မြင်းမိုရ် ပုဂ္ဂလိကပညာသင် ကျောင်းတွင် ခဲဆိပ်သင့်ရောဂါ အကြောင်း ဟောပြော

0
418

မြိတ်မြို့နယ် မြိတ်တက္ကသိုလ် အနီးရှိ မြင်းမိုရ်ပုဂ္ဂလိက ပညာသင် ကျောင်းတွင်ဒီဇင်ဘာလ၂၃ ရက်နေ့ က ခဲဆိပ်သင့်ရောဂါအကြောင်းကို မြိတ် ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်တစ်ဦးက ဟောပြောခဲ့သည်။

ခဲလုပ်ငန်းမှ ဝန်ထမ်းများ၊ အလုပ်သမားများ၊ ဘတ်တ္ထရီအိုး လုပ်ငန်းများ၊ ဘတ်တ္ထရီအိုးဟောင်း ဝယ်ယူပြီး အိုးသစ်ထုတ်လုပ်နေ သူများ၊ ခဲဂဟေဆက် လုပ်ငန်းများ၊ ခဲကျိုချက်လုပ်ငန်းများ၊ ပန်းတိမ် လုပ် ငန်းများတို့နှင့် ယင်းလုပ်ငန်းများ၏ အနီးအနားနေသူတို့တွင် ခဲဆိပ်သင့် အန္တရာယ်များရှိနေသဖြင့် သတိထားဖို့လိုအပ်ကြောင်း ကလေး အထူးကု ဆရာဝန်က ပြောသည်။
“ခဲဆိပ်ကို ထိတွေ့မှု အများဆုံးဖြစ်တဲ့ နှစ်နှစ်အောက် ခလေး ငယ်တွေက ခဲဆိပ်သင့်ရောဂါ ပိုဖြစ်တတ် ပါတယ်”ဟု အထက်ပါ ကလေးအထူးကု ဆရာဝန်က ပြောသည်။

ငါးဖမ်းပိုက်များတွင် ခဲသီးလုံးများ ပါရှိနေသည့်အတွက် နေအိမ် အတွင်း ငါးဖမ်းပိုက်များကို ကလေးများနှင့် ဝေးသောနေရာတို့တွင် ထား ပေးရမည် ဟု ဆရာဝန်က ပြောပြသည်။

” ခဲဆိပ်သင့်ရောဂါကို ကြားဖူးပေမယ့် ဘာကြောင့် ဖြစ်ရလဲ ဆိုတာ အခုမှ သိလိုက်ရတယ်” ဟု ဟောပြောပွဲ တက်ရောက်လာသည့် နှစ်တန်း ကျောင်းသူတစ်ဦး၏ မိခင်ကပြောသည်။

မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့ နယ် ယမုံကျေးရွာတွင် ခဲတူးဖော် ရေး လုပ်ငန်းများလုပ်ကိုင်နေကြပြီး မြို့ပေါ်ရပ်ကွက်တစ်ချို့တွင် ခဲကျို ချက်လုပ်ငန်း များကို လုပ်ကိုင်မှုများရှိကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ခဲဆိပ် သင့်အန္တရာယ်အပြင် ကလေးများ တွင် အဖြစ်များသည့် သွေးလွန်တုပ် ကွေး ရောဂါအကြောင်း ကိုလည်း ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့် မိဘများတက် ရောက်ခဲ့ကြောင်း သိရသည်။