ထားဝယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စကိတ်စီးပြိုင်ပွဲ ကျင်းပမည်

0
508

ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားက စားကွင်းနှင့် အပန်းဖြေဥယျာဉ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စကိတ် စီးပြိုင်ပွဲကို ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် ကျင်းပမည် ဟု မြန်မာနိုင်ငံ စကိတ်စီး အားကစားဝါ သနာရှင်များအဖွဲ့ထံမှ သိရသည်။

စကိတ်စီးပြိုင်ပွဲကို ပြိုင်ပွဲအမျိုး အစား ၃မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ကာ Inline Jam(၁မိနစ်အတွင်း ပေးထား သည့် ပစ္စည်း ကိရိယာများဖြင့် ခုန်ပြ ခြင်း) အမျိုးအစားအတွက် ဆု ၅ဆု၊ Inline Fun Run(Female) (စကိတ် ကွင်းအား ၃ပတ်စီးပြိုင်ပွဲ အမျိုးသမီး များ)အမျိုးအစားအတွက် ဆု ၃ဆုနှင့် Fun Run Skateboard (စကိတ်ဘုတ် ပြားဖြင့်ကွင်းအား ၃ ပတ်စီးပြိုင်ပွဲ) အမျိုးအစားအတွက် ဆု ၃ဆု သတ်မှတ် ထားကြောင်း မြန်မာနိုင်ငံ စကိတ်စီး အားကစားဝါသနာရှင်များအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်လတ်က ဆိုသည်။
sport_independent_day
“စကိတ်စီးနေကြတာ ၁၃ နှစ် အောက် ကလေးတွေ မပါတော့၊ အသက် အရွယ် သတ်မှတ်ထားခြင်း မရှိပါဘူး”ဟု ဦးလွင်လတ်က ပြောသည်။
စကိတ်စီးခြင်းကို အပျော်သဘော မဟုတ်ဘဲ အားကစားနည်းတစ်မျိုးအဖြစ် သိစေချင်ပြီး လူငယ်များ လေးလေးနက် နက်ဖြင့် အားကစားဆန်သည့် စိတ်ဓာတ် မျိုးဖြစ်လာစေရန် ရည်ရွယ် ကျင်းပရခြင်း ဖြစ်သည်ဟု ရွှေဝယ်သီရိ အားကစား ကွင်းနှင့် အပန်းဖြေဥယျာဉ် ပိုင်ရှင် ဦးအောင်နိုင်က ဆိုသည်။
ဇန်နဝါရီလ ၄ရက် ညနေတွင် ကျင်းပမည့် ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၀၀ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကာ မြန်မာနိုင်ငံစကိတ်စီး အားက စားဝါသနာရှင်များအဖွဲ့မှ သရုပ်ပြ စီး နင်းပြမည်ဖြစ်ပြီး ဒေသခံ ဟစ်ဟော့ပ် အဖွဲ့များမှ ဖျော်ဖြေသည့် အစီအစဉ် များကိုလည်း ထည့်သွင်းထားသည်ဟု ဦးအောင်နိုင်ထံမှ သိရသည်။

ယင်းပြိုင်ပွဲအား မြန်မာနိုင်ငံ စကိတ်စီး အားကစားဝါသနာရှင်များ အဖွဲမှဦးစီးကာ ရွှေဝယ်သီရိ အားကစား ကွင်းနှင့် အပန်းဖြေ ဥယျာဉ် အပါအဝင် အခြားကုမ္ပဏီများမှ ကူညီပံ့ပိုးပေးထား ကြောင်း သိရသည်။