ပေ ၃၀ နီးပါးရှိ ငါးကြီးတစ်ကောင် ဖမ်းမိ

0
420

ထားဝယ်ပင်လယ် ကျွန်းတန်းများ အနောက်ဘက် ပင်လယ်ပြင်တစ်နေရာ တွင် ဒရွတ်ဆွဲ ငါးဖမ်းလှေ(ဝါလတ်)မှ ပေ ၃၀ နီးပါးရှိ ငါးမန်းနွယ်ဝင် ငါးကြီး တစ်ကောင် ဖမ်းမိခဲ့သဖြင့် ကမ်းခြေတွင် လာရောက် ရောင်းချခဲ့ကြောင်း ငါးဝယ် ခဲ့သူနှင့် ဒေသခံများထံမှ သိရသည်။

ယင်းငါးကြီးအား ငါးဝယ်လှေ တစ်စီးမှဈေးဖြတ်ဝယ်ယူကာ သယ်ဆောင် လာခဲ့ပြီး ကမ်းမှ တဆင့်ခံငါးဝယ်သူထံ ချိတ်ဆက်ပြန်လည်ရောင်းချကာ ဒီဇင် ဘာလ ၁၆ ရက် ညနေတွင် ထားဝယ် ခရိုင် လောင်းလုံးမြို့နယ် ကျောက်ဆင် ကမ်းခြေ၌ ဆိုက်ကပ်ချထားပေးခဲ့ခြင်းဖြစ်ကြောင်း ငါးဝယ်ယူခဲ့သူက ပြော သည်။
“ငါးအရှည် ၄ လံခွဲ လောက်ရှိ တယ်၊ ၈ သိန်းနဲ့ဝယ်ခဲ့တာ”ဟု ငါးဝယ်ခဲ့သည့် အမျိုးသမီးက ဆိုသည်။
large_fisg_mgmagan
အကွက်အပြောက်များနှင့် ဆူးတောင် ပံများပါရှိသော ယင်းငါးကြီးအား ကမ်းခြေတွင်ပင် ခုတ်ထစ်လှီးဖြတ်ကာ ထော်လာဂျီများဖြင့် သယ်ဆောင် သွားခဲ့ ကြောင်း သွားရောက်ကြည့် ရှုကြသည့် ကျောက်ဆင်ရွာသားများက ပြောကြ သည်။

“ဝါဇီဗြွတ်လို့ ခေါ်တယ်ဗျ၊ ရေနက် ပိုင်းမှာပဲ တွေ့ရလေ့ရှိတယ်၊ ပိုက်မှာမိ ရင်တောင် သနားလို့ လွှတ်ပစ်လိုက် တာပဲ” ဟု ဒေသခံ ဝါရင့်ရေလုပ်သားကြီး တစ်ဦးက ဆိုသည်။
ယင်းအရွယ်နှင့် ယင်းထက်ကြီး သော ဝါဇီဗြွတ်ခေါ် ငါးများသည် ပင်လယ် ပြင်တွင် လှေနှင့်ယှဉ်ပြေးကာ ရေမြူးနေ တတ်ပြီး လူကို ဒုက္ခမပေးတတ်ခြင်း၊ အကောင်ကြီးလွန်းသဖြင့် ဖမ်းဆီးရ ခက်ခြင်း၊ အခြောက်လှန်းရ ကြာလွန်း ခြင်း တို့ကြောင့် ထားဝယ်မှ တစ်နိုင် တစ်ပိုင် ရေလုပ်သား အတော် များများက လက်ရှောင်ကြကြောင်း သိရသည်။