သဲ/ကျောက် တင်ကားဖြင့် တိုက်မိပြီး အလုပ်သမားတစ်ဦး သေဆုံး

0
469

မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးကမ်းရပ်ကွက်ရှိ သဲ/ ကျောက်တင်လုပ်ငန်းခွင်အတွင်း လုပ်ငန်းသုံးကား နောက်ဆုတ်စဉ် ယာဉ်မတော်တဆ တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၂ ရက်တွင် အင်းလေးကမ်းရပ်ကွက်ရှိ “အောင် ” သဲ/ကျောက် ရောင်းဝယ်ရေး လုပ်ငန်းခွင်တွင် သဲများ ကားပေါ်တွင် တင်ဆောင်၍ ကားနောက်ဆုတ်စဉ် မတော်တဆ တိုက်မိ၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မြိတ်မြို့ နယ်ရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ ယာဉ်နောက်လိုက် တစ်ဦးဖြစ်ပြီး ကားစက်နိုးသံကြား၍ ထရပ် လိုက်စဉ် ကား၏ဝဲဖက် နောက်ပိုင်းဖြင့် ဦးခေါင်းကို တိုက်မိသည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သဖြင့် ယာဉ်မောင်းသူကို မြိတ်မြို့မရဲစခန်းမှ ယာဉ် (ပ) ၅၅^၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြို့နယ်ရဲတပ်ဖွဲမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။