တန်ဖိုးသင့် အရစ်ကျ အိမ်ရာမြေ ဝယ်လိုအားများ

0
494

မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာမြေများ ကို ဒီဇင်ဘာလ ၃၀ ရက်မှ ၃၁ ရက် နေ့အထိ အရစ်ကျစနစ်ဖြင့် ရောင်းချ သော အိမ်ရာ အရောင်းပြပွဲတွင် ဝယ်လို အားများပြားပြီး လက်ကျန်မရှိတော့ကြောင်း ယင်းစီမံကိန်း တာဝန်ရှိသူ ဦးအောင်မျိုး လတ်ထံမှ သိရသည်။

အိမ်ရာမြေ အရောင်းပြပွဲကို မြိတ် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ မြိတ်မြို့တွင် ပထမဆုံး စတင်ရောင်းချခြင်း ဖြစ် သည်။
အနာဂတ်စိန်ပွင့် အိမ်ရာမြေစီမံ ကိန်းနှင့် အနာဂတ်ကြယ်စင် အိမ်ရာမြေ စီမံကိန်းတို့တွင် ရှယ်ယာရှင်များ ၇၀၀ နှင့် မြို့ခံများ ၅၀၀ တို့က စုစုပေါင်း အိမ်ရာနှင့် မြေကွက်များကို ၁၂၀၀ ကွက်တို့ကို ရောင်းချခဲ့ပြီး ယင်းအနက် အိမ်ယာ ၁၃၅ လုံး ပါဝင်သည် ဦးအောင် မျိုးလတ်က ပြောသည်။
“ကုမ္ပဏီကနောက် အိမ်ရာမြေစီမံ ကိန်းတွေ ထပ်လုပ်ဖို့ ရှိသေးတယ်”ဟု ဦးအောင်မျိုးလက်က ရှင်းပြသည်။
housing_buildings
တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ မြေများကို ကျပ်သိန်း ၃၀ တန် မြေတစ် ကွက်ကို ဝယ်ယူပါက ကျပ် ၁ သိန်းခွဲ ကနဦး ပေးသွင်းရမည်ဖြစ်ပြီး လစဉ် ကျပ်လေးငါးသောင်းအထိ ပေးသွင်း ရမည်ဖြစ်ကာ ကျပ် ၇၅ သိန်း တန် အတွက်မူ ကနဦးပေးသွင်းငွေ ကျပ် ၃ သိန်းသတ်မှတ်ပြီး လစဉ် ပေးသွင်းရ မည့်ငွေ ကျပ်တစ်သိန်း နှစ်သောင်း သတ်မှတ်ထားကြောင်း သိရသည်။

ကျပ်သိန်း ၉၀တန် မြေကွက် အတွက်မူ ကနဦး ပေးသွင်းရမည့်ငွေ ကျပ်ခြောက်သိန်းဖြစ်ပြီး လစဉ် နှစ်သိန်း သုံးသောင်းကျပ် ပေးသွင်းရမည်ဖြစ်ကာ အိမ်ပါသည့် ကျပ်သိန်း ၂၅၀ တန်ကိုမူ ကနဦး ကျပ်သိန်း ၃၀ ကို ပေးသွင်းရမည် ပြီး၊ လစဉ် ကျပ် ၇ သိန်းပေးသွင်းရမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရ သည်။

မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ရောင်းချသည့် အိမ်ရာမြေစီမံကိန်း များကို ဝယ်သူများသည် ငွေအကျေ ပေးချေပြီးမှသာ မြေကွက်နှင့် အိမ်ရာ မြေများကို ပိုင်ဆိုင်ခွင့်ရမည်ဖြစ်ပြီး၊ မြေကွက်ဝယ်ယူထားသူများ ၃ နှစ် အတွင်း ငွေပေးသွင်း ရသူများသည်၊ တစ်နှစ်အတွင်း အိမ်ဆောက်ခွင့်ပေးမည် ဖြစ်ကာ၊ ၅ နှစ် ငွေပေးသွင်းသူများအား ၂ နှစ်အတွင်း အိမ်ဆောက်ခွင့်ပေး မည်ဖြစ်ကာအိမ်ပါသည့်ကျပ်၂၅၀ တန် ကိုမူ ၂ နှစ်အတွင်း အိမ်အပြီးဆောက် လုပ်ပေး မည်ဖြစ်ကြောင်း သိရသည်။