ခရီးသည် ၁၂ ဦးစီး ယာဉ်လိုင်းများ ယမန်နှစ်ထက် နှစ်ဆ တိုးလာ

0
705

မြိတ်မြို့နယ်မှ အခြားမြို့များသို့ ပြေးဆွဲနေသည့် ခရီးသည် ၁၂ ဦးစီး ယာဉ်လိုင်းအရေအတွက်သည် ယမန် နှစ်ထက် နှစ်ဆ တိုးလာသည်ဟု မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲ ရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယာဉ်လိုင်းတစ်ခုတွင် ကားအစီးရေ အနည်းဆုံး ၅ စီးမှ အများဆုံး ၂၀စီး ရှိကြပြီး ၂၀ စီးရှိကြသည့် ယာဉ်လိုင်း များမှ ယာဉ်လိုင်း နာမည်အသစ်တစ်ခုဖြင့် ခွဲထွက်ကြသည့်အတွက် ယာဉ်လိုင်း အရေအတွက်သာ တိုးလာပြီး ကားအစီး ရေမတိုးဟု ပုဂ္ဂလိကယာဉ်များ ပြေးဆွဲ ရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။
10_bus_dawei
” ယာဉ်လိုင်းတွေ တိုးလာတယ် ဆိုပေမယ့် ကားအစီးရေတွေက တိုးလာ တာမျိုးမရှိပါဘူး” ဟု အထက်ပါ တာဝန် ရှိသူက ပြောသည်။
ပြီးခဲ့တဲ့နှစ်က ယာဉ်လိုင်း ၈ လိုင်း ရှိပြီး ယခုနှစ်တွင် ယာဉ်လိုင်း ၈ လိုင်း ထပ်တိုးလာသဖြင့် စုစုပေါင်း ၁၆ လိုင်း ရှိကာ ထပ်လျှောက်ထားသည့်ယာဉ် လိုင်း အချို့လည်း ရှိနေကြောင်း ယင်း ကော်မတီမှ သိရသည်။

ယင်းလိုင်းများ ထပ်တိုးလာ နေသည်နှင့်အမျှ ယာဉ်လိုင်းအချင်းချင်း အပြိုင်အဆိုင် ပြေးဆွဲမှုများ ရှိလာနေ ကြောင်း ယာဉ်အသိုင်းအဝိုင်းမှ သိရ သည်။
အဆိုပါ ယာဉ်လိုင်း ၁၆ လမ်းတွင် မြိတ်အခြေစိုက် ယာဉ်၉ လိုင်းရှိကာ ကျန်ယာဉ်လိုင်းများမှ အခြားမြို့များမှ ဖြစ်ကြပြီး စုစုပေါင်း ယာဉ် ၁၂၀ စီး ဝန်းကျင်ခန့်ရှိကြောင်း ပုဂ္ဂလိကယာဉ် များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ယင်းယာဉ်လိုင်းများသည် မြိတ်မှ ပုလော၊ ထားဝယ်၊ မော်လမြိုင်၊ မြိတ်မှ မောတောင်ဒေသနှင့် တနင်္သာရီ၊ ဘုတ် ပြင်း၊ ကော့သောင်းတို့ကို နေ့စဉ်ပြေးဆွဲ ပေးနေကြောင်း ယာဉ်လိုင်းအသိုင်း အဝိုင်းမှ သိရသည်။