မြို့ခံများ ကန့်ကွက်နေသည့် မော်လမြိုင် သစ်ပုံဆိပ်စီမံကိန်း ဆက်လုပ်ရန် လွှတ်တော်ဆုံးဖြတ်

0
549

မော်လမြိုင်မြို့ မန္တလေးရပ်ကွက်ရှိ သစ်ပုံဆိပ်မြေနေရာတွင် အကောင် အထည်ဖော်မည့် တန်ဖိုးသင့် အိမ်ယာ စီမံကိန်းအားမြို့ခံများ ကန့်ကွက် လျက်ရှိ နေသော်လည်း ယင်းစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် မွန်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်လိုက်သည်။

ဒီဇင်ဘာ ၂၄ ရက်က ဆက်လက် ကျင်းပခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် သစ်ပုံဆိပ် အိမ်ယာ စီမံကိန်းနှင့်ပတ်သက်ပြီး ချောင်းဆုံ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက မြို့ခံများ ကန့်ကွက်နေ သည့် အဆိုပါစီမံကိန်းအား ပြန်လည်စိစစ်ရန် ယာယီဆိုင်းငံ့ ထား သင့်ကြောင်း တင်ပြမှုအပေါ် အပြန် အလှန် ဆွေးနွေးကြရာ နောက်ဆုံးတွင် အများဆန္ဒဖြင့် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့သည်။

“လူထုလည်း အမျိုးမျိုး အဖုံဖုံ ပြောနေကြတဲ့အချိန်မှာ ခဏလေးဆိုင်း ငံ့ပြီးတော့ ပြန်လေ့လာပါ။ ပြန်သုံး သပ်ပါ။ လူထုရဲ့ ဆန္ဒကို ပြန်ရယူပါ။ အစီအစဉ်တွေ ပြန်ဆွဲပြီးတော့မှ လုပ် သင့်တယ်ဆို လုပ်ပါ” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ၎င်း ၏ ရပ်တည်ချက်ကို ပြောသည်။
သစ်ပုံဆိပ်မြေဧရိယာသည် ၁၇ ဒသမ ၇ ဧကရှိပြီး ၎င်းအနက်မှ စည်ပင် သာယာရေးအဖွဲ့ပိုင် မြေဧရိယာ ၉ ဧကကို တန်ဖိုးသင့် အိမ်ယာစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်သော စီမံကိန်းများ ဆောင် ရွက်မှုအခြေအနေကို ဒီဇင်ဘာ ၁၀ ရက် နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်မှ အတည်ပြုပေးနိုင်ရန် အစီရင်ခံ တင်သွင်း ခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်း မြင့်ကလည်း သစ်ပုံဆိပ်မြေနေရာသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲပိုင် ခွင့်ရှိသော စည်ပင်သာယာရေးအဖွဲ့ပိုင် မြေဧရိယာဖြစ်ကြောင်း လုပ်ပိုင်ခွင့် အတိုင်း ဆက်လက်အကောင် အထည် ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း လွှတ်တော်အနေဖြင့် မှတ်တမ်းတင်ပေး ရန် တင်ပြဆွေးနွေးခဲ့သည်။

သစ်ပုံဆိပ်စီမံကိန်းသည် ပွင့်လင်း မြင်သာမှုမရှိဘဲ အကျိုးအမြတ်ရရှိရေး အတွက် အစိုးရနှင့် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီ တို့ ပူးပေါင်းလုပ်ဆောင်သည့် စီမံကိန်း သာဖြစ်သည်ဟုဆိုပြီး မြို့ခံတို့က ကန့် ကွက်လျက်ရှိကာ ဒီဇင်ဘာ ၂၃ ရက် နေ့ကလည်း လွှတ်တော်သို့ သွားရောက် တင်ပြမှုရှိခဲ့ကြောင်း သိရသည်။
“အစိုးရက ဘာလုပ်ငန်းဘဲ လုပ် လုပ် ပွင့်လင်းမြင်သာစွာနဲ့ လူထုကို ချပြ တယ်ဆိုတာ မရှိသလောက်ပါဘဲ၊ ချပြဖို့ မပြောနဲ့ လူထုသိသွားမှာကိုတောင် စိုး ရိမ်နေကြတယ်၊ ဒါကတခု နောက်တခုက စီမံကိန်းကို ဘာလို့ အလောတကြီး ဆောင်ရွက်ရ တာလဲပေါ့၊ သက်တမ်း မကုန်ခင် အကုန်အပြီး လုပ်သွားကြမယ့် သဘောလား ဒါမေးစရာဖြစ်တယ်” ဟု မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

စီမံကိန်းကို မွန်ပြည်နယ်တွင် လုပ် ပိုင်ခွင့်အများစုရရှိထားသည့်U.H.M Development Co.,Ltd နှင့် စည်ပင် သာယာရေး ကော်မတီတို့ ပူးပေါင်း လုပ်ဆောင်မည်ဟု တင်ပြခဲ့သော်လည်း ကန့်ကွက်မှု ထွက်ပေါ်လာပြီးနောက်တွင် စီမံကိန်းကိုကုမ္ပဏီနှင့်အတူ မလုပ်ဆောင် ဘဲ စည်ပင်သာယာရေးကော်မတီကသာ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဟုလည်း လွှတ်တော် ဆွေးနွေးမှုအရ သိရသည်။
လက်ရှိအနေအထားအရ မွန်ပြည် နယ်အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့ လက် ကျန် သက်တမ်းမကုန်ခင် အချိန်တို ကာလအတွင်း၌ ဆောက်လုပ်ရေး စီမံကိန်း များ အရင်စလို အကောင်အထည်ဖော် နေသည့်ကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်မှု တွေလည်း ရှိနေသည်။