ထားဝယ်တွင် ဒီဗွီဘီ ဒီဘိတ် ပြုလုပ်မည်

0
472

ထားဝယ်မြို့တွင် ဒီဇင်ဘာလ ၂၆ ရက်တွင် DVB ရုပ်သံ သတင်းဌာနမှ “မြေယာ သိမ်းဆည်းမှုများရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက ဘာတွေလဲ ” ဟူသည့်ခေါင်းစဉ်ဖြင့် Debate (စကားစစ်ထိုးပွဲ) ပြုလုပ်သွားမည်ဟု ယင်း သတင်း ဌာန ဖိတ်စာအရ သိရသည်။

အဆိုပါဆွေးနွေးပွဲအား ထားဝယ် မြို့ မြောက်ရွာရပ်ကွက်ရှိ ဇေယျာထက်စံ ဟိုတယ်၌ ဒီဇင်ဘာလ ၂၆ နံနက် ၁၀နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပပြု လုပ်သွား မည်ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ကြောင်း ယင်းဖိတ် စာတွင် ဖော်ပြပါ ရှိသည်။