မိုင်းလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာရသည့်အကြောင်းကို ပြဇာတ်ကမည်

0
389

မိုင်းလုပ်ငန်းများကြောင့် ချောင်း ရေနောက်က သဘာဝပတ်ဝန်းကျင်ပျက် စီးလာရသည့်အကြောင်းနှင့် ဒေသခံများ ခံစားနေရသည့် လက်တွေ့ဘ၀ကို ပြ ဇာတ်ကပြမည်ဖြစ်ကြောင်း ပြဇာတ် ကရန် စီစဉ်ရာတွင် ပါဝင်သူတစ်ဦးထံမှ သိရသည်။

မိုင်းလုပ်ငန်းများကြောင့် ပေါက် တိုင်းချောင်းတစ်လျှောက် ပျက်စီးကာ ဒေသခံများ ကြုံတွေ့နေရသည့် အခက် အခဲများနှင့် သဘာဝပတ်ဝန်းကျင် ပျက် စီးနေရသည့် အကြောင်းကို ဒီဇင်ဘာလ ၃၁ ရက် ည နှစ်သစ်ကူးညတွင် ၀ကုန်း ကျေးရွာ၌ ပြဇာတ်အဖြစ် ကပြမည်ဖြစ် ကြောင်း အထက်ပါစီစဉ်သူက ပြောသည်။

“ပြဇာတ်ထဲမှာ ဟိုးအရင်က အေး အေးချမ်းချမ်း နေထိုင်စားသောက် နေ ကြတဲ့ ဒေသခံတွေရဲ့ဘ၀ ဟာ မိုင်းလုပ် ငန်းတွေ ဝင်လာပြီးနောက်ပိုင်းမှာ အခက် အခဲတွေ ဖြစ်လာတဲ့ အကြောင်းရယ်။ ဒီမိုင်းလုပ်ငန်းတွေကို မရှိတော့အောင် ကြိုးစားရင် နောက်ဆုံးမှာ မိုင်းလုပ်ငန်း တွေမရှိတော့တဲ့ အေးချမ်းတဲ့ ဘ၀လေး တွေနဲ့ အဆုံးသတ်ထားတယ်။ လက်တွေ့ မှာကတော့ မပြီးသေးဘူးပေါ့လေ” ဟု ၎င်းက ဆိုသည်။
ဒေသခံများအကြား နားလည်မှုလွှဲ မှားနေသည့်ကိစ္စများနှင့် အမြင်မရှင်း သည့်ဖြစ်ရပ်များကို ပြဇာတ်အတွင်း ပုံဖော်ရှင်းလင်း သွားခြင်းဖြင့် ဒေသခံ အချင်းချင်းနားလည်မှု ပိုမိုရရှိစေနိုင် မည်ဟု ယင်းစီစဉ်သူက ဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ပိုင်းတွင် ၀ကုန်းကျေးရွာတွင် အားက စားပွဲများကို ပြုလုပ်မည်ဖြစ်ပြီး ညဘက် တွင် နှစ်သစ်ကူးကို ကြိုဆိုရန် စောင့် ဆိုင်းရင်း ယင်းပြဇာတ်ကို ကပြသွား မည်ဖြစ်ကာ ပေါက်တိုင်းချောင်းဖျား တစ်လျှောက်ရှိ ဒေသခံများ ပါဝင် ပူးပေါင်း ကြမည်ဖြစ်ကြောင်း သိရသည်။