစ်

0
343

ကော့သောင်းမြို့၊ ရွှေပြည်စိုး ကျေးရွာတွင် နှစ်သစ်ကူးညက အရက် သောက်ရင်းစကားများရန်ဖြစ်ရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာယင်းညက နေလင်း အောင်၊ ထွန်းဝင်းလှိုင်နှင့် အောင်ပိုင်ဦး တို့ ၃ ဦးသည် ရွှေပြည်စိုးကျေးရွာ ဂေါက် ကွင်းအနီး ထမင်းဆိုင်တွင် အရက်သောက် ရင်း စကားများရန်ဖြစ်ရာပြီး အောင်ပိုင်ဦး နှင့်ထွန်းဝင်း လှိုင်တို့က နေလင်းအောင်ကို လက်သီး ဖြင့် ထိုးစဉ်နေလင်းအောင်က အနီးတွင် ရှိနေသော ပုလင်းကွဲဖြင့် ပြန် ထိုးကြောင်း သိရသည်။

ယင်းသို့ ပြန်ထိုးရာ ထွန်းဝင်း လှိုင်တွင် လည်ပင်းနှင့် မျက်နှာတို့တွင် ဒဏ်ရာများရရှိပြီးဆေးရုံတွင် သေဆုံး ခဲ့ပြီး နေလင်းအောင်တွင်လည်း ယာမျက် ခမ်းတွင် ပေါက်ပြဲဒဏ်ရာများရခဲ့သည်ဟု အထက်ပါ ရဲစခန်းမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒုရဲ အုပ် အောင်ဇော်မင်းထွန်းမှ တရား လိုပြု တိုင်တန်းထားပြီး မြို့မရဲစခန်းမှ ပြစ်မှု ဆိုင်ရာပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။