၈ လခန့်ကြာ ရပ်နားပြီးနောက် မော်လမြိုင်-ဘီလူးကျွန်း သင်္ဘော ပြန်ပြေး

0
382

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) ကလွီဆိပ်သို့ ပြေးဆွဲနေသည့် သင်္ဘောများ ၈ ခန့် လကြာ ရပ်ဆိုင်းထားပြီးနောက် ဒီဇင် ဘာ ၂၁ ရက်နေ့မှစကာ ပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲထံမှ သိရသည်။

မော်လမြိုင်နှင့် ချောင်းဆုံသည် ရေလမ်းကြောင်းတစ်ခုကိုသာ အဓိက အားထား သွားလာနေကြရပြီး ယခင်က မော်လမြိုင်မှ ဘီလူးကျွန်း ချောင်းဆုံ ဘက်ကမ်းရှိ နတ်မှော်ဆိပ်သို့ သင်္ဘော ၂ စီးနှင့် ကလွီဆိပ်သို့ သင်္ဘော ၁ စီး စုစုပေါင်းသင်္ဘော ၃ စီးပြေးဆွဲပြီး ရေယာဉ်စစ်ဆေးမှုများ ပြုလုပ်ရန် ရပ် နားထားခဲ့သည်။
“အရင်ကတော့ ကလွီဆိပ်ကို သမိန်ဗရမ်းပြေးဆွဲတယ် သူကတော့ ကြံ့ခိုင်မှုမရှိတော့လို့ အပြီးပိုင်ရပ်နား လိုက်တယ်။ အဲဒီအစားကို အခု လူ ၆၀၀ လောက်ဆံ့တဲ့ ထီးလှိုင်ရှင်သင်္ဘောကို ပြေးဆွဲတယ်” ဟု သံလွင်ဌာနခွဲ လက် ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်း နိုင်က ပြောသည်။
ခရီးသည်နှင့် ရေယာဉ်အန္တရာယ် ကင်းရှင်းရန်အတွက် ရေကြောင်းညွှန် ကြားရေးဦးစီးဌာနမှ တစ်နိုင်ငံလုံးရှိ ရေ ကြောင်းသင်္ဘောများ စစ်ဆေးသည့် အစီအစဉ်ဖြင့် မွန်ပြည်နယ်အတွင်း ပြေး ဆွဲနေသည့် ရေယာဉ်များကိုလည်း

စစ် ဆေးခဲ့ကာ ပြေးဆွဲရန်မသင့်ဟုဆိုပြီး ပြန်လည်ပြင်ဆင်ရန် ရေယာဉ်အားလုံးကို မေလ ၁ ရက်နေ့မှစကာ ရပ်ဆိုင်းခဲ့သည်။
သင်္ဘော ပြန်လည်ပြေးဆွဲသည့် အတွက် မော်လမြိုင်-ချောင်းဆုံသို့ သွား လာနေရသည့် ဒေသခံများနေ့စဉ် ကြုံ တွေ့နေရသည့် အခက်အခဲများ အဆင် ပြေတော့မည်ဟု ဒေသခံတို့က ပြောသည်။

“သင်္ဘောပြန်ဆွဲတော့ အဆင်ပြေ တာပေါ့ သင်္ဘော ရပ်နားထားတုန်းကဆို အရမ်းကို ဒုက္ခရောက်ရတယ်၊ လှေနဲ့က အန္တရာယ်လည်း ရှိတယ်၊ စရိတ်လည်း ကြီးတယ်။ သင်္ဘောနဲ့ဆို ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်” ဟု ချောင်းဆုံဒေသခံ အမျိုးသမီး ဒေါ်ရင်ဦးက ပြောသည်။
ရေယာဉ်ကြံ့ခိုင်မှု စစ်ဆေးပြီး ပြန် လည်ပြေးဆွဲသည့် ရေယာဉ်များကိုလည်း ခရီးသွားများအတွက် လုံခြုံမှုရှိစေရန် လုံလောက်သည့် အသက်ကယ် အင်္ကျီများ စီစဉ်ထားသည့်အပြင် ယင်းအသက် ကယ် ပစ္စည်းများ အသုံးပြုပုံ အသုံးပြုနည်းကို လည်း သင်္ဘောမထွက်ခင် ပညာပေး ပုံစံဖြင့် ခရီးသွားပြည်သူများ သိရှိအောင် သရုပ်ပြလျက်ရှိကြောင်း ဦးလှဝင်းနိုင်က ပြောသည်။

ယင်းအပြင် အသစ်ပြန်လည် ပြေးဆွဲ သည့် ထီးလှိုင်ရှင် နှစ်ထပ် သင်္ဘောစီးခ နှုန်းထားသည်လည်း ယခင်က သတ်မှတ် ထားသည့်ခရီးသည် တစ်ဦး ၅၀၀ကျပ် နှုန်းဖြင့်သာ ကောက်ခံသွားမည်ဟု သိရ သည်။

၂၀၁၅ ခု နှစ်ဆန်းပိုင်းခန့်က ရခိုင် ပြည်နယ်တွင် အောင်တံခွန်သင်္ဘောတိမ်း မှောက်ပြီး လူအများအပြားသေဆုံးခဲ့ပြီး နောက်ပိုင်း ပြည်တွင်းရေးကြောင်း ပို့ ဆောင်ရေးဝန်ကြီးဌာနပိုင် ရေယာဉ်များ ကို ကြံ့ခိုင်မှုစစ်ဆေးခဲ့ကာ ရေယာဉ် အတော်များများ ပြေးဆွဲခွင့်ရပ်ဆိုင်းမှု ပြုလုပ်ခဲ့သည်။