မြိတ်တွင် 3D ရုပ်ရှင်ရုံ တစ်ရုံတိုး

0
606

မြိတ်တွင် ပြီးခဲ့သည့် အပတ်က စပြီး ၃ီ ရုပ်ရှင်ရုံတစ်ရုံ ထပ်တိုးလာ ကြောင်း မြိတ်ရုပ်ရှင်ရုံအသိုင်းအဝိုင်း မှ သိရသည်။

ယခင်က မြိတ်မင်္ဂလာ ရုပ်ရှင်ရုံ တစ်ရုံသာရှိခဲ့ရာမှ ပြီးခဲ့သည့် ဒီဇင် ဘာလ ၈ ရက်က စပြီး ဂုဏ်အဆင့်မြင့် ရုပ်ရှင်ရုံကိုGRAND JADE CENTRAL MART ဈေးဝယ်စင်တာ တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ဂုဏ် အဆင့်မြင့် ၃ီ ရုပ်ရှင် ရုံတာဝန်ခံထံမှ သိရသည်။

“လောလောဆယ်တော့ ရုံဖွင့် ခါစ ဆိုတော့ မြန်မာရုပ်ရှင်ကား ကြီး တွေ မပြသနိုင်သေးပါဘူး၊ နောက် ပိုင်းတော့ ပြသသွားမှာပါ လူဦးရေ ၁၀၀ ကျော်နီး ပါးပဲဆန့်ပါတယ်၊ ရုံဝင်ခကတော့ ကျပ် ၁၀၀၀မှ ၂၀၀၀ အထိ သတ်မှတ်တယ်” ဟု ဂုဏ် အဆင့်မြင့် ၃ီ ရုပ်ရှင်ရုံ တာဝန် ခံက ပြောသည်။
ပြီးခဲ့သည့် ၁ နှစ်ကျော်က ဖွင့်လှစ် ခဲ့သည့် မြိတ်မင်္ဂလာ ရုပ်ရှင်ရုံသည် ရုပ်ရှင်ကားကြီးများပြသည့် အခါ လူမ ဆန့်သည့် အခက်အခဲများ ကြုံရသည့် အပြင် ကားပါကင်နှင့် ဆိုင်ကယ်ထားရန် အခက်အခဲရှိသောကြောင့် လူဦးရေ ၂၀၀ကျော်နီးပါး ဆန့်သည့် ရုပ်ရှင်ရုံကြီး တစ်ရုံကို နိုင်ငံတကာအဆင့်မီ ကလေး ကစား ကွင်းနှင့် အပန်းဖြေကစားကွင်းတွင် တည်ဆောက်နေပြီဖြစ်ကြောင်း ကစား ကွင်းတာဝန်ခံ ဦးအောင်ဝင်းက ပြော သည်။

မြိတ်မင်္ဂလာ ရုပ်ရှင်ရုံသည် လူနေ ရပ်ကွက်အတွင်း တည်ရှိ၍ အများပြည်သူ အနှောင့်အယှက်ဖြစ်သောကြောင့် ပြောင်း ရွှေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရုပ်ရှင်ရုံ တာဝန်ခံ ဦးအောင်မြင့်ဦးက ပြောသည်။