ကျောက်မီးသွေးမိုင်း တူးဖော်ရန် လျာထားသည့် သာရဘွင်တွင် ဆုတောင်းပွဲ ပြုလုပ

0
415

ကျောက်မီးသွေးတူးဖော်ရန် လျာထားခံထားရသည့် တနင်္သာရီမြို့ နယ် သာရဘွင်ကျေးရွာအုပ်စု အရှေ့ဘက် ကမ်းရှိ လက်ကျအင်း တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ဆုတောင်းပွဲတစ်ခုကို ပြု လုပ်ခဲ့ကြောင်း ယင်းဆုတောင်းပွဲကို တက်ရောက်သူများက ပြောသည်။

ကျောက်မီးသွေးတူးဖော်မည့် ကုမ္ပဏီများက သာရဘွင်ကျေးရွာ အုပ်စု အတွင်း အမှတ်အသားများ ပြုလုပ် လျက်ရှိပြီး ကျောက်မီးသွေးမိုင်း တူးဖော် လျှင်ထိခိုက်လာမည်ကို စိုးရိမ်ခြင်း ကြောင့် လက်ကျအင်းတွင် အထက်ပါ ဆုတောင်းပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
csld_playing
ကျောက်မီးသွေးလုပ်ငန်းကို ကုမ္ပဏီ ၆ခုက ပူးပေါင်းလုပ်ဆောင်မည်ဟု သိ ထားရကြောင်းKNUမှ သာရဘွင်နယ်မြေ တာဝန်ခံ စောအဲလဘွယ်က ပြောဆို သည်။
” သဘာဝ သယံဇာတအရင်း အမြစ် တွေ အမြန်ဆုံးကုန်ခမ်းတော့မယ်ဆိုရင် စီးပွားရေးထိခိုက်မယ်၊ လူမှုဘ၀တွေ ထိခိုက်မယ်၊ ဒါကြောင့်မို့လို့ အဲဒါ (ဆုတောင်းပွဲ)ကို လုပ်ဆောင်တာပါ” ဟု စောအဲလဘွယ်က ဆိုသည်။

ယင်းဆုတောင်းပွဲကို ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ နှင့်ဒေသခံများ စုစု ပေါင်း ၅၀၀ကျော် တက်ရောက်ခဲ့သည်ဟု လူထုအခြေပြုရေရှည်တည်တံ့ ခိုင်မြဲ ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ(CSLD) ထံမှ သိရသည်။

ယင်းဆုတောင်းပွဲသို့ တနင်္သာရီမြစ် မကြီးနှင့် ဌာနေ တိုင်းရင်းသားကွန်ရက်၊ TRIP NET ၊ လူထုအခြေပြု ရေရှည် တည်တံ့ခိုင်မြဲ ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ(CSLD)၊ ခိုင်မြဲ သစ္စာသဘာဝ ပတ်ဝန်းကျင်ရေရှည် တည်တံ့ခိုင်မြဲရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ တောင်ပိုင်း လူငယ်များအဖွဲ့၊ တနင်္သာရီမြစ်ရေ အရင်းအမြစ် ထိန်းသိမ်းရေး ကော်မတီ စသည့် အဖွဲ့များကတက်ရောက်ခဲ့သည် ဟု သိရသည်။