မယ်ဒီလန်းဆေးရုံတွင် အသားရောင်အသားဝါ ဘီပိုးကာကွယ်ဆေး လူငါးရာ အခမဲ့ထိုးပေးမည်

0
493

ထားဝယ်မြို့ရှိ မယ်ဒီလန်း ဆေးရုံ ကြီးတွင် အသားရောင်အသားဝါဘီပိုးကာ ကွယ်ဆေးကို ဒေသခံပြည်သူ ငါးရာ အား အခမဲ့ထိုးပေးမည်ဖြစ်ကြောင်း ယင်း ဆေးရုံကြီးထံမှ သိရသည်။

ထားဝယ်မြို့ခံ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုတစ်ခု အနေ ဖြင့် ရန်ကုန်မြို့ရှိ အသည်းဖောင်ဒေးရှင်း နှင့် ပူးပေါင်းကာ အသည်းရောင် အသား ဝါ ဘီပိုးရှိမရှိ စစ်ဆေးခြင်းနှင့် ကာကွယ် ဆေးထိုးပေးခြင်းတို့ကို ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၆ ရက်အထိ အခမဲ့ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း Mediland ဆေးရုံ တာဝန်ရှိသူထံမှ သိရသည်။

“ထားဝယ်က ပြည်သူတွေ B ပိုး အကြောင်း သိပြီးဘယ်လို ကာကွယ်ရ မလဲဆိုတာကို သိရှိစေဖို့နဲ့ ကာကွယ် ဆေးတွေ ထိုးပေးနိုင် ဖို့ပါ။ ဆေးရုံကြီးရဲ့ CSR(စီးပွားရေးလုပ်ငန်းများ၏ လူမှု ရေးဆိုင်ရာတာဝန်ယူမှု) အနေနဲ့ လုပ် ပေးတာလည်း ဖြစ်ပါတယ်” ဟု ဆေးရုံ ကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လူငါးရာကို ကာကွယ်ဆေးထိုး ပေးရန် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ လက်ကမ်းစာစောင်များဖြန့်ဝေ၍ ကြော် ငြာခဲ့ရာ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ B ပိုးစစ်ဆေးရန်နှင့် ကာကွယ်ဆေး ထိုးရန် စာရင်းပေးသွင်းထားသူဦးရေ ၅၅၀ ဝန်းကျင်အထိ ရှိနေပြီဖြစ်ကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။
အသားရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးမည့် အစီအစဉ် အပါ အဝင် အခြား ကျန်းမာရေးပညာပေး ဟောပြောပွဲများနှင့် အခြား အစီအစဉ် များကို နောက်ပိုင်းတွင် ဆက်လက်ပြု လုပ်သွားရန် အစီအစဉ်ရှိသည်ဟု Mediland ဆေးရုံကြီးထံမှ သိရသည်။