ထားဝယ်ရိုးရာ လုံချည် ရက်ကန်း စက်ရုံ စတင်လည်ပတ်

0
598

ထားဝယ်မြို့နယ်၊ ရွှေဂူတောင် ကျေးရွာတွင် တည်ဆောက်ထားသည့် ထားဝယ်ရိုးရာ လုံချည်ရက်ကန်းစက်ရုံ စတင်လည်ပတ်နေပြီဖြစ်ကြောင်း ထားဝယ်ရိုးရာ ရက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဘမြင့်က ပြောကြားသည်။လက်ရှိအချိန်တွင် ရက်ကန်းစက် ၃ လုံးဖြင့် တနေ့လျှင် ရိုးရာလုံချည် ၁၀ ထည်ကို ရက်လုပ်လျက်ရှိကာ လုပ်ငန်း တိုးချဲ့နိုင်ရန် အတွက် ရက်ကန်းစက် ၁၀လုံးကို ထပ်မံအမှာ ယူထားကြောင်း ၎င်းက ပြောသည်။

၁၉၅၆ခုနှစ်မတိုင်မီက ပျောက် ကွယ်ခဲ့သော ရှေးထားဝယ်ရိုးရာလုံချည် (မူလဒီဇိုင်း)ကို၂၀၁၄ခုနှစ်တွင် တနင်္သာ ရီတိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန် ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္ထလေးတိုင်းဒေသကြီးတို့ရှိ စက်ရက် ကန်းနှင့် ထားဝယ်သူ / သားများ အစဉ် အဆက် ရက်လုပ်လာသည့် လက်ရက် ကန်းတို့ကို လေ့လာပြီးနောက် ယင်းစက် ရုံကို တည်ဆောက်ခြင်း ဖြစ်သည်ဟု သိရသည်။
dawei_traditional_dress
“ရှေးထားဝယ် လုံချည် စစ်စစ်ကိုပဲ ရက်လုပ်သွားမယ်” ဟု ဦးဘမြင့်က ဆို သည်။
ရက်ကန်းစက်ရုံမှ အမျိုးသား၊ အမျိုး သမီးဝတ် ရှေးထားဝယ်ရိုးရာ လုံချည်ကို ဒီဇိုင်းတစ်မျိုးတည်းဖြင့် အရောင်အသွေးစုံ ချည်ထည်နှင့် ပိုးထည်လုံချည်များကို ရက်လုပ်မည် ဖြစ်ကြောင်း ၎င်းက ပြော ဆိုသည်။

လုံချည်များကို ရွှေဥဩတံဆိပ်ဖြင့် ဈေးကွက် အတွင်းသို့ လက်လီ၊လက္ကား ဖြန့်ဖြူး ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းကို မူ မသတ်မှတ်ရသေးကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

လက်ရှိအချိန်တွင် ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်တွင် ရက်လုပ်လျက် ရှိသော ရိုးရာလုံချည်များမှာ ထွက်နှုန်း နည်း၍ ဈေးကွက် လိုအပ်ချက်အရ စစ်ကိုင်းတိုင်းနှင့် မန္ထလေးတိုင်းတို့မှ ရက် လုပ်သော ဒီဇိုင်းအမျိုးစုံရှိသည့် ထားဝယ် ရိုး ရာလုံချည်များကို ထားဝယ်ရိုးရာ ဝတ်စုံ အရောင်းဆိုင်များက မှာယူ တင် သွင်း၍ ထားဝယ်ဈေးကွက် အတွင်း ရောင်းချလျက်ရှိသည်။

ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်တွင် လက်ရက်ကန်းစင် ၄စင်ရှိပြီး လက်ရက် ကန်းလုပ်ကိုင်သူ ၅ဦး၊ ၆ဦး ခန့်သာ ကျန်ရှိပြီး ရွှေဂူတောင်ကျေးရွာရှိ စက် ရက္ကန်းစက်ရုံတွင် ထားဝယ်ရိုးရာလုံချည် များကို ရက်လုပ်နိုင်ရန် မျိုးဆက်သစ် လူငယ်များကို လေ့ကျင့်သင်ကြား ပေး လျက်ရှိသည်ဟု အထက်ပါ ကော်မတီမှ သိရသည်။ ထားဝယ်ဈေးကွက်အတွင်း ထား ဝယ်ရိုးရာ အမျိုးသားချည်ထည်တစ် ထည်လျှင် ကျပ် ၉၀၀၀၊ အမျိုးသမီး လုံချည်တစ်ထည်လျှင် ကျပ် ၁၂၀၀၀၊ ကျပ် ၁၅၀၀၀စသဖြင့် ချည်ထည်အပေါ် မူတည်၍ ဈေးနှုန်းအမျိုးမျိုးသတ် မှတ် ကာ ရောင်းချလျက်ရှိပြီး ပိုးထည် တစ်ထည်ကိုမူကျပ် ၄၀၀၀၀ ကျော်အထိ ရောင်းချလျက်ရှိသည်ဟု သိရသည်။