တရားခံဖမ်းချိန်တွင် လူ့အခွင့် အရေးချိုးဖောက်မှုမဖြစ်ဘဲ ဖမ်းရန်လိုဟု ရဲမှူးကြီးပြော

0
408

ရဲတပ်ဖွဲ့ဝင်များက တရားခံကို ဖမ်း ဆီးထိန်းသိမ်းရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှု မရှိအောင် ဖမ်းဆီးရန် အရေး ကြီးသည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောသည်။

ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ ရဲဇာနည်ခန်းမ၌ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြုလုပ် သော လူစုလူဝေး အား စနစ်တကျ ထိန်းသိမ်းနည်း (ဆင့် ပွား) သင်တန်းနှင့် ဖမ်းဆီးနည်း (နည်းပြ -ဆင့်ပွား) သင်တန်းဆင်းပွဲ၌ သင်တန်း ဆင်းရဲတပ်ဖွဲ့ဝင်များကို ရဲမှူး ကြီးက သင်တန်းဆင်း အမှာစကား ပြောဆိုရာ၌ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

” လူ့အခွင့်အရေး စံနှုန်းနဲ့အညီ သက်ဆိုင်ရာ ဥပဒေအောက်မှာ ဖြေရှင်း မယ်ဆိုရင် ပြည်သူက လက်မခံနိုင်စရာ အကြောင်း မရှိပါဘူး” ဟု ရဲမှူး ကြီးကြည် လင်းက ဆိုသည်။

ဒီမိုကရေစီစံနှုန်းဖြင့် သွားမည့် ရဲလုပ်ငန်းစနစ်တွင် ရဲတပ်ဖွဲ့များ ကိုယ် တိုင်အရည်အသွေးရှိဖို့ လိုအပ်ပြီး ပြည် သူကလည်း ဒီမိုကရေစီစံနှုန်းဖြင့် သွား မည်ဖြစ်သည့်အတွက် အခြေအနေ တစ်ရပ်ရပ်တွင်ဖမ်းဆီးလိုက်ပါက ဖမ်း ခွင့်ရှိမရှိကို မဖြေရှင်းနိုင်လျှင် ပြည်သူက မတရားချုပ်နှောင်မှုဖြင့် တိုင်ကြားသည် ကို ခံရမည်ဟု ရဲမှူးကြီးက ပြောသည်။