ဖူးခက်အနီး မုန်တိုင်းကြောင့် ပျောက်ဆုံးနေသော မြန်မာရေလုပ်သားများကို ထိုင်းကယ်တင်

0
461

မြန်မာနိုင်ငံမှ သစ်များတင်ဆောင် ကာ မလေးရှားနိုင်ငံသို့ ထွက်ခွာလာ သည့်စက်လှေတစ်စီးမှာ ထိုင်းနိုင်ငံ ဖူးခက်မြို့အနောက်ဘက် ပင်လယ် ပြင်အတွင်း နစ်မြုပ်သဖြင့် ပျောက်ဆုံးနေ သော မြန်မာရေလုပ်သား ၇ဦးကို ထိုင်း ရေတပ်မှ ကယ်တင်ခဲ့သည်။

မလေးရှားနိုင်ငံ ပီနန်မြို့သို့ ခုတ် မောင်းလာသော ယင်းစက်လှေသည် ဖူးခက်မြို့ အနောက်ဘက် ရေပြင်မိုင် ၁၀၀ ခန့်တွင် ဒီဇင်ဘာလ ၂၉ ရက်က ရုတ်တရက် လေပြင်း မုန်တိုင်းကျရာမှ အောင်သစ္စာ အမည်ရ မြန်မာစက်လှေ နစ်မြုပ်သွားခဲ့ပြီး ရေလုပ်သားများ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဖူးခက်သတင်းဌာနတွင် ဖော်ပြထားသည်။

စက်လှေ လုပ်သားများကို ထိုင်း ရေတပ်မှ စစ်သင်္ဘောတစ်စီးနှင့် ဖူးခက် မြို့မှ အရေးပေါ်ကယ်ဆယ်ရေး ရဟတ် ယာဉ်တို့မှ ရှာဖွေကယ်ဆယ်ခဲ့ရာ ဒီဇင်ဘာလ ၃၀ ရက်တွင် ရေလုပ် သား ၇ ဦးကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့တို့က ထုတ် ပြန်ကြေညာချက်သည်။
စက်လှေ လုပ်သား ၇ ဦးအနက် ၆ ဦးမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိပြီး တစ်ဦးသာ ဆေးဝါကုသမူခံနေရ သည်ဟု သိရသည်။