လိပ်ကျွန်းကိစ္စအတွက် ထိုင်းအစိုးရအား တောင်းဆိုရန် လက်မှတ်စုဆောင်း

0
403

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာ ၂ဦးအား သက်သေ အထောက်အထား အချက်အလက် မခိုင် လုံဘဲ သေဒဏ်ချမှုအပေါ် ပြန်လည် စိစစ်ပေးရေး ထိုင်းအစိုးရအား တောင်း ဆိုရန်အတွက် လက်မှတ်များကို စုဆောင်း နေကြောင်း မြိတ်မြို့နယ် လူငယ်ကွန် ရက်အဖွဲ့ တာဝန်ခံမသီတာထံမှ သိရ သည်။

မြိတ်ခရိုင် တက္ကသိုလ်ကျောင်း သားများသမဂ္ဂ အဖွဲ့ဝင်များနှင့် လူငယ် ကွန်ရက် အဖွဲ့ဝင်များရှိသည့် ကျွန်းစု မြို့နယ်နှင့် ကျေးရွာတချို့တို့တွင် လည်း လက်မှတ်များ စုဆောင်းနေသည် ဟု မသီတာက ပြောသည်။

” မြိတ်တက္ကသိုလ်က ကျောင်းသား/သူ တွေရဲ့ လက်မှတ် တစ်ရာကျော်ရရှိ ခဲ့ပါ တယ်” ဟု မြိတ်ခရိုင် တက္ကသိုလ် ကျောင်း သားများ သမဂ္ဂအဖွဲ့ဝင် တစ်ဦး ဖြစ်သူ မဇင်ဇင်မိုးက ပြောသည်။

လက်မှတ်များကို ဇန်နဝါရီ ၁ ရက် နောက်ဆုံးထား စုဆောင်းမည်ဖြစ်ကာ ရရှိသည့် လက်မှတ်များကို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးသို့ ပေးပို့သွားမည်ဟု လူငယ် ကွန်ရက်မှ သိရသည်။

မြိတ်တွင် လိပ်ကျွန်းမှ သေဒဏ်ကျ ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးအတွက် ဒီဇင်ဘာ ၂၅ ရက်က ဆန္ဒပြခြင်း၊ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၉ ရက်တို့တွင် လေးကျွန်းဆီမီးသိမ်တော်ကြီး နှင့် မဟာသိဒ္ဓိဇယျစေတီတော်ကြီးတို့တွင် ဆုတောင်းပွဲပြုလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။