ထားဝယ်စီမံကိန်းအတွက် ရယူမည့်မြေတွင် ဒေသခံများ၏ မြေယာများ မပါဝင်ဟုဆို

0
504

ထားဝယ် အထူးစီးပွားရေးဇုန်စီမံ ကိန်းအတွက် ရယူရန် စက်မှု မြေငှား ဂရမ်လျှောက်ထားသည့် မြေဧက ၁၅၀၀၀ ခန့်တွင် ဒေသခံများ၏မြေများ မပါဝင်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီအတွင်းရေးမှူး ဦးခင်မောင်ချိုက ပြောကြားသည်။

အစိုးရပိုင်မြေဖြစ်သည့် သစ်တော မြေ၊ ကြိုးဝိုင်း^ကြိုးပြင်၊ စားကျက်မြေ၊ လမ်းမြေ၊ မြစ်ချောင်းမြေ၊ စက်ရုံမြေ၊ သာသနာ့မြေ၊ သုဿန်မြေ၊ စက်မှု ဝန်ကြီး ဌာနပိုင်မြေနှင့် အခြားမြေ စုစုပေါင်း ၁၅၄၇၅.၄၉ ဧကကို စက်မှုမြေ အဖြစ် လွှဲပြောင်းရန် ထားဝယ်အထူး စီးပွားရေး ဇုန် စီမံခန့်ခွဲရေးကော်မတီ နာမည်ဖြင့် ဒီဇင်ဘာလလယ်က ပြည်ထဲ ရေးဝန်ကြီး ဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ရုံးချုပ်ထံသို့လျှောက် ထားခဲ့ကြောင်း ထားဝယ်အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။

“ဥပဒေအရ စက်မှုမြေငှားဂရမ် ရ ပြီးမှ စက်မှုလုပ်ငန်းတွေ လုပ်လို့ရတယ် ဆိုတော့ လုပ်ထုံးလုပ်နည်းအရ စက်မှု မြေငှားဂရမ်ပြန် လျှောက်ထားတာပါ” ဟု ဦးခင်မောင်ချိုက ဆိုသည်။

လက်ရှိလျှောက်ထားသည့် မြေ ဧကတွင် ဒေသခံများ၏ မြေများ မပါဝင် သော်လည်း လျှောက်လွှာ မတင်ခင်က ပြည်သူများအနေဖြင့် ကန့်ကွက်ရန် ရှိပါ က ၁၅ ရက်အတွင်း ကန့်ကွက်နိုင် ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည့် အပြင် လက်ရှိ လျှောက်ထားဆဲကာလ တွင်လည်း ကန့်ကွက်ရန်ရှိပါက ကန့် ကွက်နိုင်ကြောင်း ဦးခင်မောင်ချိုက ဆိုသည်။

” တချို့ရွာသားတွေက သူတို့မြေ တွေပါလားလို့ လာမေးကြတာရှိတယ်။ အခုလိုပဲ ပြန်ရှင်းပြလိုက်တယ်။ နိုင်ငံ ပိုင်မြေဖြစ်တဲ့ မြေအမျိုးအစားတွေကို စက်မှုမြေအဖြစ် ပြောင်းလဲတာပါလို့ ပြောပြလိုက်တယ်” ဟု ၎င်းက ဆိုသည်။

စီမံကိန်း အကောင်အထည်ဖော် သည့်အချိန်တွင် လိုအပ်သည့်မြေများကို ချက်ချင်း အသုံးပြုနိုင်ရန်အတွက် စက်မှု မြေငှားဂရမ်အဖြစ် ယခုအချိန် ကတည်း က လျှောက်ထားခြင်းသာဖြစ်ပြီး မြေကို အသုံးပြုမည့် အချိန်ကာလမှာ စီမံကိန်း အကောင်အထည်ဖော်မှုပေါ်တွင် မူတည် ၍ လိုအပ်သလို အသုံးပြုမည် ဖြစ်သော ကြောင့် လတ်တလော အသုံးပြုရန် အတွက်မဟုတ်သေးကြောင်း ၎င်းက ပြောသည်။

ပြည်သူလူထုပိုင်ဆိုင်သည့် ဥ ယျာဉ်ခြံမြေများကိုမူ လျော်ကြေးပေး အပ်ပြီးမှသာ အသုံးပြုမည်ဖြစ်ပြီး စီမံ ကိန်းအကောင် အထည်ပေါ်မှုအပေါ် မူတည်၍ အသုံးပြုရန် လျာထားသည့် မြေများကို အဆင့်ဆင့် လျော်ကြေး ပေးလျော်မည်ဖြစ်ကြောင်း ဦးခင်မောင်ချို က ဆိုသည်။

“အခုလျှောက်တဲ့မြေတွေက ဒေသ ခံတွေ မပိုင်ဘူးဆိုပေမယ့် ဒေသခံ အားလုံးနဲ့ ဆိုင်တဲ့မြေတွေ ဖြစ်တယ်။ ဒီလို အားလုံးနဲ့ သက်ဆိုင်တဲ့မြေတွေက ဒေသခံတွေအတွက် တကယ်အရေးကြီး တယ်။ တကယ်လည်း လိုအပ်တယ်” ဟု ထားဝယ်အထူးစီးပွားရေးဇုန်ကို စောင့်ကြည့်လေ့လာနေသည့် လူငယ် တစ်ဦးဖြစ်သူ ကိုသန့်ဇင်အောင်က ပြော သည်။
စက်မှု မြေငှားဂရမ်လျှောက်ထား သည့်မြေများတွင် အများပြည်သူနှင့် သက်ဆိုင်သည့် စားကျက်မြေ၊ လမ်းမြေ၊ မြစ်ချောင်းမြေ၊ သုဿန်မြေ၊ သာသနာ့ မြေ စသဖြင့် ပါဝင်လျက်ရှိသည်။

အထူးစီးပွားရေးဇုန်စီမံကိန်းဧရိယာ အသစ်တွင် ကျေးရွာ ၆ရွာမှ ပြည်သူ လူထုပိုင်မြေ ၃၂၃၈၅.၉၆၁၂ ဧက ရှိပြီး လျော်ကြေးပေးပြီးသည့် မြေဧက ၅၇၇၆.၇၅ဧကအတွက် လျော်ကြေးငွေ ကျပ်သန်းပေါင်း ၂၃၄၃၃၂ ဒဿမ ၂၆၂၀ သန်းကို ယခင် စီမံကိန်းအကောင်အထည် ဖော်ချိန်က ပေးပြီးဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ထံမှ သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံ ကိန်းအသစ်အရ ပထမအဆင့် စီမံကိန်း ကို ၂၇ ကီလိုမီတာပတ်လည်ဖြင့် စတင် မည်ဖြစ်ပြီး နောက်ဆုံးအဆင့် စီမံကိန်း မှာ ၂၀၄.၅ စတုရန်းကီလိုမီတာရှိကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်စောင့် ကြည့်လေ့လာရေးအဖွဲ့ထံမှ သိရသည်။