လိပ်ကျွန်းပေါ်တွင် လုံခြုံရေးတိုးချ

0
428

မြန်မာနိုင်ငံတွင် လိပ်ကျွန်း လူ သတ်မူ တရားစီရင်ချက်အပေါ် ရှုတ်ချ ဆန္ဒပြမူများ ဖြစ်ပေါ်နေသည့်အတွက် ထိုင်းနိုင်ငံ လိပ်ကျွန်းပေါ်တွင် လုံခြုံရေး တိုးမြင့်ချထားကြောင်း ယင်းကျွန်းရှိ မြန်မာများထံမှသိရသည်။မြန်မာနိုင်ငံမှ ဆန္ဒပြမှုများ လိပ် ကျွန်းပေါ် ကူးစက်လာကာ ကျွန်းပေါ်မှ မြန်မာများ ဆူပူလှုပ်ရှားလာမည်ကို စိုးရိမ်သောကြောင့် ထိုသို့ လုံခြုံရေး တိုးမြှင့်ချထားခြင်း ဖြစ်ကြောင်း ၎င်းတို့ ထံမှ သိရသည်။

” ည ၁၀ နာရီကျော်ရင် အလုပ် မရှိဘဲ လမ်းမထွက်ခိုင်းဘူး။ အုပ်စုဖွဲ့ ထိုင်တာ လူ ၅ယောက် စုမနေခိုင်း တာတွေကို အလုပ်ရှင်တွေက အလုပ် သမားတွေကို ပြောထားတယ်” ဟု လိပ်ကျွန်းပေါ်တွင် အလုပ်လုပ်ကိုင်နေ သော မြန်မာတစ်ဦးဖြစ်သည့် ကိုရဲဝင်း လိုင် ကဆိုသည်။
ကျွန်းပေါ်ရှိ လှေဆိပ်၊ လမ်းများ၊ လူစည်ကားရာ နေရာများနှင့် မြန်မာ အများစု နေထိုင်ရာ ပတ်ဝန်းကျင် အချို့ တွင် ရဲတပ်ဖွဲ့ဝင်များ ချထားကြောင်း ၎င်းတို့ထံမှ သိရသည်။

” ကျွန်းမှာတော့ အေးဆေးပါပဲ။ မြန်မာဘက်က ဆန္ဒပြ တောင်းဆိုမှု တွေကြောင့် ထိုင်းဘက်မှာ အသွားအလာ စစ်ဆေးမှုတွေ ပိုလုပ်လာပါတယ်}}ဟု စူရတ်ဌာနီခရိုင်တွင် နေထိုင်သည့် ဦးချို က ဆိုသည်။
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းတွင် ဖြစ်ပွား ခဲ့သည့် ဗြိတိန် နိုင်ငံသား နှစ်ဦး အသတ် ခံရမူ နှင့် ပတ်သက်၍ ထိုင်း တရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အစွပ်စွဲခံ မြန်မာနှစ်ဦး အပေါ် သေဒဏ် ချမှတ် လိုက်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း ထိုင်းတရားစီရင်ရေးကို ရူတ်ချဆန္ဒပြ ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

ထိုင်းမြန်မာ နယ်စပ် ကော့သောင်း မြို့တွင်လည်း ထိုင်းတရားစီရင်ရေး ရူတ် ချပွဲများ၊ မြန်မာနှစ်ဦးလွှတ်မြောက်ရေး ဆုတောင်း မေတ္တာပို့ခြင်းများ၊ တောင်း ဆိုမှုများ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။
လိပ်ကျွန်းပေါ်တွင် မြန်မာ အလုပ် သမား ရှစ်ထောင်ဝန်းကျင် နေထိုင် အလုပ်လုပ်ကိုင်လျက် ရှိသည်။