ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံ ပြလျှင် ထားဝယ်မုန့်လက်သုပ် အခမဲ့ ကျွေးမည်

0
428

၆၈ ကြိမ်မြောက် လွတ်လပ်ရေး နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီလ ၄ရက်တွင် ဗိုလ်ချုပ်အောင် ဆန်းပုံ ပါဝင်သည့် ပိုက်ဆံ ပြသနိုင်လျှင် ထားဝယ် အမျိုးသမီးစင်တာတွင် ထား ဝယ်မုန့်လက်သုပ် အခမဲ့ ကျွေးမွေးသွား မည်ဟု အလှူရှင်ဦးဟန်ဝင်းက ဆိုသည်။

လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ် အောင်ဆန်းပုံ ပါဝင်သည့် ပိုက်ဆံ (အကြွေစေ့ အပါ အဝင်) ပြသနိုင်သည့် အသက် ၁၅ နှစ်အောက် ကလေးများအား မုန့်ဖတ် ၁၀ ပိဿာ ကုန်သည်အထိ အခမဲ့ ကျွေးမွေးသွားမည်ဖြစ်ပြီး ကလေး များအနေဖြင့် ယင်းပိုက်ဆံအား ပြန်ယူ လိုက ပြန်ယူသွားနိုင်ပြီး ပေးခဲ့ပါက အမှတ်တရ သိမ်းထားချင်ကြောင်း ဦးဟန်ဝင်းက ဆိုသည်။

“လူငယ်တွေ ပိုက်ဆံမှာ ဗိုလ်ချုပ်ပုံ ပါတယ်ဆိုတာ သိစေချင်လို့ပါ” ဟု ဦး ဟန်ဝင်း ပြောသည်။

လူကြီးများအနေဖြင့် ပတ်ဝန်းကျင်ရှိ ကလေးများအား ဗိုလ်ချုပ်ပုံ ပါဝင်သည့် ပိုက်ဆံပေးကာ မုန့်လက်သုပ် လာယူ ခိုင်း၍ရပြီး ယခုအကြိမ် ကျွေးမွေး ခြင်း သည် ပထမဆုံး အကြိမ်ဖြစ်ကာ နောက် လာမည့်နှစ်တွင် နိုင်သလောက် ပိုကောင်း အောင် ထပ်မံကျွေးမွေးသွားမည်ဟု ၎င်း က ဆက်ပြောသည်။ ထားဝယ်အမျိုး သမီး စင်တာ၌ ဇန်နဝါရီလ ၄ ရက်နေ့(လွတ်လပ် ရေးနေ့)တွင်အလှူရှင် ဦးဟန်ဝင်း-ဒေါ်ခင်ခင်ကြူ မိသားတစ်စုမှ နေ့လည် ၂နာရီမှ ၄နာရီအထိကျွေးမွေးသွားမည်ဖြစ် ကြောင်း သိရသည်။