နှစ်ဆန်း တစ်ရက်နေ့ နှင့် ရိုးရာဓလေ့များ

0
513

ယနေ့ ကမ္ဘာသုံးခရစ် ပြက္ခဒိန် နှစ်သည် မကြာမီ ရက်ပိုင်းအတွင်း နှစ် ဟောင်းကြွေ၍ နှစ်သစ်သို့ကူးပြောင်း တော့မည်ဖြစ်သည်။ ယခုလာမည့် ဒီဇင် ဘာလ ၃၁ ရက်နေ့၊ ကြာသပတေးနေ့ ညသန်းခေါင်ယံကျော်အချိန်တွင် ခရစ် သက္ကရာဇ် ၂၀၁၅ ခုနစ်သည် ကမ္ဘာ့လူ သားများအား နှုတ်ဆက်ကာ အပြီးအပိုင် ထွက်ခွာသွားတော့မည်။

ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် မိမိတို့ နှင့် သက်ဆိုင်ရာ ယဉ်ကျေးမှု၊ အစဉ် အလာ ရိုးရာဓလေ့များနှင့် ဥပါဒါန် အစွဲ အလန်း အယူအဆ အသီးသီး ရှိကြ၏။ တစ်ချို့သော ဓလေ့ထုံးထမ်း အစဉ်အလာ များသည် မည်သည့်အချိန်က မည်ကဲ့သို့ ပေါ်ပေါက်လာသည်ကို မသိသော်လည်း လူအများ ယနေ့အထိတိုင် ဆက်လက် ကျင့်သုံးနေကြဆဲဖြစ်သည်။ အရေးပါ သည့် နေ့ရက်၊ အချိန်ကာလ၊ အခမ်းအ နားများတွင် လူမျိုးအသီးသီးသည် မိမိ တို့ ဓလေ့ထုံးထမ်းအစဉ်အလာအရ ပြုမူ နေထိုင်စားသောက် တတ်ကြပေသည်။ ဤသို့ဖြင့် ကမ္ဘာ့လူသားအားလုံးနှင့် သက်ဆိုင်သော ဂျူလီယမ်ပြက္ခဒိန်၏ ခရစ်သက္ကရာဇ်နှစ်ဆန်း တစ်ရက်နေ့နှင့် ပတ်သက်၍ နှစ်ဟောင်းအား နှုတ်ဆက် ပြီး နှစ်သစ်အားကြိုဆိုသည့်အခမ်းအနား များကို မိမိတို့ရိုးရာ အစဉ်အလာအတိုင်း ကမ္ဘာအရပ်ရပ်တွင် ကျင်းပလေ့ရှိကြသည် တစ်ချို့အား ရေးသားဖော်ပြလိုက်ရ ပါသည်။

new_day_with_traditional

နှစ်တစ်နှစ်၏ ဇန်နဝါရီလ ၁ ရက် နေ့သည်နှစ်ဆန်းတစ်ရက်နေ့ ဖြစ် ကြောင်းကို   ဘေဘီလုံခေတ်တွင် စတင် သတ်မှတ်ခဲ့သည်ဟု လူအများက လက်ခံ ယုံကြည်ထားခဲ့ကြသည်။ ထိုခေတ် ထိုအချိန်မှစ၍ နှစ်သစ်စတင်မွေးဖွားလာ တော့မည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည သန်းခေါင်ယံအချိန်တွင် နှစ်ဟောင်းအား    နှုတ်ဆက်၍ နှစ်သစ်အားကြိုဆိုသည့် အခမ်းအနားများကို ကျင်းပလာခဲ့ကြပေ သည်။ ကမ္ဘာအရပ်ရပ်ရှိ လူမျိုးအသီးသီး တို့၏ မတူကွဲပြားသော နှစ်သစ်မိတ်ဆက် အခမ်းအနား ကျင်းပပုံကို တချို့တို့မှာ ဤသို့ဖြစ်၏။

နှစ်ဟောင်းနှုတ်ဆက် နှစ်သစ်ကြို
ရှေးအခါက အမေရိကန်ပိုင် ကိုလို နီနိုင်ငံများတွင် နှစ်ဆန်းတစ်ရက်နေ့ စတင်ကူးပြောင်းချိန် ပစ္စတိုသေနတ်များ ဖြင့် မိုးပေါ်သို့ ထောင်၍ ပစ်လေ့ ရှိကြသည်။ နှစ်ဟောင်းအား ဇီဝိန်ချွေ၍ နှစ်သစ်ကို ကြိုဆိုသည့် သဘောဖြစ်၏။ တရုတ်လူ မျိုးတို့က မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ဆူညံသံများဖြင့် နှစ်သစ် အား ကြီးကျယ် ခမ်းနားစွာ ကြိုဆိုသည့် ဓလေ့ရှိကြသည်။ ဆူညံသံဖြင့် မကောင်း ဆိုးဝါးများကို မောင်းထုတ်ပြီး၊ နှစ်သစ် လာရာလမ်း အမှောင်ထုကို လမ်းပြသည် ဟု ဆိုသည်။
ယနေ့ခေတ် အီတလီနှင့် တချို့ သော နိုင်ငံများတွင် နှစ်သစ်ကူးချိန်၌ ခရစ်ယာန် ဘုရားကျောင်းများတွင် သံစုံ ခေါင်းလောင်းများထိုး၍ နှစ်သစ်အားကြို ဆိုသည့် ဓလေ့ရှိကြသည်။ ယင်းဓလေ့ အား ၁၇၇၀ ခုနစ်တွင် အမေရိကန်နိုင်ငံ ဖီလာဒယ်ဖီးယားမြို့ရှိ စိန်ဂျော့မက်သ ဒစ် ဘုရားကျောင်းမှ စတင်ခဲ့သည်ဟု အဆိုရှိသည်။ နှစ်သစ်ကူးကြိုဆိုရာတွင် ဆွစ်ဇာလန်နိုင်ငံသားတို့က ဘင်ခရာများ ကို တီးမှုတ်၍လည်းကောင်း၊ မြောက်အ မေရိကတိုက်သားတို့ကမူ အချက်ပေး ဥဩအသံများဖြင့် လည်းကောင်း၊ ပါတီ ပွဲများ ကျင်းပနေစဉ် ခရာမှုတ်၍လည်း ကောင်း ခွဲခွာရတော့မည့် နှစ်ဟောင်းအား နှုတ်ဆက်ပြီး နှစ်သစ်အားကြိုဆိုသည့် ဓလေ့ရှိကြသည်။ နယ်သာလန်နိုင်ငံသား ဒတ်ခ်ျလူမျိုးတို့က နှစ်သစ်ကူးချိန် လမ်းမကြီးများပေါ်တွင် မီးပုံပွဲများကျင်း ပကာ နှစ်ဟောင်းမှ ဆိုးညစ်သည့် အရာ ဟူသမျှကို မီးရှို့ပစ်ပြီး နှစ်သစ်ကိုကြိုဆို ကြသည့် ဓလေ့ရှိတတ်ကြ၏။
စကော့လူမျိုးတို့ကမူ နှစ်သစ်ကူး ချိန်တွင် မိမိတို့အိမ်နီးနားချင်းများအား နှုတ်ဆက်ကာ နှစ်သစ်ဆုမွန်ကောင်း တောင်းတတ်ကြပေသည်။ စကော့တလန် ၏ မြို့တော် အီဒင်ဘာရာမြို့တွင် လူ တိုင်း ကိုယ်စီအရက်ပုလင်းကိုင်ဆောင်၍ လမ်းမကြီးများပေါ်တွင် တစ်ညတာလုံး ဦးတည်ရာမဲ့ လှည့်လည်သွားလာပြီး အရက်သောက်ကြကာ လမ်းလျှောက်ပါ တီပွဲများ ကျင်းပသည်ဆိုပြီး ခပ်ထွေထွေ ဖြင့် နှစ်သစ်အား ကြိုဆိုတတ်ကြပေသည်။ ဂျပန်နိုင်ငံတွင် နှစ်သစ်ကူးချိန် ဗုဒ္ဓဘုရား ကျောင်းများမှ မောင်း ၁၀၈ ချက်တီးလေ့ ရှိတတ်ပေသည်။ ဂျပန်တို့၏ အယူတွင် လူတိုင်းကိုယ်စီ၌ အားနည်းချက် ၁၀၈ ချက် ရှိသည်။ ယင်းအားနည်းချက်များ နှစ်သစ်တွင် ကင်းစင်ပပျောက်စေရန် မောင်းထုတ်သည်ဆို၏။ နှစ်ဆန်း တစ်ရက်နေ့တွင် မည်သည့်အလုပ်ကိုမှ မလုပ်ဘဲ ပျော်ရွှင်စရာကောင်းသောနေ့ ဟူ၍ သတ်မှတ်ထားကြသည်။ ကလေး ငယ်များကိုလည်း ကစားစရာအရုပ်များ နှင့် မုန့်ဖိုးပေးလေ့ရှိကြပြီး နှစ်သစ်ကူး ပို့စ်စကတ်များ အပြန်အလှန်ပေးပို့ခြင်း သည် ဂျပန်နိုင်ငံတွင် ခေတ်စား၏။ ဟော်လန်နိုင်ငံသားတို့ကမူ နှစ်သစ်ကူး ချိန်တွင် အမွှေးအကြိုင်များဖြင့် ရောစပ် ကာ ဝိုင်အရက်ထည့်၍ အရက်ခွက် ကိုယ်စီကိုင် မြှောက်ကာ နှစ်သစ် ဆုတောင်းပွဲ ကျင်းပလေ့ ရှိတတ်ကြပေ သည်။

နှစ်သစ်ကူး ညစာစားပွဲများ
လူမျိုးအသီးသီး၏ ကွဲပြားခြားနား သော နှစ်သစ်ကူး ညစာစားပွဲများတွင် အမေရိကန်နိုင်ငံ တောင်ပိုင်းသားတို့က ပဲ၊ ဝက်ပေါင်ခြောက်နှင့် ဝိုင်အဖြူသောက် ခြင်းသည် လာမည့်နှစ် တစ်နှစ်တာပတ် လုံး ကံကောင်းစေသည်ဟု အယူရှိကြ သည်။ အိုင်ယာလန်လူမျိုးတို့က ယင်း ညတွင် အစာသွပ်မုန့်များ ဖုတ်ကာ စားလေ့ ရှိကြပြီး၊ စပိန်လူမျိုးတို့က ယင်းတို့၏ ရှေးဓလေ့အစဉ်အလာအရ နှစ်သစ်ကူး ချိန်ရောက်သည်နှင့် လူတိုင်း လူတိုင်း စပျစ်သီး ၁၂ လုံးစီ စားတတ် ကြပြီး ယင်းသို့စားခြင်းဖြင့် လာမည့် နှစ်သစ်တွင် ၁၂ လလုံး ပျော်ရွှင်စရာ ကောင်းသောလများ ဖြစ်လာစေလိမ့် မည်ဟု အယူရှိကြ၏။ ဆွစ်ဇာလန်နိုင်ငံ သားတို့၏ နှစ်သစ်ကူး ညစာစားပွဲ များတွင် တစ်မူထူးခြားသော စားသောက် ပုံတစ်ခုမှာ ကြက်ဥနှင့် ချော့ကလက် တို့ဖြင့် အထူးစီမံပြုလုပ်ထားသော မလိုင် အား မိမိတို့အိမ်တွင်ချက်၍ နှစ်သစ် ကူးချိန်တွင် အိမ်သားများတစ်ယောက် တစ်ကော်စီ နှိုက်စားခြင်းဖြင့် နှစ်သစ်တွင် စီးပွားတိုးတက်စေသည် ဆို၏။Hashanah ခေါ် ဂျူးလူမျိုးတို့က နှစ် သစ်ကူးညစာစားပွဲတွင် ရိုးရာဓလေ့ တစ်ခုအနေဖြင့် ပန်းသီးတစ် စိတ်အား ပျားရည်တွင် နှစ်၍ စားတတ်ကြပေသည်။
ကမ္ဘာအရပ်ရပ်တွင် နှစ်သစ်ကူးချိန် ၌ ရှန်ပိန်အရက်ပုလင်းများ ဖွင့်ဖောက် သံဖြင့် နှစ်သစ်အား နှုတ်ခွန်းဆက် ကြို ဆိုကြသော်လည်း၊ စကော့လူမျိုးတို့ကမူ ရှန်ပိန်အစားမိမိတို့ အိမ်တွင်း ဝီစကီ အရက် တစ်ခွက်တစ်ဖလားသောက် ပြီးမှ အိမ်နီးနားချင်း မိတ်ဆွေများနှင့် ပါတီပွဲ များ ကျင်းပလေ့ ရှိကြပေသည်။ ဂရိနိုင်ငံ နှင့် ဆိုက်ပရပ်ကျွန်းနိုင်ငံတို့တွင် နှစ်သစ် ကူးညစာကို မိသားစု၊ ဆွေမျိုးမိတ် ဆွေများနှင့် အတူစားလေ့ရှိကြပြီး ငွေအကြွေစေ့ တစ်စေ့မြုပ်၍ ထည့်ဖုတ် ထားသော ကိတ်မုန့်အား လှီးဖဲ့ စား ကြသည်။ မိမိ ပန်းကန်ထဲ ကိတ်မုန့် တွင် အကြွေစေ့ပါလာသူအတွက် လာ မည့် တစ်နှစ်တာပတ်လုံး ကံကောင်း သည့် အထိမ်းအမှတ်အဖြစ် အယူရှိကြ သည်။ ယင်းသို့စားသောက်ပြီး သည့် နောက် ရိုးရာဓလေ့အစဉ်အလာ အတိုင်း တစ်ညတာလုံး ဖဲကစားလေ့ရှိ တတ်ကြ ပေသည်။

နှစ်သစ်ကူးသီချင်း
ကမ္ဘာအရပ်ရပ်ရှိ အင်္ဂလိပ်စကား ပြောသော နိုင်ငံများတွင် နှစ်သစ်ကူး အချက်ပေးသည့်အချိန်၌ Auld lang syne အမည်ရှိ အင်္ဂလိပ်သီချင်းအား သံပြိုင်သီဆိုလေ့ ရှိတတ်ကြသည်။ ယင်း သီချင်း၏ အဓိပ္ပာယ်သည် နှစ်ဟောင်း၏ လွမ်းစရာ ဖြစ်ရပ်ကလေးများကို တသပြီး နှစ်သစ်ကို ကြိုဆိုနှုတ်ဆက်သည့် သဘောကို ဆောင်ပေသည်။
ရူပဗေဒ ဝေါဟာရတစ်ခုဖြစ်သော ပိုင်ရီဒင်းအရွေ့ ဟူသော စကားသည်အရာ ရာ မသိမသာပြောင်းလဲနေရာမှ မြင်သာ ထင်သာ သိသိသာသာပြောင်းလဲသွားခြင်း ကို ဆိုလိုသည်။ ခေတ်ကာလအလိုက် တစ်နေရာမှ တစ်နေရာယဉ်ကျေးမှုကူး ယှက်သည့်သဘောရှိသည့် ယနေ့ခေတ် သမယတွင် မြန်မာနိုင်ငံတွင်လည်း ပိုင်ရီဒင်းအရွေ့သဘောအရ ရှေးယခင်က ခေတ်မစားခဲ့သော ခရစ်နှစ်သစ်ကူး အထိမ်းအမှတ်များကို မြို့ပြတွင်သာမက တောနယ်ကျေးလက်ဒေသများတွင်ပါ ခေတ်စားလာခဲ့ပေသည်။ ယင်းသို့ပျော် ရွှင်စရာကောင်းသော မင်္ဂလာရှိသည့် အချိန်မျိုးတွင် လူငယ်များအနေဖြင့် ဝိုင်းဖွဲ့ကာ သောက်စားမူးယစ်ခြင်း ခိုက် ရန်ဒေါသဖြစ်ခြင်းနှင့် သူတစ်ပါး၏ ပစ္စည်းဥစ္စာများကို ဖျက်လိုဖျက်ဆီးပြုလုပ် ခြင်းတို့အား ဗုဒ္ဓဘာသာမြန်မာပီပီ ရှောင် ကြဉ်သင့်ကြောင်း ရေးသားလိုက်ရ ပါသည်။

 

References
(1) Brunner , Borgna A History of the New Year. Infoplease.com.
(2) Andrews, Evan (31 Dec 2012) . 5 Ancient New Years Celebrations. History New Retrieved 31 Jan 2014.