ရင်နာစရာ တက္ကသိုလ်မှသည် . . .

0
459

ဒီဇင်ဘာရောက်လို့ ကျောင်းတွေ ပြန်ဖွင့် ကျောင်းသူကျောင်းသား အသစ် တွေ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကျောင်း တော်ထဲ ရောက်လာတာ တွေ့ရတော့ လက်ရှိ တက္ကသိုလ်ကျောင်းသူ ကျောင်း သားတွေရဲ့ အaခြေအနေနဲ့ အရင်က အခြေအနေတွေကို နှိုင်းယှဉ်တွေးနေမိ ပါတယ်။

အရင်တုန်းက တက္ကသိုလ်ကြီးတွေ ဟာ မြို့ပြဧရိယာထဲမှာပဲ ရှိတာပါ။ ဒါပေမယ့် စစ်အစိုးရ လက်ထက်မှာတော့ တက္ကသိုလ် တော်တော်များများကို မြို့နဲ့ ဝေးရာ ဇနပုဒ်ကို နှင်ထုတ်လိုက် ကြပါ တယ်။ တက္ကသိုလ်ကြီးတွေကို မြို့ပြင်တွေ ပို့ပစ်တာဟာ ကျောင်းသားတွေ လှုပ်ရှား မှု တစ်ခုခုလုပ်ရင် အလွယ်တကူ တားဆီး နိုင်ဖို့ ဖြစ်တယ်လို့၊ မြို့တွင်းမှာဆို ပြည်သူ တွေနဲ့ အလွယ်တကူ ပေါင်းစည်းမိသွား မှာ စိုးလို့လည်း အမျိုးမျိုးထင်ကြေးပေး ကြပါတယ်။ ထားဝယ်တက္ကသိုလ်ဆို လည်း မြို့ရဲ့အနောက်ဘက် ကမြောကင်း ရွာနားကို ပို့ပစ်လိုက်ပါတယ်။ အရေး အကြောင်းဆို ကမြောကင်းတံတားကို ပိတ်ထားလိုက်ရုံပဲ မဟုတ်လား။ ထားဝယ် နည်းပညာ တက္ကသိုလ်ဆိုလည်း မြို့နဲ့ ၈မိုင် လောက်ဝေးတဲ့ မောင်မယ်ရှောင် ဘက်ကို ပို့ပစ်လိုက်ပါတယ်။

တက္ကသိုလ်တွေကို မြို့ပြင်ထုတ် လိုက်တော့ ကျောင်းသားတွေမှာ အခက် အခဲပေါင်းစုံ ကြုံကြရပါတယ်။ သွားရေး လာရေး၊ နေထိုင်စားသောက်ရေး အားလုံး အခက်တွေ့ ကြရပါတယ်။ ဖယ်ရီကားတွေ ကောင်းကောင်း မရှိတော့ ဆိုင်ကယ်ကိုပဲ အားကိုးကြရပါတယ်။ ဆိုင်ကယ်နဲ့ ကျောင်းတက်ကြရင်း ယာဉ်မတော်တဆ မှုတွေ မကြာခဏဖြစ်ကြတော့ ဒဏ်ရာရ သူရ၊ တစ်ချို့ဆို အသက်ပါဆုံးရှုံးရတဲ့ အထိပါ။ ဒါကလည်း ရင်နာစရာတွေထဲက တစ်ခုပါ။
ကျောင်းဆောင်ကြီးတွေက အပျံစား ဒါပေမယ့် ကျောင်းသားဦးရေကနည်း တော့ စာသင်ခန်းအလွတ်တွေဟာ ကျောင်း သားတွေအတွက် ဖဲဝိုင်းထောင်ရာ၊ မူးယစ်ဆေးသုံးစွဲရာ၊ သမီးရည်းစားချိန်း တွေ့ရာ နေရာတွေကို ဖြစ်လို့ပါ။ သံလျင် နည်းပညာတက္ကသိုလ်က ကျောင်းသား သမီးရည်းစားစုံတွဲရဲ့ စာသင်ခန်းထဲက အချစ်ဇာတ်လမ်းရုပ်သံဖိုင် အွန်လိုင်း ပေါ်ရောက်သွားတော့ တစ်နိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်ကုန်ပါတယ်။ အလားတူ ဇာတ်လမ်းတွေ တက္ကသိုလ် တော်တော်များများမှာ ရှိကြမှာပါ။ ဒါက လည်း ရင်နာစရာပါပဲ။

အရင်တစ်ချိန်က တက္ကသိုလ် ကျောင်း ကြီးတွေမှာ ကျောင်းသားတွေ နေထိုင်ဖို့ အဆောင်တွေ ရှိပါတယ်။ ကျောင်းသား တွေအတွက် နေထိုင်စားသောက်ရေးဟာ အင်မတန်မှကို အဆင်ပြေပါတယ်။ ကျောင်းသူတွေဆိုလည်း အဆောင်မှူး ဆရာမတွေရဲ့ အုပ်ချုပ်မှုအောက်မှာ စည်း ကမ်းတကျ နေထိုင်ကြရပါတယ်။ ညနေ ၆နာရီကနေ မနက် ၆ နာရီအတွင်း အဆောင်တွင်း အဆောင်ပြင် ထွက်ခွင့် မရှိပါဘူး။ အဆောင်ထဲမှာနေပြီး စာကျက် ကြရပါတယ်။ စစ်အစိုးရလက်ထက်မှာ တော့ နှစ်အတော်ကြာ တက္ကသိုလ် အဆောင်မှာ နေခွင့်မပေးပါဘူး။ တက္ကသိုလ် တော်တော်များများမှာတော့ ကျောင်းသားတွေ အတွက် အဆောင်ကို မရှိပါဘူး။ အဲဒီတော့ ကျောင်းသားတွေဟာ အဆင် ပြေသလို နေထိုင်ကြရပါတယ်။ တစ်ချို့ကလည်း အိမ်ငှားပြီးတော့ နေကြ ရပါတယ်။ တစ်ချို့ကလည်း ပုဂ္ဂလိက အဆောင်တွေမှာ နေကြရပါတယ်။

တစ်ချို့ အမျိုးသမီးဘော်ဒါဆောင် တွေမှာ ကြီးကြပ်ပေးမယ့် အဆောင်ပိုင်ရှင် ရှိပေမယ့်၊ တစ်ချို့ အဆောင် တွေမှာတော့ ကျောင်းသူတွေ သီးသန့်နေကြပါတယ်။ အဆောင်ပိုင်ရှင်မနေတဲ့ အဆောင်တွေ ဟာ ပိုပြီးတော့ လွတ်လွတ်လပ်လပ် ရှိ တတ်ကြပါတယ်။ ညကြီးအချိန်မတော် ယောက်ျm;၊ မိန်းမ ဝင်လိုက်ထွက်လိုက် ပါပဲ။ တံခါးမရှိ ဓားမရှိပါ။ သမီးမိန်း ကလေးရှင် မိဘတွေ သေသေချာချာ စုံ စမ်းပြီးမှ မိမိရဲ့သားသမီးတွေကို ထားစေ ချင်ပါတယ်။ အခုတော့ တက္ကသိုလ်တွေ မှာ ကျောင်းသားတွေအတွက် အဆောင် တွေ ဆောက်လုပ်ပြီးတော့ နေခွင့်ပေးနေ ပါပြီ။ ဒါပေမယ့် လွတ်လွတ်လပ်လပ် နေချင်တဲ့သူများတော့ အဆောင်လျှောက် ထားတဲ့သူ အင်မတန်မှနည်းတယ်လို့ သိရပါတယ်။ လွတ်လွတ် လပ်လပ် အထိန်း အကွပ်မဲ့ နေခဲ့တာကြာတော့ စည်းနဲ့ ကမ်းနဲ့နေရမှာ ကြောက်နေကြတာပါ။

အခုခေတ် လူငယ်တချို့ဟာ ချစ်မှု ရေးရာ ကိစ္စတွေမှာ ရဲတင်းလွန်း၊ အဆင် အခြင်မဲ့လွန်းတာကို တွေ့ရပါတယ်။ အဲလိုရဲတင်းလွန်း၊ ထိန်းချုပ်မှု အားနည်း လွန်းတော့ သူတို့လေးတွေရဲ့ အပျိုစင် ဘ၀ကို စောစီးစွာ စွန့်လွှတ်လိုက်ကြ ရပါတယ်။ တစ်ချို့ဆို ကျောင်း မပြီးခင်တောင် အိမ်ထောင်ကျသွားကြပါ တယ်။ ပညာမစုံခင် ကြင်ယာစုံသွားကြ တာပါ။ တစ်ချို့ဆို ယောက်ျားလေးက ခေါင်းရှောင်နေလို့ ကိုယ့်ကိုယ်ကို သေ ကြောင်းကြံတဲ့အထိပါပဲ။ ဒါက နောက် ထပ် ရင်နာစရာတစ်ခုပါ။

ဒီနေရာမှာ ဆေးကျောင်းသားကြီး တွေ အကြောင်းလည်း နည်းနည်း တော့ ပြောပါရစေ။ ဆယ်တန်းမှာ ကြိုးစားခဲ့လို့ ဆေးမှတ်မီတဲ့ ဆေးကျောင်းသားတွေ တော့ မဟုတ်ပါဘူး။ တက္ကသိုလ်တက် ရင်း ဆေးစွဲသွားတဲ့ ဆေးကျောင်းသား တွေ အကြောင်းပါ။ လူငယ်သဘာဝ စူးစမ်းချင်စိတ်၊ စမ်းသပ်ချင်စိတ်က များတော့ ဆရာ စိုးငယ်ပြောတဲ့ ဝင်းရီနဲ့ အတွေ့မှာ တမ်းတမ်းစွဲ ဖြစ်ကုန်ကြ ပါတယ်။ မိဘတွေဆီက အကြောင်း အမျိုးမျိုး ပြပြီးတော့ ပိုက်ဆံတောင်း။ ပိုက်ဆံရတော့ ဆေးချ။ နောက်ဆုံးတော့ ဆေးကျောင်းသားကြီးတွေ ဖြစ်ကုန် ကြပါတော့တယ်။ အရက်နဲ့မူးယစ်ဆေး ကြောင့် ဒုက္ခရောက်နေကြရတဲ့ ကျောင်း သားလူငယ်တွေ အတော်များ ပါတယ်။ အဲဒီလိုဖြစ်နေတာဟာ အရက်နဲ့ မူးယစ် ဆေးကို အလွယ်တကူ ဝယ်လို့ရနေလို့ လည်း ဖြစ်နိုင်ပါတယ်။ ဒါကို တာဝန်ရှိ သူတွေအနေနဲ့ ကြပ်ကြပ်မတ်မတ် ကိုင် တွယ်အရေးယူသင့်နေပြီလို့ ထင်ပါ တယ်။

ဆေးစွဲနေတဲ့ ကောင်လေးဟာ ငါသားသမီးဖြစ်နေမယ်ဆို ဘယ်လို နေမလဲဆိုတဲ့ ကိုယ်ချင်းစာ စိတ်လေး ထားပြီးတော့ လူကြီးမင်းများအနေနဲ့ လုပ်ပေးကြစေချင်တယ်။ လူငယ်တွေ အခုလိုဖြစ်နေတာဟာ နိုင်ငံအတွက် မကောင်းပါဘူး။ အနာဂတ် လူသား အရင်းအမြစ်တွေ ဆုံးရှုံးခြင်းပဲ ဖြစ်ပါ တယ်။ လူငယ်တွေကို အခုလိုမျိုး ဖြစ် အောင် စစ်အစိုးရက စနစ်တကျ ဖျက်ဆီး ခဲ့လေသလားဆိုပြီးတော့ သံသယ ဖြစ်မိ ပါတယ်။
အရင်တုန်း ကတော့ တက္ကသိုလ် ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့လို ထူးချွန် တဲ့ ခေါင်းဆောင်ကောင်းတွေ မွေးထုတ် ပေးရာနေရာ။ စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေးဆရာ၊ အဆိုတော် စသဖြင့် အနုပညာရှင်တွေ မွေးထုတ်ပေးရာ နေရာပါ။ အခုတော့ တက္ကသိုလ်တွေမှာ အဲဒီလိုပုဂ္ဂိုလ်တွေ သိပ်မထွက် တော့တာဟာ အာဏာရှင်စနစ်ကြောင့်လားဆိုတာ စဉ်းစားစရာပါ။

အခုချိန်ဟာ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကြီးတွေကို ကမ္ဘာ့အဆင့် မဟုတ်တောင် အရှေ့တောင် အာရှအဆင့် မှာ တစ်ခြားသော ဒေသတွင်း နိုင်ငံတွေရဲ့ တက္ကသိုလ်တွေနဲ့ ရင်ပေါင်တန်းနိုင် အောင် ဆောင်ရွက်ကြဖို့ အချိန်ကောင်း ပါပဲ။
ဒါကြောင့် ကျောင်းသူကျောင်းသား တွေအနေနဲ့ရော တက္ကသိုလ် တာဝန်ရှိသူတွေပါ အပြောင်းအလဲမှာ နောက်ကျ မကျန်ခဲ့ဖို့၊ ရင်နာ စရာ တက္ကသိုလ်တွေအဖြစ်မှ ရုန်းထွက်ဖို့ ကြိုးစားစေချင်ပါတယ်။

လမ်းစပေါ်လာတဲ့ အခွင့်အရေးတွေကို အလျင်အမြန်ရယူပြီး ရဲရဲ လုပ်ကြဖို့လည်း အားပေးချင်ပါတယ်။
ဒါမှလည်း ငွေကုန်ကြေး ကျခံပြီးတော့ သူများနိုင်ငံမှာ ကျောင်း သွားတက်စရာ မလိုတော့မှာပါ။
အရင်တုန်းကလို ဒေသတွင်းမှာ အဆင့်မြင့်ဆုံးသော တက္ကသိုလ် များ အမြန်ဆုံး ပြန်လည်မြင်ရဖို့ မျှော်လင့်ပါတယ်။