ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပမည်

0
386

ယခုနှစ် ကရင်အမျိုးသားနှစ်သစ် ကူးပွဲတော်ကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် ဇန်နဝါရီလ ၆ရက် နေ့မှ ၁၀ရက်နေ့ထိကျင်းပမည်ဟု ကရင် အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ ရေးဗဟိုကော်မတီထံမှ သိရသည်။

L လွန်းဝါ၊ ဖြူဖြူကျော်သိန်း၊ L- ဆိုင်းဇီ၊ ချမ်းချမ်းစသောနိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေရေး အစီ အစဉ်အပြင်မေတ္တာရှင်အငြိမ့်၊ တိုင်းရင်း သားရိုးရာအကအလှများ၊ ကရင်ဒုံးယိမ်း အကများဖြင့် ဇန်နဝါရီလ ၆ရက်နေ့နှင့် ၇ရက်နေ့တွင် ဖျော်ဖြေမည်ဟု ယင်း ပွဲတော်မှ ဖြန့်ဝေသော လက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။

ပွဲတော်ကာလအတွင်း အားကစား ပြိုင်ပွဲ၊ ဈေးရောင်းပွဲ၊ ကရင်ဒုံးယိမ်း အကများ၊ ကရင်တိုင်းရင်းသားများ၏ အဆိုအက တို့ဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး ဇန်နဝါရီလ ၁၀ရက်တွင် အလံတင် အခမ်းအနားကို ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။