ပွဲတော်များတွင် လောင်းကစား ခွင့်မပြုဟုဆို

0
364

ပွင့်လင်းရာသီတွင် စတင်ကျင်းပ လာသော ပွဲတော်များတွင် မည့်သည့် လောင်းကစားဝိုင်းမျိုးကိုမျှ ခွင့်ပြုထား ခြင်းမရှိဘူးကြောင်း    ကော့သောင်းမြို့ နယ်    ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ကော့သောင်းဒေသအတွင်း ကပြ ဖျော်ဖြေသည့်ဇာတ်ပွဲများနှင့် ဈေးရောင်း ပွဲတော်များတွင် စက်ဝိုင်းမျှားပစ်ကစားသည့်လောင်းကစားဝိုင်းများပါရှိလာပြီးယင်းကစားနည်းတွင် ငွေကြေးထည့်သွင်း ကစားလာသည့်ကိစ္စနှင့်ပတ်သက်၍ မေး မြန်းရာ ထိုသို့ဖြေကြားခြင်းဖြစ်သည်။
ယင်းကစားနည်းမှာ စက်ဝိုင်း အတွင်းရှိ အကွက်များကိုထိအောင်မျှာတံများဖြင့် ပစ်ပေါက်ရသည့်ကစားနည်း ဖြစ်ပြီး ကားချပ်ပေါ်တွင် အအေးဗူးတင် ထားသော်လည်း လက်တွေ့တွင်ငွေ ကြေးထိုးကာ အလျော်အစားပါသည့် လောင်းကစားမျိုးကို ခွင့်ပြုထားသည့် အလား ပွဲတော်နောက်ဘက်များတွင် တွေ့ရှိလာရသည်ဟု ကော့သောင်းမြို့ နေသူအချို့က ဆိုသည်။
” အစတုန်းကတော့ မျှားပစ်လို့ကိုယ် ထိုးတဲ့အကွက်ထိရင် အအေးဗူးပေးတယ်။နောက်ပိုင်းကျတော့ အပျော်ဆိုပြီးငွေနဲ့အလျော်အစားလုပ်လာကြတယ်”  ဟု အေးရိပ်ငြိမ်းရပ်ကွက်နေ ဦးအောင်မင်းက ဆိုသည်။