ထိုင်းရေပိုက်နက်အတွင်း မြန်မာငါးဖမ်းလှေတစ်စီး လုယက်ခံရ

0
387

ပါချန်မြစ်အတွင်း ထိုင်းရေပိုင်နက် တွင် မြန်မာငါးဖမ်းစက်လှေတစ်စီး ဒီဇင် ဘာလ ၂၀ ရက်နေ့ညက လုယက်ခံခဲ့ရပြီး နောက် တစ်ဦးပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း လုယက်ခံပြီးပြန်လည်လွတ် မြောက်လာသူများထံမှ သိရသည်။


ကော့သောင်းမြို့နယ်၊ ပါချန်မြစ် အတွင်း ထိုင်းရေပိုင်နက်သို့ အရောက် တွင် အမည်မသိ စက်လှေတစ်စီးနဘေး တွင် လိုက်ပါလာပြီး သေနတ်၊ ဓား၊ ဒုတ်များ ကိုင်ဆောင်ထားသောလူလေးဦး လှေပေါ်တက်လာကာ ခြိမ်းခြောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

thai_shipment
၎င်းတို့လှေပေါ် ပါလာသူများကို ရိုက်နက်ကာ ရေထဲသို့ပစ်ချခဲ့ပြီးလှေနှင့် အတူပါရှိလာသော ဂဏန်းများကိုယူ ဆောင်သွားခဲ့ကြောင်း လွတ်မြောက်လာ သူ ဦးလွမ်းဝေက ပြောသည်။
“ကျွန်တော်တို့လှေပေါ်တက်လာတဲ့ လူ၎ယောက်က မျက်နှာကိုအဝတ်မည်းတွေစည်းထားလို့ ဘယ်သူဘယ်ဝါဆိုတာ မသိဘူး။ လူကိုရိုက်နှက်လက်ပြန်ကြိုးတုတ်ပြီးရေထဲပစ်ချခဲ့တာ။ အဲဒီနောက် အသက်လုပြေးခဲ့ရတယ်” ဟု၎င်းက ဆိုသည်။
၎င်းတို့၏ အဆိုအရ လှေပေါ် တွင် လူသုံးဦး နှင့်ကာလတန်ဖိုး ဘတ်ခုနှစ် သောင်းနီးပါး တန်ဖိုးရှိဂဏန်း ကီလို ၁၈၀ ပါလာသည်။
“ရေထဲပစ်ချလိုက်တာနဲ့ လက်မှာ တုတ်ထားတဲ့ကြိုးတွေကို ကြိုးစားဖြေပြီး အဖေနဲ့ ကိုမင်းလတ်ကို လိုက်ရှာခဲ့ တယ်။ ခဏနေတော့ အဖေကိုပဲ တွေ့ပြီး ကိုမင်းလတ်ကို မတွေ့ဘူး။ ဒါနဲ့ကမ်းကို ရေကူးလာတော့ ထိုင်းငါးမျှားလှေ တစ်စီးကို အကူအညီတောင်းပြီးဆေး ရုံရောက်ခဲ့တာ” ဟုဦးလွမ်းဝေ၏ သား ဖြစ်သူက ဆိုသည်။
၎င်း တို့၃ဦးအနက် ဦးလွမ်းဝေ နှင့်သားဖြစ်သူသာ ထွက်ပြေးလွှတ် မြောက်လာပြီး ဂဏန်းရောင်းရန်လမ်း ကြုံလိုက်လာသည့် အမျိုးသားတစ်ဦးမှာ ယနေ့အထိ ပျောက်ဆုံးနေကြောင်း ဦးလွမ်းဝေက ဆိုသည်။
၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံ ရနောင်းဆေးရုံတွင် ဆေးကုသမူ ခံယူ လျက် ရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာလ၂၃ရက်နေ့တွင် ကော့သောင်း ခရိုင် နယ်စပ်ဆက်ဆံရေးရုံးမှ ရဲမှူး သောင်းညွန့်အဖွဲ့တို့သည် ရနောင်းခရိုင် နယ်စပ်ဆက်ဆံရေးရုံးအဖွဲ့တို့နှင့်အတူပါနမ်ရဲစခန်းတွင် အမှုဖွင့်ခြင်း၊ လှေဆိပ် များတွင် အဆိုပါလှေအား ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြပြီး အမှုမှန်ပေါ်ပေါက်ရေးပူး ပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။