နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အရေးပြားရောဂါ ကော့သောင်းဆေးရုံတွင်အခမဲ့ကုပေးမည်

0
428

ကော့သောင်းခရိုင် ပြည်သူ့ဆေး ရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် အရေပြားရောဂါဝေဒနာများကို ဇန်နဝါရီ လအတွင်း အခမဲ့ခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း ပြည်သူ့ဆေးရုံကြီးမှ ထုတ်ပြန်ထားသည်။

မြန်မာစားဖိုမှူးများအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ အလှူ ရှင်များ ကုသိုလ်ပြုဆောင်ရွက်ခြင်း ဖြစ် ပြီး ဇန်နဝါရီလ၈ရက်နေ့နှင့် ၁၅ ရက် နေ့တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းအတွင်းရပ်ဝေးမှလာရောက်ကုသမည့်လူနာများနှင့် လူနာစောင့်တစ် ဦးတို့ကို ကားလက်မှတ်အပြင် နေထိုင် စားသောက်မှု အခမဲ့ကူညီဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်း ခွဲစိတ်ကုသပေးသည့်အစီ အစဉ်ကို ကော့သောင်းမြို့အပါအဝင် ဘုတ်ပြင်း၊ ထားဝယ်၊ မြိတ်၊ ပုလော၊ ပလောက်၊ တနင်္သာရီ၊ရနောင်းမြို့များ တွင်လည်း ကုသဆောင်ရွက်ပေးမည် ဖြစ်သည်။