ခေါဇာမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ လက်နက်ခဲယမ်းများ ဖမ်းမိ

0
501

ရေးမြို့နယ်၊ ခေါဇာမြို့၊ မြို့မ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်သို့ တပ်မ တော် စစ်ကြောင်းများက သတင်းအရ ဝင်ရောက်ရှာဖွေရာ လက်နက်နှင့် ခဲယမ်း များ ဖမ်းဆီးရမိခဲ့ကြောင်း ရေးမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နယ်မြေခံ စကခ(၁၉)၊ ခလရ(၃၁)တို့အနေဖြင့် သတင်းအရ အဆိုပါမြို့မ (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး အိမ်သို့ ဒီဇင်ဘာလ ၁၅ ရက်က ဝင်ရောက် ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က ပြောသည်။
“ခြောက်လုံးပြူးတစ်လက်နဲ့ ကျည် ၁၉ တောင့် မိပါတယ်။ အမာခံ သတင်း ပေးတွေရဲ့ သတင်းပေးမှုနဲ့ ဆက်စပ် သတင်းတွေအရ အခုလို ဝင်ရောက်ရှာ ဖွေရာက တွေ့ရှိခဲ့ရခြင်းပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူးအား ရေးမြို့နယ်ရဲစခန်းတွင် ဖမ်းဆီး ထိန်း သိမ်းစစ်ဆေးနေပြီး ခေါဇာရဲစခန်း က ပြစ်မှုပုဒ်မ၊ (ပ) ၂၈^၂၀၁၅၊ လက်နက် ခဲယမ်းဥပဒေ ၁၉ (စ) ဖြင့် အမှုဖွင့် ထားကြောင်း ရဲမှူးမြင့်သော်က ပြော သည်။
ခေါဇာမြို့သည် ရေးမြို့နယ် တောင်ပိုင်း မိုင် ၂၀ ခန့်အကွာတွင်တည် ရှိသော မြို့တစ်မြို့ဖြစ်ပြီး မွန်ချမ်း အမည်ရသည့် တောတွင်း လက်နက်ကိုင် အဖွဲ့မှ ကျက်စားရာဒေသတစ်ခုဖြစ်ကာ အခါအားလျော်စွာ ပြန်ပေးဆွဲ၊ ဆက် ကြေးကောက်လေ့ရှိသည်ဟု ဒေသခံများ က ပြောသည်။